< ၁ ရာဇဝင်ချုပ် 27 >

1 ရှင်ဘုရင် အမှု တော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ အရာရှိ တို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်းတပ်ဖွဲ့၍၊ တလစီ တလစီအလှည့်လှည့်စောင့်ရသောတပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီ ရှိကြ၏။
Now, the sons of Israel—as to the number of them, the ancestral chiefs—and rulers of thousands and hundreds, and their officers who waited upon the king as to any matter of the courses, who came in and went out month by month, for all the months of the year, in each course, were twenty-four thousand.
2 ပဌမ လ တွင် ပဌမ တပ် ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလ သား ယာရှောဗံ နှင့် တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
Over the first course, for the first month, was Jashobeam, son of Zabdiel, —and, in his course, were twenty-four thousand.
3 ထိုမင်းသည် ဖါရက် အမျိုးသား ဖြစ်၍၊ ပဌမ လ တွင် အမှုစောင့်သော တပ်မှူး အပေါင်း တို့ကို အုပ် ရ၏။
Of the sons of Perez, was the chief for all the rulers of the hosts, for the first month.
4 ဒုတိယ လ တွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိ အမျိုးသားဒေါဒဲ နှင့် စစ်ကဲ မိကလုပ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
And, over the course for the second month, was Dodai an Ahohite, and, of his course, was Mikloth also a chief ruler, —and, in his course, were twenty-four thousand.
5 တတိယ လ နှင့် ဆိုင်သောတတိယ တပ်ဗိုလ် မင်း ကား၊ ယဇ်ပုရောဟိတ် ကြီး ယောယဒ သား ဗေနာယ နှင့် တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The ruler of the third host, for the third month, was Benaiah, son of Jehoiada the priest—a chief, —and, in his course, were twenty-four thousand.
6 ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။
The same Benaiah, was a hero of thirty, and over the thirty, —and, over his course, was Ammizabad his son.
7 စတုတ္ထ လ တွင် စတုတ္ထ ဗိုလ်မင်းကား၊ ယွာဘ ညီ အာသဟေလ ၊ စစ်ကဲကားအာသဟေလ သား ဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။
The fourth, for the fourth month, was Asahel, brother of Joab, and Zebadiah his son, after him, —and, in his course, were twenty-four thousand.
8 ပဉ္မမ လ တွင် ပဉ္စမ ဗိုလ် မင်းကား ဣဇဟာ အမျိုး ရှံဟုတ် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
Of the fifth, for the fifth month, the ruler, was Shamhuth the Izrahite, —and, in his course, were twenty-four thousand.
9 ဆဋ္ဌမ လ တွင် ဆဋ္ဌမ ဗိုလ်မင်းကား တေကော မြို့သား၊ ဣကေရှ ၏သား ဣရ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The sixth, for the sixth month, was Ira son of Ikkesh, the Tekoite, —and, in his course, were twenty-four thousand.
10 ၁၀ သတ္တမ လ တွင် သတ္တမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိ အနွယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The seventh, for the seventh month, was Helez the Pelonite, of the sons of Ephraim, —and, in his course, were twenty-four thousand.
11 ၁၁ အဋ္ဌမ လ တွင်အဋ္ဌမ ဗိုလ်မင်းကား ဇာရ အမျိုး၊ ဟုရှသိ အနွယ်ဖြစ်သော သိဗေကဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
The eighth, for the eighth month, was Sibbecai the Hushathite, of the Zerahites, —and, in his course, were twenty-four thousand.
12 ၁၂ နဝမ လ တွင် နဝမ ဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိ အနွယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The ninth, for the ninth month, was Abiezer the Anathothite, of the Benjamites, —and, in his course, were twenty-four thousand.
13 ၁၃ ဒသမ လ တွင် ဒသမ ဗိုလ်မင်းကား ဇာရ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော မဟာရဲ ၊ တပ်သား ပေါင်း နှစ်သောင်း လေးထောင်တည်း။
The tenth, for the tenth month, was Maharai the Netophathite, of the Zerahites, —and, in his course, were twenty-four thousand.
14 ၁၄ ဧကဒသမ လ တွင် ဧကဒသမ ဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပိရသောနိ အနွယ်ဖြစ်သောဗေနာယ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The eleventh, for the eleventh month, was Benaiah the Pirathonite, of the sons of Ephraim, —and, in his course, were twenty-four thousand.
15 ၁၅ ဒွါဒသမ တွင် ဒွါဒသမ ဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိ အနွယ်ဖြစ်သော ဟေလဒဲ ၊ တပ်သား ပေါင်းနှစ်သောင်း လေးထောင်တည်း။
The twelfth, for the twelfth month, was Heldai the Netophathite, of Othniel, —and, in his course, were twenty-four thousand.
16 ၁၆ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်သော မင်း ဟူမူကား ၊ ရုဗင် အမျိုးတွင် ဇိခရိ ၏သား ဧလျေဇာ ၊ ရှိမောင် အမျိုးတွင် မာခ ၏သား ရှေဖတိ။
Furthermore, over the tribes of Israel, the chief ruler of the Reubenites, was Eliezer, son of Zichri. Of the Simeonites, Shephatiah, son of Maacah.
17 ၁၇ လေဝိ အမျိုးတွင် ကေမွေလ ၏သား ဟာရှဘိ ၊ အာရုန် အမျိုးတွင် ဇာဒုတ်၊
Of Levi, Hashabiah, son of Kemuel. Of Aaron, Zadok.
18 ၁၈ ယုဒ အမျိုးတွင် ဒါဝိဒ် အစ်ကို ဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏သား ဩမရိ၊
Of Judah, Elihu, one of the brethren of David. Of Issachar, Omri, son of Michael.
19 ၁၉ ဇာဗုလုန် အမျိုးတွင် ဩဗဒိ ၏သား ဣရှမာယ ၊ နဿလိ အမျိုးတွင် အာဇရေလ ၏သား ယေရိမုတ်၊
Of Zebulun, Ishmaiah, son of Obadiah. Of Naphtali, Jeremoth, son of Azriel.
20 ၂၀ ဧဖရိမ် အမျိုး တွင် အာဇဇိ ၏သား ဟောရှေ ၊ မနာရှေ အမျိုး တဝက် တွင် ပေဒါယ ၏သား ယောလ၊
Of the sons of Ephraim, Hoshea son of Azaziah. Of the half tribe of Manasseh, Joel, son of Pedaiah.
21 ၂၁ ဂိလဒ် ပြည်၌ မနာရှေ အမျိုးတဝက် တွင် ဇာခရိ ၏သား ဣဒ္ဒေါ ၊ ဗင်္ယာမိန် အမျိုးတွင် အာဗနာ ၏သား ယာသေလ၊
Of the half of Manasseh, in Gilead, Iddo, son of Zechariah. Of Benjamin, Jaasiel, son of Abner.
22 ၂၂ ဒန် အမျိုးတွင် ယေရောဟံ ၏ သား အာဇရေလ ၊ ဤရွေ့ကား ဣသရေလ အမျိုး တို့ကို အုပ်သောမင်း ပေတည်း။
Of Dan, Azarel, son of Jeroham. These, were the rulers of the tribes of Israel.
23 ၂၃ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ တိုးပွါး များပြားစေတော်မူမည် ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ် သည် အသက် နှစ် ဆယ်မစေ့သောသူတို့ ကို စာရင်း မ ယူ ဘဲ နေ၏။
But David took not the number of them, from twenty years old, and under, —because Yahweh had said, he would multiply Israel like the stars of the heavens.
24 ၂၄ ဇေရုယာ သား ယွာဘ သည် စာရင်း ယူစ ပြု၍၊ ထို အပြစ်ကြောင့် အမျက် တော်သည် ဣသရေလ အမျိုး အပေါ် သို့ သက်ရောက် သောအခါ လက်စ မ သတ်။ ရေတွက်၍ရသောလူပေါင်းကို ဒါဝိဒ် မင်းကြီး ၏ မှတ်စာ ၌ မ သွင်း မမှတ်။
Joab son of Zeruiah, began to number, but finished not, when there arose, on this account, indignation against Israel, —neither did the number come up into the account of the chronicles of King David.
25 ၂၅ အဒေလ သား အာဇိမာဝက် သည် ဘဏ္ဍာ တော် စိုးဖြစ်၏။ ဩဇိ သား ယောနသန် သည် လယ်ပြင် ၊ မြို့ ရွာ ၊ ရဲတိုက် ၌ ရှိသောဘဏ္ဍာ တိုက်တို့ကို အုပ်ရ၏။
And, over the treasuries of the king, was Azmaveth, son of Adiel. And, over the treasuries in the fields, in the cities, in the villages and in the castles, was Jonathan, son of Uzziah;
26 ၂၆ ခေလုပ် သား ဧဇရိ သည် လယ်ယာ လုပ် သောသူတို့ ကို အုပ်ရ၏။
And, over the workers of the field, for the tillage of the ground, was Ezri, son of Chelub.
27 ၂၇ ရာမ မြို့သားရှိမိ သည် စပျစ် ဥယျာဉ်တော်ကို၎င်း၊ ရှိဖမိ မြို့သားဇဗဒိ သည်စပျစ်သီး နှင့် စပျစ်ရည် တိုက် တို့ကို၎င်းအုပ်ရ၏။
And, over the vineyards, was Shimei, the Ramathite. And, over that which was in the vineyards, for the treasuries of wine, was Zabdi, the Shiphmite.
28 ၂၈ ဂေဒရိ လူ ဗာလဟာနန် သည် ချိုင့် တို့၌ ရှိသော သံလွင် ပင်နှင့် သဖန်း ပင်တို့ကို၎င်း ၊ ယောရှ သည် ဆီ တိုက် တို့ကို၎င်းအုပ်ရ၏။
And, over the olive-trees and the sycamore-trees that were in the lowland, was Baal-hanan the Gederite. And, over the treasuries of oil, was Joash.
29 ၂၉ ရှာရုန် အရပ်သားရှိတရဲ သည် ရှာရုန် အရပ်၌ ကျက်စား သော နွားစု ကို၎င်း ၊ အာဒလဲ သား ရှာဖတ် သည် ချိုင့် တို့၌ ကျက်စားသော နွားစု ကို၎င်း အုပ်ရ၏။
And, over the herds that pastured in Sharon, was Shitrai, the Sharonite. And, over the herds in the vales, Shaphat, son of Adlai.
30 ၃၀ ဣရှမေလ အမျိုးသားဩဗိလ သည် ကုလားအုပ် တို့ကို၎င်း ၊ မေရောနသိ လူယေဒေယ သည် မြည်း တို့ကို၎င်း၊
And, over the camels, was Obil, the Ishmaelite. And, over the asses, was Jehdeyahu the Meronothite.
31 ၃၁ ဟာဂရ အမျိုးသားယာဇဇ် သည် သိုး တို့ကို၎င်းအုပ်ရ၏။ ဤ သူတို့သည် ဒါဝိဒ် မင်းကြီး ၏ ဥစ္စာ ဘဏ္ဍာ တော်ကိုအုပ် ရသောသူ ပေတည်း။
And, over the flocks, was Jaziz, the Hagrite. All these, were rulers over the possessions that belonged to King David.
32 ၃၂ ဒါဝိဒ် ၏ ဘထွေး တော်ယောနသန် သည်တိုင်ပင် မှူးမတ်ပညာရှိ ကျမ်းတတ် ဖြစ်၏။ ဟခမောနိ သား ယေဟေလ သည် ရှင်ဘုရင် ၏သား တော်တို့ အပေါင်းအဘော်ဖြစ်၏။
And, Jonathan the relative of David, was a counsellor, a man of understanding and a scribe, was he. And, Jehiel son of Hachmoni, was with the sons of the king.
33 ၃၃ အဟိသောဖေလ သည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ်၊ အာခိ မြို့သားဟုရှဲ သည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ်၏။
And, Ahitophel, was counsellor to the king. And, Hushai the Archite, was the companion of the king.
34 ၃၄ အဟိသောဖေလ နောက် မှာအဗျာသာ နှင့် ဗေနာယ သား ယောယဒ သည် နေရာကျ၏။ ယွာဘ သည် တပ်တော်ဗိုလ်ချုပ် မင်း ဖြစ်၏။
And, after Ahitophel, was Jehoiada son of Benaiah—and Abiathar. And, the captain of the king’s army, was Joab.

< ၁ ရာဇဝင်ချုပ် 27 >