< ၁ ရာဇဝင်ချုပ် 5 >

1 ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော် လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦး အရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။
2 ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာ ကိုမရ၊ ယောသပ်ရ၏။
3 ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
ဣသရေလ၏ သားဦးရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။
4 ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊
5 ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
ရှေမိသားမိက္ခ၊ မိက္ခသားရာယ၊ ရာယသား ဗာလတည်း။
6 ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း။
7 သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း။
8 ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက်၊ အာရော်မြို့ မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ်၏။
9 ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ်၏။
10 ၁၀ ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
၁၀ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ၏နေရာကို ယူရနေရာကျကြ ၏။
11 ၁၁ သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
၁၁သူတို့တဘက်တချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ၏။
12 ၁၂ ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
၁၂ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။
13 ၁၃ သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
၁၃သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။
14 ၁၄
၁၄ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီဖြစ်၏။
15 ၁၅ ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
၁၅
16 ၁၆ သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
၁၆သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။
17 ၁၇ ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
၁၇ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
18 ၁၈ ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
၁၈ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။
19 ၁၉ ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
၁၉ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ၏။
20 ၂၀ စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
၂၀စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ၏။
21 ၂၁ ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
၂၁ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတသိန်းတို့ကိုသိမ်းယူကြ၏။
22 ၂၂ ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
၂၂ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။
23 ၂၃ မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
၂၃မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။
24 ၂၄ အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
၂၄အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အား ကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။
25 ၂၅ သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
၂၅သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ၏။
26 ၂၆ သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။
၂၆သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။

< ၁ ရာဇဝင်ချုပ် 5 >