< ဒံယေလ 10 >

1 ပေရသိ ရှင်ဘုရင် ကုရု နန်းစံသုံး နှစ် တွင် ၊ ဗေလတရှာဇာ အမည် ဖြင့် သမုတ် သော ဒံယေလ သည် ဗျာဒိတ် တော်ကိုခံရ ၏။ ထိုဗျာဒိတ် တော်စကား မှန် ပေ၏။ ကြီးစွာ သော စစ်တိုက် ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကား ကို နားလည် ၏။ မြင်ရသောရူပါရုံ သဘောကိုလည်း ရိပ်မိ၏။
ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
2 ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
3 အရက် နှစ်ဆယ် တရက်မ စေ့ မှီမြိန် သော မုန့် ကိုမ စား ။ အမဲသား နှင့် စပျစ်ရည် ကိုမ မြည်း ။ ဆီ လိမ်းခြင်းကိုလည်း အလျှင်းမပြု။
အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။
4 ပဌမ လ နှစ် ဆယ် လေး ရက် နေ့၌ ငါ သည် ဟိဒကေလ မြစ် ကြီး အနားမှာရှိ စဉ်၊
ပဌမလနှစ်ဆယ် လေးရက်နေ့၌ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ်၊
5 မျှော် ကြည့်၍ ပိတ်ချော နှင့် ဥဖတ် ရွှေစင် ခါးပန်း ကို ဝတ် စည်းလျက် ရှိသောလူ တဦး ကို မြင် ၏။
မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
6 သူ ၏ ကိုယ် သည် ကျောက် မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့ မျက်နှာ သည်လည်း လျှပ်စစ် ကဲ့သို့ ထင်၏။ သူ့ မျက်စိ သည်လည်း မီးခွက် ကဲ့သို့ ဖြစ်၏။ သူ့ လက် ခြေ တို့သည် ဦးသစ်သော ကြေးဝါ အရောင်အဆင်းရှိ၏။ သူ့ စကား သံ သည် များစွာ သော လူစုအသံ နှင့် တူ၏။
သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။
7 ထိုဗျာဒိတ် ရူပါရုံကို ငါ ဒံယေလ တယောက် တည်း မြင် ရ၏။ ငါ နှင့်အတူ ပါသောလူ တို့သည် မ မြင် ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေး ကြ၏။
ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။
8 ငါ မူကား၊ တယောက် တည်းနေရစ် ၍ ထို ကြီးစွာ သော ရူပါရုံ ကိုမြင် ရလျှင် ၊ ခွန်အား လျော့၍ မျက်နှာ ပျက် လျက်၊ ကိုယ်၌ အစွမ်း သတ္တိအလျှင်းမ ရှိ ဖြစ်လေ၏။
ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ၏။
9 သို့ရာတွင် ၊ ထိုသူ ၏ စကား သံ ကို ငါကြား ၏။ ကြား သောအခါ မြေ ပေါ် မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ၏။
သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
10 ၁၀ ထိုအခါ လက် တဘက်သည်ငါ့ ကို ကြွ ၍ ၊ ငါ သည် ဒူး နှင့် လက်ဝါး ဖြင့် ထောက် လျက်နေရ၏။
၁၀ထိုအခါလက်တဘက်သည်ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
11 ၁၁ သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။
၁၁သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တက်နေ၏။
12 ၁၂ ထိုအခါ သူကလည်း၊ အချင်းဒံယေလ ၊ မ ကြောက် နှင့်။ သင် သည် နားလည် ခြင်းငှါ ၎င်း ၊ သင် ၏ ဘုရား ရှေ့ မှာ ကိုယ်ကိုကိုယ်ဆုံးမ ခြင်းငှါ ၎င်း ၊ စိတ် ပြဌာန်း သော ပဌမ နေ့ မှစ၍ သင် ၏ စကား ကိုကြား တော်မူပြီ။ ထိုစကား ကြောင့် လည်း ငါ ရောက် လာပြီ။
၁၂ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။
13 ၁၃ ပေရသိ နိုင်ငံ ကို အစိုးရသောမင်း မူကား ၊ အရက် နှစ် ဆယ်တရက် ပတ်လုံးငါ့ ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်း စုထဲက မိက္ခေလ သည် ငါ့ ကို အကူ လာ ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိ မင်းကြီး တို့ထံမှာ ဆိုင်းလင့် ၍ နေရ၏။
၁၃ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။
14 ၁၄ ယခုမူကား ၊ နောင် ကာလ တွင် သင် ၏ အမျိုးသား ချင်းတို့၌ ဖြစ် လတံ့သော အမှုအရာတို့ကို သင် သည် နားလည် စေခြင်းငှါ ငါရောက် လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလ နှင့် ဆိုင်ပေ၏ဟု ငါ့ အား ပြောဆို ၏။
၁၄ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
15 ၁၅ ထိုသို့ ပြောဆို ပြီးမှ ၊ ငါသည် ဦးညွတ်ပြပ်ဝပ်၍ စကား မပြောနိုင်ပဲနေ၏။
၁၅ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။
16 ၁၆ ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
၁၆ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
17 ၁၇ ကိုယ်တော် ကျွန် သည် ကိုယ်တော် အရှင်နှင့် အဘယ်သို့ စကားပြော နိုင် ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။ အကျွန်ုပ် အသက် လည်း ကုန်ပါပြီဟု ငါ့ ရှေ့ မှာ ရပ် နေသောသူအား ငါလျှောက် ၏။
၁၇ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။
18 ၁၈ နောက် တဖန် လူ သဏ္ဌာန် ရှိသောသူသည် လာ၍ ငါ့ ကို လက်နှင့်တို့ လျက် အားပေး ပြီးလျှင် ၊
၁၈နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊
19 ၁၉ အလွန် ချစ်အပ်သောသူ၊ မ ကြောက် နှင့်။ ငြိမ်သက် ခြင်းရှိပါစေ။ အားရှိ လော့။ ခွန်အား နှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
၁၉အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
20 ၂၀ ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။
၂၀ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။
21 ၂၁ သို့ရာတွင် သမ္မာ ကျမ်းစာ၌ မှတ်သား သော အမှုအရာကို ငါပြ ဦးမည်။ ဤ အမှုတို့တွင် သင် တို့၏ မင်း မိက္ခေလ မှတပါး ငါ့ ဘက်မှာ နေသောသူမ ရှိ။
၂၁သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။

< ဒံယေလ 10 >