< ဧ​သ​တာ 3 >

1 ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။ 2 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။ 3 နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် တို့က၊ သင် သည် ရှင်ဘုရင် အမိန့် တော်ကို အဘယ်ကြောင့် ငြင်းဆန် သနည်းဟု နေ့တိုင်း မော်ဒကဲ အား မေးမြန်း သတိပေးသော်လည်း၊ 4 မော်ဒကဲက၊ ငါသည် ယုဒ လူဖြစ် သည်ဟု ပြန်ပြော ၍၊ သူ တို့ စကားကို နား မ ထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲ စကား တည်မည် မတည်မည်ကို သိ လို သောငှါ ၊ ဟာမန် အား ကြားပြော ကြ၏။ 5 ထိုသို့ မော်ဒကဲ သည် ဦး မ ချ၊ ရှိ မခိုးဘဲ နေ ကြောင်း ကို ဟာမန် သိမြင် သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊ 6 သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။ 7 ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။ 8 တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။ 9 ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။ 10 ၁၀ ရှင်ဘုရင် ကလည်း ၊ ထိုငွေကို သင့်အားငါပေး၏။ 11 ၁၁ ထိုလူမျိုး ကိုလည်း သင် သည် ပြု ချင်သမျှ ပြု ရသော အခွင့်ရှိစေခြင်းငှါ၊ သင် ၌ငါအပ် သည်ဟု လက်စွပ် တော်ကိုချွတ် ၍ ယုဒ အမျိုး၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် အား ပေး တော်မူ၏။ 12 ၁၂ ထိုအခါ ပဌမ လ တဆယ် သုံး ရက် နေ့တွင် ၊ စာရေး တော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန် မှာ ထားသမျှ အတိုင်း ၊ လူ အမျိုးမျိုးပြောသော စကား အသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့် တော်ကို စာကိုရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ် တော်နှင့် တံဆိပ် ခတ်လေ၏။ 13 ၁၃ အာဒါ အမည်ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ ယုဒ လူအကြီး အငယ် မိန်းမ ကလေး ရှိ ရှိသမျှတို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍ ၊ သူ တို့ဥစ္စာ ကို လုယူ သိမ်းရုံးစေ ခြင်းငှါ၊ အမိန့်တော် စာ ကို စာပို့ လုလင်တို့ဖြင့် နိုင်ငံ တော်အပြည် ပြည်သို့ ပေး လိုက် လေ၏။ 14 ၁၄ ဤရွေ့ကား၊ လူ အမျိုးမျိုး တို့သည် ထို နေ့ ရက်တွင် အသင့် ရှိစေခြင်းငှါ ၊ အတိုင်း တိုင်းအပြည်ပြည်၌ ကြော်ငြာ ရ သော အမိန့်တော် စာ ချက်ဖြစ်သတည်း။ 15 ၁၅ ရှုရှန် နန်းတော် ၌ ထိုအမိန့်တော်စာ ကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ ရှင်ဘုရင် နှင့် ဟာမန် သည် စပျစ်ရည်သောက် ပွဲ၌ ထိုင် ၍၊ ရှုရှန် မြို့ တော်သည် ဆင်းရဲ ခြင်းသို့ ရောက်သတည်း။

< ဧ​သ​တာ 3 >