< ဆာလံ 88 >

1 ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။
ऐ ख़ुदावन्द, मेरी नजात देने वाले ख़ुदा, मैंने रात दिन तेरे सामने फ़रियाद की है।
2 ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။
मेरी दुआ तेरे सामने पहुँचे, मेरी फ़रियाद पर कान लगा!
3 ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​ရ​ဖန်​များ​လှ သ​ဖြင့် သေ​လု​ပါ​ပြီ။ (Sheol h7585)
क्यूँकि मेरा दिल दुखों से भरा है, और मेरी जान पाताल के नज़दीक पहुँच गई है। (Sheol h7585)
4 ကျွန်​တော်​မျိုး​သည်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​လျက် နေ​သူ​တစ်​ယောက်​ဖြစ်​ပါ​၏။ အား​အင်​လည်း​ကုန်​ခန်း​ပါ​ပြီ။
मैं क़ब्र में उतरने वालों के साथ गिना जाता हूँ। मैं उस शख़्स की तरह हूँ, जो बिल्कुल बेकस हो।
5 ကျွန်​တော်​မျိုး​သည်​သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​သတ်​ခံ​ရ​၍​သင်္ချိုင်း​တွင်း​ထဲ​သို့​ရောက်​ရှိ​နေ​သည့် သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​လုံး​ဝ​သ​တိ​မ​ရ​သော​သူ၊ကိုယ်​တော် မ​စ​ရန် မ​ဖြစ်​နိုင်​သော​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
जैसे मक़्तूलो की तरह जो क़ब्र में पड़े हैं, मुर्दों के बीच डाल दिया गया हूँ, जिनको तू फिर कभी याद नहीं करता और वह तेरे हाथ से काट डाले गए।
6 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​မှောင်​ဆုံး၊ အ​နက်​ဆုံး​သော​တွင်း​တည်း​ဟူ​သော​နက်​ရှိုင်း​ရာ သင်္ချိုင်း​တွင်း​ထဲ​သို့​ပစ်​ချ​တော်​မူ​ပါ​ပြီ။
तूने मुझे गहराओ में, अँधेरी जगह में, पाताल की तह में रख्खा है।
7 အ​မျက်​တော်​သည်​ကျွန်​တော်​မျိုး​အား​ဖိ​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​မျက်​တော်​၏ လှိုင်း​တံ​ပိုး​အောက်​တွင်​ပိ​ပြား​၍​နေ​ပါ​၏။
मुझ पर तेरा क़हर भारी है, तूने अपनी सब मौजों से मुझे दुख दिया है। (सिलाह)
8 ကျွန်​တော်​မျိုး​အား​မိတ်​ဆွေ​များ​စွန့်​ပစ်​စေ​တော် မူ​ပါ​ပြီ။ ထို​သူ​တို့​၏​ရှေ့​တွင်​ကျွန်​တော်​မျိုး​အား စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ပိတ်​မိ​နေ​သ​ဖြင့် မ​လွတ်​မြောက်​နိုင်​တော့​ပါ။
तूने मेरे जान पहचानों को मुझ से दूर कर दिया; तूने मुझे उनके नज़दीक घिनौना बना दिया। मैं बन्द हूँ और निकल नहीं सकता।
9 ကျွန်​တော်​မျိုး​ခံ​ရ​သော​ဒုက္ခ​ကြောင့်​မျက်​စိ​များ​သည် ပြာ​ဝေ​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင် အား​ခေါ်​ပါ​၏။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ထံ​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။
मेरी आँख दुख से धुंधला चली। ऐ ख़ुदावन्द, मैंने हर रोज़ तुझ से दुआ की है; मैंने अपने हाथ तेरी तरफ़ फैलाए हैं।
10 ၁၀ ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။
क्या तू मुर्दों को 'अजायब दिखाएगा? क्या वह जो मर गए हैं उठ कर तेरी ता'रीफ़ करेंगे? (सिलाह)
11 ၁၁ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။
क्या तेरी शफ़क़त का ज़िक्र क़ब्र में होगा, या तेरी वफ़ादारी का जहन्नुम में?
12 ၁၂ ကိုယ်​တော်​ရှင်​၏​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို ထို​မှောင်​မိုက်​ရာ​အ​ရပ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို မေ့​လျော့​ရာ​အ​ရပ်​၌​လည်း​ကောင်း​သိ​မြင်​ခြင်း ရှိ​ပါ​သ​လော။
क्या तेरे 'अजायब को अंधेरे में पहचानेंगे, और तेरी सदाक़त को फ़रामोशी की सरज़मीन में?
13 ၁၃ အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။
लेकिन ऐ ख़ुदावन्द, मैंने तो तेरी दुहाई दी है; और सुबह को मेरी दुआ तेरे सामने पहुँचेगी।
14 ၁၄ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။
ऐ ख़ुदावन्द, तू क्यूँ। मेरी जान को छोड़ देता है? तू अपना चेहरा मुझ से क्यूँ छिपाता है?
15 ၁၅ ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။
मैं लड़कपन ही से मुसीबतज़दा और मौत के क़रीब हूँ मैं तेरे डर के मारे बद हवास हो गया।
16 ၁၆ ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။
तेरा क़हर — ए — शदीद मुझ पर आ पड़ा: तेरी दहशत ने मेरा काम तमाम कर दिया।
17 ၁၇ ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။
उसने दिनभर सैलाब की तरह मेरा घेराव किया; उसने मुझे बिल्कुल घेर लिया।
18 ၁၈ အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။
तूने दोस्त व अहबाब को मुझ से दूर किया और मेरे जान पहचानों को अंधेरे में डाल दिया है।

< ဆာလံ 88 >