< ၁ ဓမ္မရာဇဝင် 19 >

1 ထို့ကြောင့် ရှောလုသည် ဒါဝိဒ် ကိုသတ် စေခြင်းငှါ ၊ သား တော်ယောနသန် နှင့် မိမိ ကျွန် အပေါင်း တို့ကို မှာ ထားလေ၏။
ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ၏။
2 သား တော်ယောနသန် သည် ဒါဝိဒ် ကို အလွန် ချစ် ၍ ၊ ငါ့ အဘ ရှောလု သည် သင့် ကို သတ် ခြင်းငှါ ရှာကြံ ၏။ သို့ဖြစ်၍ နံနက် တိုင်အောင်ကိုယ်ကို သတိပြု သဖြင့် ဆိတ်ကွယ် ရာအရပ်၌ ပုန်းရှောင် ၍ နေ ပါလော့။
သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ၏။ သို့ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ်၌ ပုန်းရှောင်၍ နေပါလော့။
3 ငါ ထွက် ၍ သင် ရှိရာတော ၌ ငါ့ အဘ ထံ ခစား လျက် ၊ သင့် အမှု၌ စကားပြော မည်။ တွေ့မြင် သမျှကို သင့် အား ငါပြန် ကြားမည်ဟု ဒါဝိဒ် အား ပြောဆို ၏။
ငါထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်၊ သင့်အမှု၌ စကားပြောမည်။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
4 ယောနသန် သည် အဘ ရှောလု ထံ၌ ၊ ဒါဝိဒ် ဘက်မှာပြော ၍၊ ရှင် ဘုရင်သည် ကျွန် တော်ဒါဝိဒ် ကို မ ပြစ်မှား ပါစေနှင့်။ သူသည်ကိုယ်တော် ကို မ ပြစ်မှား ပါ။ ကိုယ်တော် ၌ အလွန် ကျေးဇူး ပြုပါပြီ။
ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။ ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
5 မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိ လူကိုသတ် ၍ ထာဝရဘုရား သည် ဣသရေလ အမျိုးတမျိုးလုံး အဘို့ ကြီးစွာ သော ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကိုယ်တော်သည် မြင် ၍ ဝမ်းမြောက် ပါ၏။ သို့ဖြစ်၍ အကြောင်း မရှိဘဲ ဒါဝိဒ် ကိုသတ် သဖြင့် အဘယ်ကြောင့် အပြစ် မရှိသောသူ၏ အသက်ကိုသတ် သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆို သော်၊
မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို့ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော်၊
6 ရှောလု သည် ယောနသန် ၏ စကား ကို နားထောင် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူသည် အသေ မ ခံရဟု ကျိန်ဆို လေ၏။
ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ၏။
7 ယောနသန် သည် ဒါဝိဒ် ကို ခေါ် ၍ အကြောင်း အရာ၊ အလုံးစုံ တို့ကို ပြော ပြီးမှ ၊ ရှောလု ထံသို့ သွင်း ပြန်၍ အထံ တော်၌ အရင် နေသကဲ့သို့ နေ ရ၏။
ယောနသန်သည် ဒါဝိဒ်ကို ခေါ်၍ အကြောင်းအရာ၊ အလုံးစုံတို့ကို ပြောပြီးမှ၊ ရှောလုထံသို့သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို့ နေရ၏။
8 တဖန် စစ်မှု ပေါ် ပြန်သောအခါ ၊ ဒါဝိဒ် ထွက် ၍ ဖိလိတ္တိ လူတို့ကို တိုက် လျက် ၊ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် ၍ သူတို့သည် ပြေး ကြ၏။
တဖန်စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိလူတို့ကို တိုက်လျက်၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ်၍ သူတို့သည် ပြေးကြ၏။
9 ရှောလု သည် လှံ တိုကို ကိုင်၍နန်းတော် ၌ ထိုင် စဉ်တွင်၊ ထာဝရဘုရား ထံတော်မှ ဆိုး သောဝိညာဉ် သက်ရောက် ၍ ၊ ဒါဝိဒ် သည် စောင်းတီး လျက်နေသောအခါ၊
ရှောလုသည် လှံတို့ကို ကိုင်၍နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက်၍၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊
10 ၁၀ သူ့ကိုလှံ တိုနှင့် ထရံ နားမှာ ထိုး စမ်းသော်လည်း ၊ အထံ တော်မှ ရှောင်ပြေး သဖြင့် လှံ တိုသည် ထရံ ကို စူး လျက် နေ၏။ ဒါဝိဒ် သည် ပြေး ၍ ထို ညဉ့် ကို လွတ် ရ၏။
၁၀သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဉ့်ကို လွတ်ရ၏။
11 ၁၁ ရှောလု သည် သူ့ ကို စောင့် ၍ နံနက် ချိန်၌ သတ် စေခြင်းငှါ သူ့အိမ် သို့ လူ ကို လွှတ် စေ၏။ ဒါဝိဒ် မယား မိခါလ က၊ သင် သည် ယနေ့ည မှာ ကိုယ် အသက် ကို မ ကယ်မ လျှင် ၊ နက်ဖြန် နေ့၌ အသေ ခံရလိမ့်မည်ဟု ဆို လျက်၊
၁၁ရှောလုသည် သူ့ကို စောင့်၍ နံနက်ချိန်၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ့၌ အသေခံရလိမ့်မည်ဟု ဆိုလျက်၊
12 ၁၂ ဒါဝိဒ် ကို ပြတင်းပေါက် မှ လျှော့ချ ၍ သူသည် အလွတ် ထွက်ပြေး လေ၏။
၁၂ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။
13 ၁၃ မိခါလ သည်လည်း ၊ တေရပ်ရုပ်တု ကို ယူ ၍ ခုတင် ပေါ် မှာထား ပြီးလျှင် ၊ ဆိတ်မွေး ဖြင့်ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာ၍ စောင် နှင့် ခြုံ လေ၏။
၁၃မိခါလသည်လည်း၊ တေရပ်ရုပ်တုကို ယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာ၍ စောင်နှင့် ခြုံလေ၏။
14 ၁၄ ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ ရှောလု စေလွှတ် သောလုလင် ရောက်သောအခါ ၊ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏။
၁၄ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။
15 ၁၅ ရှောလု ကလည်း ၊ သူ့ ကို ငါသတ် မည်အကြောင်း ခုတင် နှင့်တကွ ဆောင် ခဲ့ကြဟု ဒါဝိဒ် ကို အကြည့် အရှုစေလွှတ် ၍၊
၁၅ရှောလုကလည်း၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ်၍၊
16 ၁၆ တမန် တို့သည်ဝင် ကြသောအခါ ဆိတ်မွေး ဖြင့်‘ရက်သော ကုလားကာ နှင့် ခေါင်းရင်း ရှေ့၌ ကာလျက်၊ ခုတင် ပေါ်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
၁၆တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ ကာလျက်၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား။
17 ၁၇ ရှောလု ကလည်း ငါ့ ကို လှည့်စား ၍ အဘယ်ကြောင့် ငါ့ ရန်သူ ကို လွှတ် လိုက်သနည်း။ ယခု လွတ် အောင် ပြေးပါပြီတကားဟု မိခါလ အား ပြောဆို လျှင် ၊ မိခါလ က ငါသွားမည်။ သို့မဟုတ်သင့် ကို ငါသတ် မည်ဟု သူ ပြော ပါသည်ဟု ရှောလု အား ပြန်လျှောက် လေ၏။
၁၇ရှောလုကလည်း ငါ့ကို လှည့်စား၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင်၊ မိခါလက ငါသွားမည်။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ၏။
18 ၁၈ ထိုသို့ ဒါဝိဒ် ပြေး ၍ ရှောလုလက်မှ လွတ် သဖြင့် ၊ ရှမွေလ ရှိရာ ရာမ မြို့သို့ ရောက် လေ၏။ ရှောလု ပြု လေသမျှ တို့ကို ပြန်ကြား ပြီးမှ ၊ ရှမွေလ သည်သွား ၍ နာယုတ် ရွာမှာ နေ ၏။
၁၈ထိုသို့ ဒါဝိဒ် ပြေး၍ ရှောလုလက်မှ လွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ၏။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍ နာယုတ်ရွာမှာ နေ၏။
19 ၁၉ ဒါဝိဒ် သည် ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိကြောင်းကို ရှောလု သည် ကြား ၍၊
၁၉ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား၍၊
20 ၂၀ ဒါဝိဒ် ကို ဘမ်းဆီး စေခြင်းငှါ စေလွှတ် ပြန်၏။ ပရောဖက် အပေါင်း အသင်းတို့သည် ပရောဖက် ပြုလျက် ၊ ရှမွေလ စီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင် သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလု ၏ တမန် တော်တို့အပေါ် မှာ သက်ရောက် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။
၂၀ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။
21 ၂၁ ထိုသိတင်းကို ရှောလု သည်ကြား လျှင် အခြား သောသူတို့ကို စေလွှတ် ၍ ၊ သူ တို့သည်လည်း ပရောဖက် ပြုရကြ၏။ တတိယ အကြိမ် ရှောလု သည် စေလွှတ် ၍ ၊ ထို့အတူပြုကြရ၏။
၂၁ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ်၍၊ သူတို့သည်လည်း ပရောဖက် ပြုရကြ၏။တတိယအကြိမ် ရှောလုသည် စေလွှတ်၍၊ ထို့အတူပြုကြရ၏။
22 ၂၂ ထိုအခါ ကိုယ်တိုင်ရာမ မြို့သို့ သွား ၍ ၊ စေခု ရွာ၌ ရှိသောရေတွင်း ကြီး သို့ ရောက် သော်၊ ရှမွေလ နှင့် ဒါဝိဒ် တို့သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင် ၊ ရာမ မြို့နယ်၊ နာယုတ် ရွာမှာ ရှိပါသည်ဟု ကြား လျှောက်လေသော်၊
၂၂ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား၍၊ စေခုရွာ၌ရှိသော ရေတွင်းကြီးသို့ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော်၊
23 ၂၃ ထို အရပ်သို့ သွား ၍ ၊ ဘုရား သခင်၏ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ နာယုတ် ရွာ တိုင်အောင် ပရောဖက် ပြုလျက် သွား လေ၏။
၂၃ထိုအရပ်သို့သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ၏။
24 ၂၄ အဝတ် တော်ကိုလည်း ချွတ် ၍ ၊ ရှမွေလ ရှေ့ မှာ ထိုအတူပရောဖက် ပြုလျက် ၊ အဝတ် မပါဘဲ တနေ့ နှင့် တညဉ့် လဲ လျက်နေ၏။ ထိုကြောင့် ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလောဟု ဆို လေ့ရှိကြ၏။
၂၄အဝတ်တော်ကိုလည်း ချွတ်၍၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။

< ၁ ဓမ္မရာဇဝင် 19 >