< ထွက်မြောက်ရာ 37 >

1 တဖန် ဗေဇလေလ သည်၊ အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ၊ စောက် တတောင် ထွာ ရှိသောသေတ္တာ ကို အကာရှ သား နှင့်လုပ် ၍ ၊
တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။
2 သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့်မွမ်းမံ လေ၏။ သေတ္တာပေါ်နားပတ်လည် ၌ကွပ် သောရွှေ တန်ဆာကိုလည်း လုပ် လေ၏။
3 ရွှေ လေး ကွင်း ကို သွန်း ၍၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီတပ်လေ၏။
ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။
4 အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ ၊
အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
5 သေတ္တာ ထမ်း စရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထား လေ၏။
သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။
6 အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ ရှိသောသေတ္တာအဖုံး ကိုလည်း ၊ ရွှေ စင် နှင့်လုပ် လေ၏။
အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။
7 ရွှေ ခေရုဗိမ် နှစ် ပါးကိုလည်း ၊ သေတ္တာအဖုံး တွင် အလျားတဘက်တချက် ၌ ထု လုပ် လေ၏။
ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်လေ၏။
8 ထိုသို့ ခေရုဗိမ် နှစ် ပါးကို၊ သေတ္တာဖုံး ကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ် ပြီးလျှင် ၊
ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊
9 ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်း ဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး လျက် ရှိ ၏။
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။
10 ၁၀ အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တတောင် ထွာ ရှိသော စားပွဲ ကိုလည်း ၊ အကာရှ သား နှင့် လုပ် ၍ ၊
၁၀အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊
11 ၁၁ ရွှေ စင် နှင့် မွမ်းမံ လေ၏။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
၁၁ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊
12 ၁၂ အနံ တလက်ဝါး ရှိသောခါးပန်း ကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ် သော ရွှေ တန်ဆာကို၎င်း လုပ် လေ၏။
၁၂အနံတလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။
13 ၁၃ ရွှေ လေး ကွင်း ကိုလည်း သွန်း ၍ ခြေထောက် လေး ခုအထက်၊ စားပွဲလေး ထောင့် ၌ တပ် လေ၏။
၁၃ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။
14 ၁၄ ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ၏။
၁၄ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်၏။
15 ၁၅ စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့် မွမ်းမံ လေ၏။
၁၅စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။
16 ၁၆ စားပွဲ တန်ဆာ တည်းဟူသောလင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာ ဖလား များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
၁၆စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
17 ၁၇ မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ် ၍၊ မီးခုံ တိုင်အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု လေ၏။
၁၇မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။
18 ၁၈ မီးခုံ တိုင် တဘက် တချက် သုံး လက်စီ ထွက် ၍၊ အလက် ခြောက် လက်ရှိ၏။
၁၈မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက်၍၊ အလက်ခြောက်လက်ရှိ၏။
19 ၁၉ မီးခုံ တိုင်ထဲက ထွက် သော အလက် သုံးလက်တွင်၊ တလက်တလက်၌ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက်ရှိ၏။
၁၉မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။
20 ၂၀ မီးခုံ တိုင်၌ လည်း ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက်ရှိ၏။
၂၀မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။
21 ၂၁ မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူးသီး တလုံးစီရှိ၏။
၂၁မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။
22 ၂၂ ဘူး များ၊ အလက် များတို့ကို တကိုယ်တစပ်တည်း ဖြစ် စေ၍ မီးခုံ တကိုယ် လုံးကို ရွှေ စင် နှင့် ထု လုပ်လေ၏။
၂၂ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။
23 ၂၃ မီးခွက် ခုနစ် လုံး၊ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
၂၃မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
24 ၂၄ မီးခုံနှင့် မီးခုံတန်ဆာ ရှိသမျှ တို့ကို ရွှေ စင် အခွက် တဆယ်နှင့် လုပ် သတည်း။
၂၄မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။
25 ၂၅ တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့စရာ ယဇ် ပလ္လင်ကို အကာရှ သားနှင့် လုပ် လေ၏။ ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍အမြင့် နှစ်တောင် ရှိလေ၏။ ဦးချို တို့ကိုလည်း အကာရှ သားဖြင့် ပြီး စေ၏။
၂၅တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။
26 ၂၆ ပလ္လင်ထိပ်၊ နံရံ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍၊ အပေါ် နားပတ်လည် ၌ကွပ် သော ရွှေ တန်ဆာကို လုပ် လေ၏။
၂၆ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။
27 ၂၇ ရွှေတန်ဆာအောက် ပလ္လင်တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကိုလုပ် ၍ ပလ္လင် ထမ်း စာရာ ထမ်းဘိုး နေရာ ဖြစ်၏။
၂၇ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။
28 ၂၈ ထမ်းဘိုး တို့ကို အကာရှ သား နှင့်လုပ် ၍ ရွှေ နှင့်မွမ်းမံ လေ၏။
၂၈ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။
29 ၂၉ ဆေးသမားအတတ် နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်း သော လိမ်း ရန်နံ့သာဆီ ကို ၎င်း၊ နံ့သာ မျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာ ပေါင်းစင် ကို၎င်းလုပ် လေ၏။
၂၉ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။

< ထွက်မြောက်ရာ 37 >