< ၁ ဓမ္မရာဇဝင် 9 >

1 ဗင်္ယာမိန် အမျိုးသားအာဖိ ၊ ဗေခေါရတ် ၊ ဇေရော် ၊ အဗျေလ မှ ဆင်းသက်၍ ကိရှ အမည် ရှိသောဗင်္ယာမိန် အမျိုးသား တယောက်ရှိ ၏။ သူသည်အလွန် ခွန်အား ကြီးသောသူဖြစ်၏။
HOOKAHI kanaka no ka Beniamina, o Kisa kona inoa, ke keiki a Abiela, ke keiki a Zerora, ke keiki a Bekorata, ke keiki a Apia, no Beniamina, he kanaka waiwai nui.
2 ထိုသူ ၌ ရှောလု အမည် ရှိသောသား တယောက်ရှိ ၏။ ထိုသားသည် အဆင်း လှ၍ ထူးဆန်းသောသူဖြစ် ၏။ ဣသရေလ အမျိုးသား တို့တွင် ထိုသူ ထက် သာ၍အဆင်းလှသော သူတယောက်မျှမ ရှိ။ သူသည် အခြား သောသူထက် ပခုံး အထက် မှာ အရပ်သာ၍မြင့် ၏။
He keiki kana, o Saula kona inoa, he opiopio a maikai: aohe kanaka maikai iwaena o na mamo a Iseraela e like ana me ia: mai kona poohiwi aku a hala loa iluna, ka oi ana o kona kiekie mamua o ko na kanaka a pau.
3 ရှောလု အဘ ကိရှ ၏ မြည်း တို့သည် ပျောက် သောကြောင့် ၊ ကိရှ က၊ သင် သည် ငယ်သား တယောက် ကို ခေါ် ၍ မြည်း တို့ကို ရှာ အံ့သောငှါထ သွား လော့ဟု မိမိ သား ရှောလု အား ဆို သည်အတိုင်း၊
Ua nalowale na hoki a Kisa, ka makuakane o Saula; i aku la o Kisa i kana keiki, ia Saula, E lawe oe i kekahi kauwa me oe, a hele e imi i na hoki.
4 သူတို့သည် ဧဖရိမ် တောင် အရပ်နှင့် ရှလိရှ အရပ် တရှောက်လုံး၌ ရှာ ၍ မ တွေ့လျှင် ၊ တဖန် ရှာလိမ် အရပ် မှသည် ဗင်္ယာမိန် အရပ် များ တရှောက်လုံး၌ မ တွေ့။
Kaahele no ia ma ka mauna o Eperaima, a kaahele hoi ma ka aina o Salisa, aole i loaa ia laua; alaila kaahele laua ma ka aina o Salima, aole malaila; hele aku la ia ma ka aina o ka Beniamina, aole i loaa ia laua.
5 ဇုဖ အရပ် သို့ ရောက် သောအခါ ရှောလု က၊ ပြန် ကြစို့။ သို့မဟုတ် အဘ သည် မြည်း တို့ကြောင့် မ စိုးရိမ်၊ ငါ တို့ကြောင့် စိုးရိမ် လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
A hiki aku la laua ma ka aina o Zupa, i aku la ia i kana kauwa me ia, Ea, e hoi kaua, o pau auanei ka manao ana o kuu makuakane i na hoki, a hookaumahaia no kaua.
6 ငယ်သားက၊ ဤ မြို့ ၌ အသရေ ထင်ရှားသော ဘုရား သခင်၏ လူ တယောက်ရှိ၏။ သူပြော သမျှ သော စကားသည် ဧကန်အမှန်ပြည့်စုံ တတ်၏။ သူ့ထံသို့သွား ကြစို့။ ငါ တို့ သွား ရသော လမ်း ကို သူပြ ကောင်း ပြလိမ့်မည်ဟု ဆို ၏။
I mai la kela ia ia, Aia hoi, ma keia kulanakauhale e noho ana kekahi kanaka o ke Akua, he kanaka kaulana: a o ka mea a pau ana e olelo ai, e ko io no ia: e nele kaua malaila, malama e hiki ia ia ke kuhikuhi mai ia kaua i ke ala e pono ai kaua ke hele.
7 ရှောလု ကလည်း ၊ သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊
I aku la o Saula i kana kauwa, Ina paha e hele kaua, heaha ka kaua e lawe aku ai i ua kanaka la? No ka mea, ua pau ka berena maloko o ko kaua ipu, aole he manawalea e lawe aku i ua kanaka la o ke Akua: heaha ka mea ia kaua?
8 ငယ်သား က၊ ကျွန်တော် လက် ၌ ငွေ တမတ် ရှိ ပါ၏။ ငါ တို့ကို လမ်း ပြ သည်အတွက် ဘုရား သခင်၏ လူ အား ပေး ပါမည်ဟု ရှောလု အား ပြန်ပြော ၏။
Olelo hou mai la ke kauwa ia Saula, i mai la, Eia ma kuu lima ka hapaha o ke sekela kala; o keia ka'u e haawi aku ai i ua kanaka la o ke Akua, i kuhikuhi mai ai ia i ke ala o kaua.
9 ရှေး ကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်ကို မေးမြန်း ခြင်းငှါ သွား မည်ဟု အကြံရှိလျှင်၊ မြင် သောသူထံသို့ သွား ကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက် ဟူ၍ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင် သောသူဟူ၍ ခေါ်ဝေါ် ကြသတည်း။
(I ka manawa mamua iloko o ka Iseraela, a i hele ke kanaka e ninau i ke Akua, peneia ia i olelo ai, Ina kakou e hele i ka mea ike; no ka mea, o ke kaula i keia manawa, ua kapaia oia mamua, he mea ike.)
10 ၁၀ ရှောလု ကလည်း၊ ကောင်း ပြီသွား ကြစို့ဟု ငယ်သား အား ဆို လျက် ၊ ဘုရား သခင်၏ လူ ရှိရာမြို့ သို့ သွား ကြ၏။
I aku la o Saula i kana kauwa, Ua pono kau olelo; ina kaua e hele aku: a hele aku la laua i ke kulanakauhale, i kahi o ke kanaka o ke Akua.
11 ၁၁ မြို့ ပြင်ကုန်း ပေါ် သို့ ရောက် သောအခါ ၊ ရေ ခပ် လာ သောမိန်းမပျို တို့ကို တွေ့ ၍ ၊ ဤ အရပ်၌ မြင် သောသူ ရှိ သလောဟု မေး သော်၊
A i ka laua pii ana i ke kulanakauhale, loaa ia laua na kaikamahine e hele ana e huki wai, i aku la ia lakou, Maanei anei ke kanaka ike?
12 ၁၂ ရှိ ပါ၏။ သင် တို့ရှေ့ မှာ ရှိပါ၏။ အလျင်အမြန် သွားတော့။ မြင်သောသူသည် ဤမြို့ သို့ ယနေ့ လာ ပြီ။ လူ များ တို့သည် မြင့် သောအရပ်၌ ယနေ့ ယဇ် ပွဲကို ဆောင်ကြ၏။
Olelo mai la lakou ia laua, i mai la, Maanei no: aia hoi ia mamua ou, e wikiwiki, no ka mea, i hele mai ia i ke kulanakauhale i keia la; no ka mea, he ahaaina na na kanaka i keia la ma kahi kiekie.
13 ၁၃ ဆရာသည် မြင့် သောအရပ်၌ ယဇ်သားကို စား အံ့သောငှါ မ တက် မှီ သင် တို့သည် မြို့ ထဲသို့ဝင် လျှင် ချက်ခြင်းတွေ့ လိမ့်မည်။ သူ မ ရောက် မှီ လူ များတို့သည် မ စား တတ်ကြ။ သူသည် ယဇ် ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ် သောသူတို့ သည် စား တတ်ကြ၏။ ယခု မှာ သွား လျှင် တွေ့ ကြ လိမ့်မည်ဟု ပြန်ပြော သည်နှင့်အညီ၊
A hiki aku olua maloko o ke kulanakauhale, e loaa koke oia ia olua, mamua o kona pii ana ae ma kahi kiekie e ai ai; aole e ai na kanaka a hiki aku ia; no ka mea, nana no e hoomaikai aku i ka ahaaina, a mahope iho, ai no ka poe i oleloia. No ia mea, e pii olua; no ka mea, eia ka la e loaa'i ia olua ia.
14 ၁၄ သူ တို့သည် မြို့ ထဲ သို့ ဝင် ၍ ရှမွေလ သည် မြင့် သောအရပ်သို့ တက် သွားလျက် သူ တို့ကို ဆီး၍ ကြို လေ၏။
A pii aku la laua i ke kulanakauhale: a hiki laua iloko o ke kulanakauhale, aia hoi, halawai laua me Samuela e pii ana ma kahi kiekie.
15 ၁၅ ရှောလု မ ရောက် မှီ မနေ့၌ ထာဝရဘုရား က၊ နက်ဖြန် နေ့၊
Ua olelo e mai o Iehova i ka pepeiao o Samuela i ka la mamua o ko Saula hiki ana mai, i mai la,
16 ၁၆ ဤအချိန်၌ ဗင်္ယာမိန် ပြည် မှ လူ တယောက်ကို သင် ရှိရာသို့ ငါစေလွှတ် မည်။ သင်သည် ထိုသူကို ငါ ၏လူ ဣသရေလ အမျိုး၏ မင်း အရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက် ကိုပေး ရမည်။ သူသည် ငါ ၏ လူ တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှု သည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
Apopo ma keia manawa, e hoouna aku au i ou la i kekahi kanaka no ka aina o ka Beniamina, a e poni aku oe ia ia i alii maluna o kuu poe kanaka o ka Iseraela, i hoopakele mai ai ia i ko'u poe kanaka mai ka lima mai o ko Pilisetia: ua nana aku au i ko'u poe kanaka, no ka mea, ua hiki mai ko lakou uwe ana io'u nei.
17 ၁၇ ရှမွေလ သည် ရှောလု ကို မြင် သောအခါ ၊ ထာဝရဘုရား က၊ ငါပြော သော သူ ကို ကြည့် လော့၊ ဤ သူသည် ငါ ၏ လူ တို့ကို အုပ်ချုပ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
A ike aku la o Samuela ia Saula, olelo mai la o Iehova ia ia, Eia ke kanaka a'u i olelo ai ia oe; oia ka mea e alii ai maluna o kuu poe kanaka.
18 ၁၈ ထိုအခါ ရှောလု သည် ရှမွေလ ရှိရာ တံခါးဝ သို့ ချဉ်းကပ် လျှင်၊ မြင် သောသူ၏အိမ် ကို ပြပါလော့ဟု တောင်းပန် သော်၊
Hookokoke aku la o Saula ia Samuela ma ka ipuka pa, i aku la, Ke noi aku nei au ia oe, e hai mai oe ia'u i ka hale o ka mea ike.
19 ၁၉ ရှမွေလ က၊ ငါ သည် မြင် သောသူဖြစ် ၏။ ငါ့ ရှေ့ မှာ မြင့် သောအရပ်သို့ တက် သွားလော့။ ယနေ့ ငါ နှင့်အတူ စား ရမည်။ နက်ဖြန် နေ့ ငါလွှတ် လိုက်မည်။ သင့် စိတ် နှလုံးထဲမှာ ရှိသမျှ ကိုလည်း ငါဘော်ပြ မည်။
Olelo mai la o Samuela ia Saula, i mai la, Owau no ka mea ike; e pii ae oe mamua o'u i kahi kiekie: no ka mea, e ai pu olua me au i keia la; apopo e kuu aku au ia oe, a e hai aku au i na mea a pau maloko o kou naau.
20 ၂၀ တမြန် နေ့က ပျောက် သောသင် ၏ မြည်း တို့ကို မ အောက်မေ့နှင့် တွေ့ လျက်ရှိပြီ။ ဣသရေလ အမျိုး သည် အဘယ်သူ ကို အလို ရှိသနည်း။ သင် နှင့် သင် ၏ အဆွေအမျိုး အပေါင်း ကို အလိုရှိသည် မ ဟုတ် လောဟု ရှောလု အား ပြော ဆို၏။
A no kau mau hoki i nalowale i na la ekolu ae nei, mai manao oe ia lakou, no ka mea, ua loaa lakou. Maluna owai anei ka makemake a pau o ka Iseraela? Aole anei maluna ou, a me ko ka hale a pau o kou makuakane?
21 ၂၁ ရှောလု ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုး တို့တွင် အငယ်ဆုံး သောအမျိုး၊ ဗင်္ယာမိန် အမျိုးသား ဖြစ်ပါသည် မ ဟုတ်လော။ အကျွန်ုပ် အဆွေအမျိုး သည် ဗင်္ယာမိန် အဆွေအမျိုး အပေါင်း တို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ် အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက် လေ၏။
Olelo aku la o Saula, i aku la, Aole anei wau no ka Beniamina, no ka mea uuku o na hanauna a pau o ka Iseraela? a o kuu ohana ka mea uuku o na ohana a pau o ka Beniamina? no ke aha la oe i olelo mai ai ia'u pela?
22 ၂၂ ထိုအခါ ရှမွေလ သည် ရှောလု နှင့် သူ ၏ငယ်သား ကိုခေါ် ၍ အိမ်ခန်း ထဲသို့ သွင်း ပြီးလျှင် ၊ ခေါ်ဘိတ် သောသူ သုံး ဆယ်တို့တွင် အမြတ်ဆုံး သော အရပ် ၌ ထိုင်စေ၏။
Lawe aku la o Samuela ia Saula a me kana kauwa, alakai ia laua maloko o ke keena ai, a hoonoho ia laua ma kahi maikai iwaena o ka poe i oleloia, he kanakolu paha lakou.
23 ၂၃ ပွဲသူကြီး ကို လည်းခေါ်ပြီးလျှင်၊ သင် ၌ ငါအပ် ပေး၍ အခြားစီထား စေခြင်းငှါ ၊ ငါမှာ ခဲ့သော အဘို့ ကို ယူ ခဲ့တော့ဟု ဆို သည်အတိုင်း၊
Olelo aku la o Samuela i ke kahu ai, E lawe mai i kahi a'u i haawi aku ai ia oe, i ka mea a'u i olelo ai ia oe, E waiho ia me oe.
24 ၂၄ ပွဲသူကြီး သည် ပခုံး နှင့် ပခုံးပေါ် မှာ ခင်းသောအရာကိုယူ ၍ ရှောလု ရှေ့ မှာထား လေ၏။ ရှမွေလက လည်း၊ ချန် ထားသောအရာကို ယူ၍ စား တော့။ ခေါ်ဘိတ် သောသူတို့ အား ပြောနှင့်သည်အတိုင်း သင့် အဘို့ ယခုတိုင်အောင်သိုထား လျက်ရှိပြီဟု ဆို ၍ ထို နေ့၌ ရှောလု သည် ရှမွေလ နှင့်အတူ စား သောက် လေ၏။
Lawe ae la ke kahu ai i ka uha mua, a me ka mea maluna, a waiho imua o Saula. I aku la o [Samuela, ] Aia hoi o ke koena, e waiho ia imua ou, a e ai oe; no ka mea, ua hookaawale ia mea nau no ka manawa a'u i olelo ai, ua kahea aku au i na kanaka. A ai pu iho la o Saula me Samuela ia la.
25 ၂၅ ထိုသူတို့သည် မြင့် သောအရပ်မှ ဆင်း ၍ မြို့ ထဲသို့ဝင်ပြီးလျှင် ၊ ရှမွေလနှင့်ရှောလု တို့သည် အိမ်မိုး ပေါ် မှာ စကားပြော လျက် နေကြ၏။
A iho mai lakou mai kahi kiekie mai a i ke kulanakauhale, kamailio pu oia me Saula maluna o ka hale.
26 ၂၆ နံနက်စောစောထ ၍ မိုဃ်းလင်း သောအခါ ၊ ရှမွေလ က၊ ထ လော့။ သင့် ကို ငါလွှတ် လိုက်မည်ဟု ရှောလု ကို အိမ်မိုး ပေါ် မှာ ခေါ် ပြီးလျှင် ၊ ရှောလု သည် ထ ၍ ထိုသူ နှစ် ယောက်တို့သည် ထွက်သွား ကြ၏။
Ala ae la lakou i kakahiaka nui; a i ka wanaao, kahea aku la o Samuela ia Saula maluna o ka hale, i aku la, E ala, a hoouna aku au ia oe. Ala mai o Saula, a hele aku la laua iwaho, oia a me Samuela.
27 ၂၇ မြို့ စွန်း သို့ ရောက်သောအခါ ရှမွေလ က၊ သင်၏ ငယ်သား ကို ရှေ့ သို့သွား စေခြင်းငှါပြော တော့ဟု ရှောလု အား ဆို သဖြင့် ၊ ငယ်သားသည် ရှေ့သို့သွား လေ၏။ ရှမွေလကလည်း ရပ် နေတော့။ ဘုရား သခင် ၏ အမိန့် တော်ကို ငါပြန် မည်ဟုဆိုလျက်၊
A i ko laua iho ana ma ka mokuna o ke kulanakauhale, i aku la o Samuela ia Saula, E i aku oe i ke kauwa, e hele e aku ia mamua o kaua, (a hele aku la ia, ) aka, e ku malie oe i keia wa, i hoike aku ai au ia oe i ka olelo a ke Akua.

< ၁ ဓမ္မရာဇဝင် 9 >