< ၄ ဓမ္မရာဇဝင် 11 >

1 အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိ မြင်သော်၊ ထ ၍ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင်ပယ်ရှင်း လေ၏ 2 သို့ရာတွင် အာခဇိ ၏နှမ ယဟောရံ မင်းကြီး သမီး ယောရှေဘ သည် အာခဇိ ၏သား ယောရှ ကို အသေ ခံရသောဆွေတော်မျိုးတော်ထဲက ခိုး ယူ၍ အာသလိ လက် မှ သူ၏အသက် လွတ်စေခြင်းငှါ ၊ သူ နှင့်သူ ၏ နို့ထိန်း ကို အိပ်ခန်း ထဲ၌ ဝှက် ထား၏ 3 ထိုနောက် ယောရှသည် ခြောက် နှစ် ပတ်လုံးအရီး နှင့်အတူ ဗိမာန် တော်၌ပုန်းရှောင် လျက်နေ၍ ၊ အာသလိ သည် စိုးစံ လေ၏ 4 ခုနစ် နှစ် မြောက် သောအခါ၊ ယောယဒ သည် စေလွှတ် ၍ ၊ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား တို့ကို ခေါ် လေ၏။ ဗိမာန်တော် ထဲသို့ သွင်း ၍ ပဋိညာဉ် ဖွဲ့ ခြင်း၊ ဗိမာန်တော် ၌ သစ္စာ တိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော် ကိုပြ လေ၏ 5 ယောယဒကလည်း၊ သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ဝင် သောလူသုံးစု တစုသည် နန်းတော် တံခါး ကိုစောင့် ရမည် 6 တစု သည် သုရ တံခါး ကို စောင့် ရမည်။ တစု သည် ကင်းနောက် တံခါး ကို စောင့် ရမည်။ ထိုသို့ ဗိမာန်တော် ကို မဖြို မဖျက်စေခြင်းငှါစောင့် ရမည် 7 ဥပုသ် နေ့၌ ထွက် သောလူသုံးစုတွင် နှစ် စုသည် ရှင်ဘုရင် ပတ်လည် ဗိမာန်တော် ၌စောင့် ရမည် 8 လူတိုင်း မိမိ လက်နက် ကို ကိုင် လျက် ကိုယ်တော်မြတ်ကို ဝိုင်း၍၊ တပ် ထဲသို့ ဝင် သမျှသောသူတို့ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏ 9 ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာ ထားသမျှ အတိုင်း လူတရာ အုပ် တို့သည်ပြု ၍ ၊ ဥပုသ် နေ့၌ထွက် ရသောသူနှင့် ဝင် ရသောသူအသီးအသီး တို့ကို ခေါ် ၍ ယဇ်ပုရောဟိတ် ယောယဒ ထံသို့ ရောက် သောအခါ၊ “ 10 ၁၀ ဗိမာန်တော် ၌ ရှိသော ဒါဝိဒ် မင်းကြီး ၏ လှံ များ နှင့် ဒိုင်း များကို ယဇ် ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ် လေ၏ 11 ၁၁ စောင့် သောသူအပေါင်းတို့သည် လက်နက် ကို ကိုင် လျက် ၊ ရှင် ဘုရင်ကို ဝိုင်း ၍ ယဇ် ပလ္လင်အနား နှင့် ဗိမာန်တော် အနား၌ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် ရပ် ကြ၏ 12 ၁၂ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိ ကျမ်းကို တင် လျက် ၊ ဘိသိတ် ပေးလျက် ၊ ရှင် ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော် ကြ၏ 13 ၁၃ အာသလိ သည် တပ်သား ပြုသောအသံ နှင့် လူ များပြုသောအသံကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊ “ 14 ၁၄ ရှင် ဘုရင်သည် ယုဒမင်း ထုံးစံ အတိုင်း တိုင် နား မှာရပ် လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကို ဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါတကားဟု အော်ဟစ် လေ၏ 15 ၁၅ ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန်တော် ထဲမှာမ သေ စေနှင့်၊ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကို ထား နှင့် သတ် ကြဟု လူတရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊” 16 ၁၆ အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွား သောမြင်း လမ်း ဖြင့် ထုတ် ၍ သတ် ကြ၏ 17 ၁၇ ယောယဒ သည်လည်း ရှင်ဘုရင် နှင့် လူ များတို့ သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ စေ၏။ တဖန် ရှင်ဘုရင် နှင့် လူ များ တို့ကို တဦးနှင့်တဦးပဋိညာဉ်ဖွဲ့စေ၏ 18 ၁၈ ပြည်သူ ပြည်သားအပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုအကုန် အစင်ချိုးဖဲ့၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏ 19 ၁၉ ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော် အုပ် များကို ခန့်ထား ပြီးမှ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူ ပြည်သားအပေါင်း တို့ကိုခေါ် လျက် ၊ ကင်းတံခါး လမ်း ဖြင့် ရှင် ဘုရင်ကို ဗိမာန်တော် မှ နန်းတော် သို့ပို့ဆောင် ၍ ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် စေ၏ 20 ၂၀ နန်းတော် နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏

< ၄ ဓမ္မရာဇဝင် 11 >