< ဧ​သ​တာ 6 >

1 ထို နေ့ည မှာ ရှင် ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာ ကို ယူ ခဲ့ဟု မိန့် တော်မူ၍ ရှေ့ တော်၌ ဘတ် ရကြ၏။
ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။
2 ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်၊ ဗိဂသန် နှင့် တေရက် အကြံကို မော်ဒကဲ ဘော်ပြ ကြောင်း ကိုတွေ့ လျှင်၊
ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊
3 ရှင် ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲ အား အဘယ် ဆုအဘယ်အရာကို ပေး ပြီနည်းဟုမေး တော်မူသော် ၊ အထံတော်၌ ခစား သော ကျွန် တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေး တော်မ မူပါသေးဟု ပြန် လျှောက် ကြ၏။
ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။
4 ရှင် ဘုရင်ကလည်း ၊ တန်တိုင်း တွင်း၌ အဘယ်သူ ရှိသနည်းဟုမေး တော်မူလျှင်၊ ဟာမန် သည် မိမိလုပ် နှင့် သော လည်ဆွဲ ချတိုင်၌ မော်ဒကဲ ကို လည်ဆွဲ ချရမည် အကြောင်း ၊ နန်းတော် ပြင် တန်တိုင်း တွင်းသို့ ဝင် မိသည် ဖြစ်၍၊
ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊
5 ရှင်ဘုရင် ၏ ကျွန် တို့က၊ ဟာမန် သည် တန်တိုင်း တော်တွင်း၌ ရှိ ပါ၏ဟု လျှောက် ကြသော် ၊ အထဲသို့ ဝင် စေ ဟု မိန့် တော်မူ၏။
ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။
6 ဟာမန် သည်ဝင် လျှင် ရှင် ဘုရင်က၊ ရှင်ဘုရင်ချီးမြှောက် လို သော သူ ၌ အဘယ်သို့ ပြု သင့်သနည်းဟုမေး တော်မူလျှင် ၊ ဟာမန် က ငါ မှတပါး ၊ ရှင်ဘုရင် သာ၍ ချီးမြှောက် လိုသောသူ တစုံ တယောက်ရှိနိုင်သလောဟုစိတ်ထဲမှာ အောက်မေ့ လျက်၊
ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊
7
ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊
8 ရှင်ဘုရင် ချီးမြှောက် ခြင်းငှါအလို တော်ရှိသော သူ အဘို့၊ ရှင်ဘုရင် ဝတ်ဆင် တော်မူသော မင်းမြောက်တန်ဆာ ၊ ရှင်ဘုရင် စီး တော်မူသော မြင်း တော်၊ ဆောင်း တော်မူသောရာဇ သရဖူ ကိုယူ ခဲ့၍၊
ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊
9 ထိုတန်ဆာ တော်နှင့် မြင်း တော်ကို ဘုန်းကြီးသောမှူး တော်မတ်တော်တပါး၌ အပ် ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ ၊ အလို တော်ရှိသော သူ ကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင် စေ၍ ၊ မြင်း တော်ကို စီး စေပြီးလျှင်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည် ဟု သူ့ ရှေ့ မှာ ကြွေးကြော် ပါစေဟု ရှင်ဘုရင် အား ပြန် လျှောက် လေ၏။
ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။
10 ၁၀ ထိုအခါ ရှင် ဘုရင်က၊ သင်ပြော သည်အတိုင်း အလျင် အမြန်သွား၍၊ အဝတ် တန်ဆာနှင့် မြင်း တော်ကို ယူ ပြီးလျှင် ၊ ယုဒ အမျိုးသား၊ နန်းတော်တံခါး မှူးမော်ဒကဲ ၌ ပြု လော့။ သင်ပြော သမျှ တွင် ၊ တစုံ တခုမျှမ လပ် စေနှင့်ဟု ဟာမန် အား မိန့် တော်မူ၏။
၁၀ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
11 ၁၁ ထိုအခါ ဟာမန် သည် အဝတ် တန်ဆာတော်နှင့် မြင်း တော်ကို ယူ ၍ ၊ မော်ဒကဲ ကို ဝတ်ဆင် စေပြီးလျှင် ၊ မြင်းတော်ကိုစီး စေသဖြင့်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည်ဟု သူ့ ရှေ့ မှာ ကြွေးကြော် ၏။
၁၁ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
12 ၁၂ သို့ပြီးမှ ၊ မော်ဒကဲ သည် နန်းတော်တံခါး သို့ ပြန်လာ ၏။ ဟာမန် မူကား ညည်းတွား လျက် ခေါင်း ကို ခြုံ လျက်၊ မိမိ အိမ် သို့ အလျင် အမြန်သွား ပြီးလျှင်၊
၁၂သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊
13 ၁၃ မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။
၁၃မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။
14 ၁၄ ထိုသို့ပြောဆို စဉ် တွင်၊ နန်းတော်မိန်းမစိုး တို့သည် လာ ၍ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် ကို အလျင် အမြန် ခေါ် သွားကြ၏။
၁၄ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။

< ဧ​သ​တာ 6 >