< ဆာလံ 78 >

1 ငါ​၏​အ​မျိုး​သား​တို့၊ငါ​၏​သွန်​သင်​ချက်​ကို နား​ထောင်​ကြ​လော့။ ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​ကြ​လော့။
[A contemplation by Asaph.] Hear my teaching, my people. Turn your ears to the words of my mouth.
2 ဘိုး​ဘေး​တို့​ပြော​ကြား​ခဲ့​သ​ဖြင့်​ငါ​တို့ ကြား​သိ​ရ​သည့်
I will open my mouth in a parable. I will utter dark sayings since the beginning of the world,
3 အ​တိတ်​ကာ​လ​မှ​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​များ​အ​ကြောင်း​ကို သင်​တို့​အား​ငါ​စ​ကား​ပုံ​များ​ဖြင့်​ရှင်း ပြ​မည်။
which we have heard and known, and our fathers have told us.
4 ယင်း​တို့​ကို​ငါ​တို့​သည်​သား​မြေး​များ​ထံ​မှ ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​နှင့်​ကြီး​မြတ်​သော အ​မှု​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​လည်း​ကောင်း နောက်​လူ​မျိုး​ဆက်​အား​ဖော်​ပြ​မည်။
We will not hide them from their descendants, telling to the generation to come the praises of the LORD, his strength, and his wondrous works that he has done.
5 ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။ ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန် ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။
For he established a testimony in Jacob, and appointed a teaching in Israel, which he commanded our fathers, that they should make them known to their children;
6 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။
that the generation to come might know it, the children yet unborn, and arise and tell their children,
7 ဤ​နည်း​အား​ဖြင့်​ယင်း​သား​မြေး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​စား​လာ​ကာ ကိုယ်​တော်​ပြု​သော​အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့​ဘဲ​ပ​ညတ်​တော်​တို့​ကို​အ​စဉ် စောင့်​ထိန်း​ကြ​ပေ​လိမ့်​မည်။
that they might set their hope in God, and not forget the works of God, but keep his commandments,
8 သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။
and might not be as their fathers, a stubborn and rebellious generation, a generation that did not make their hearts loyal, whose spirit was not steadfast with God.
9 လေး​မြား​ကို​ကိုင်​စွဲ​တိုက်​ခိုက်​ကြ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌ ထွက်​ပြေး​ကြ​ကုန်​၏။
The people of Ephraim, being armed and carrying bows, turned back in the day of battle.
10 ၁၀ သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​ကို​လိုက်​နာ​ရန် ငြင်း​ဆန်​ကြ​၏။
They did not keep God's covenant, and refused to walk by his Law.
11 ၁၁ သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ပြု​တော်​မူ​သော​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း​မေ့​လျော့ ကြ​လေ​ကုန်​ပြီ။
They forgot his doings, his wondrous works that he had shown them.
12 ၁၂ အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။
He did marvelous things in the sight of their fathers, in the land of Egypt, in the field of Zoan.
13 ၁၃ ကိုယ်​တော်​သည်​ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​ကို​စု​ပုံ​စေ​ပြီး​လျှင်​သူ​တို့​အား ဖြတ်​ကူး​စေ​တော်​မူ​၏။
He split the sea, and caused them to pass through. He made the waters stand as a heap.
14 ၁၄ နေ့​အ​ချိန်​၌​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက် အား​ဖြင့်​လည်း​ကောင်း၊ တစ်​ည​ပတ်​လုံး​မီး​အ​လင်း​ရောင် အား​ဖြင့်​လည်း​ကောင်း​သူ​တို့​အား​လမ်း​ပြ ပို့​ဆောင်​တော်​မူ​၏။
In the daytime he also led them with a cloud, and all night with a light of fire.
15 ၁၅ ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင် ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။
He split rocks in the wilderness, and gave them drink abundantly as out of the depths.
16 ၁၆ ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ စမ်း​ရေ​ထွက်​စေ​လျက်​မြစ်​သ​ဖွယ် စီး​ဆင်း​စေ​တော်​မူ​၏။
He brought streams also out of the rock, and caused waters to run down like rivers.
17 ၁၇ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ပြစ်​မှား​မြဲ​ပြစ်​မှား​လျက် အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​ကို သဲ​ကန္တာ​ရ​တွင်​ပုန်​ကန်​ကြ​၏။
Yet they still went on to sin against him, to rebel against the Most High in the desert.
18 ၁၈ သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
They tempted God in their heart by asking food according to their desire.
19 ၁၉ ``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။
Yes, they spoke against God. They said, "Can God prepare a table in the wilderness?
20 ၂၀ ကျောက်​ဆောင်​ကို​ကိုယ်​တော်​ရိုက်​လိုက်​သော အ​ခါ အ​ရှိန်​ပြင်း​သည့်​ချောင်း​သ​ဖွယ်​ရေ​ထွက်​လာ သည်​မှာ မှန်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စား​အ​စာ​ကို ကျွေး​နိုင်​ပါ​မည်​လော။ မိ​မိ​၏​လူ​စု​တော်​အား​အ​မဲ​သား​ကို​ပေး​နိုင် ပါ​မည်​လော'' ဟု​ဆို​၍ ဘု​ရား​သ​ခင်​အား​မ​ကျေ​နပ်​သည့်​စ​ကား​ကို ပြော​ဆို​ကြ​၏။
Look, he struck the rock, so that waters gushed out, and streams overflowed. Can he give bread also? Will he provide flesh for his people?"
21 ၂၁ ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။ ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။ အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။
Therefore the LORD heard, and was angry. A fire was kindled against Jacob, anger also went up against Israel,
22 ၂၂
because they did not believe in God, and did not trust in his salvation.
23 ၂၃ သို့​သော်​လည်း​ကိုယ်​တော်​သည်​အ​ထက် ကောင်း​ကင်​အား​မိန့်​မြွက်​တော်​မူ​၏။ ကောင်း​ကင်​တံ​ခါး​များ​အား​ဖွင့်​ရန် အ​မိန့်​ပေး​တော်​မူ​၏။
Yet he commanded the clouds above, and opened the doors of heaven.
24 ၂၄ ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။ သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။
He rained down manna on them to eat, and gave them bread from heaven.
25 ၂၅ ထို့​ကြောင့်​သူ​တို့​သည်​ကောင်း​ကင်​တ​မန်​တို့​၏ အ​စား​အ​စာ​ကို​စား​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ဝ​ကျွေး​တော်​မူ​၏။
Man ate the bread of the mighty ones. He sent them food to the full.
26 ၂၆ ထို့​အ​ပြင်​ကိုယ်​တော်​သည် အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။
He caused the east wind to blow in the sky. By his power he guided the south wind.
27 ၂၇ ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကို မိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။
He rained also flesh on them as the dust; winged birds as the sand of the seas.
28 ၂၈ ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။
He let it fall in the midst of his camp, all around his tent.
29 ၂၉ သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။
So they ate, and were well filled. He gave them their own desire.
30 ၃၀ သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။
They did not turn from their cravings. Their food was yet in their mouths,
31 ၃၁ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံး လက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။
when the anger of God went up against them, killed some of the fattest of them, and struck down the young men of Israel.
32 ၃၂ ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။ ကိုယ်​တော်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။
For all this they still sinned, and did not believe in his wondrous works.
33 ၃၃ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား ထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။ သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။
Therefore he consumed their days in vanity, and their years in terror.
34 ၃၄ သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။
When he killed them, then they inquired after him. They returned and sought God earnestly.
35 ၃၅ ဘု​ရား​သ​ခင်​သည်​မိ​မိ​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော ကျောက်​တောင်​သ​ဖွယ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​သည် မိ​မိ​တို့​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း​သူ​တို့​သည်​သ​တိ​ရ​ကြ​ကုန်​၏။
They remembered that God was their rock, the Most High God, their redeemer.
36 ၃၆ သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​အား​နှုတ်​ဖြင့် မြှောက်​ပင့်​ပြော​ဆို​၍ လျှာ​ဖြင့်​လိမ်​လည်​လျှောက်​ထား​ကြ​၏။
But they flattered him with their mouth, and lied to him with their tongue.
37 ၃၇ သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။ ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။
For their heart was not right with him, neither were they faithful in his covenant.
38 ၃၈ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍ သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။
But he, being merciful, forgave iniquity, and did not destroy them. Yes, many times he turned his anger away, and did not stir up all his wrath.
39 ၃၉ ထို​သူ​တို့​ကား​လူ​သား​များ​သာ​ဖြစ်​ကြောင်း၊ အ​နီး​မှ​ဖြတ်​၍​တိုက်​ကာ ပျောက်​ကွယ်​သွား​တတ်​သော​လေ​ကဲ့​သို့ ဖြစ်​ကြောင်း​ကို​သ​တိ​ရ​တော်​မူ​၏။
He remembered that they were but flesh, a wind that passes away, and doesn't come again.
40 ၄၀ သူ​တို့​သည်​တော​ကန္တာ​ရ​တွင်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​အား​ပုန်​ကန်​ခဲ့​ကြ​၏။ ကြိမ်​ဖန်​များ​စွာ​ကိုယ်​တော်​အား​စိတ်​မ​ချမ်း​မ​သာ ဖြစ်​စေ​ခဲ့​ကြ​ပါ​သည်​တ​ကား။
How often they rebelled against him in the wilderness, and grieved him in the desert.
41 ၄၁ သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။
They turned again and tempted God, and gave pain to the Holy One of Israel.
42 ၄၂ သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း မိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှ ကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။
They did not remember his hand, nor the day when he redeemed them from the adversary;
43 ၄၃
how he set his signs in Egypt, his wonders in the field of Zoan,
44 ၄၄ အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန် ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။
he turned their rivers into blood, and their streams, so that they could not drink.
45 ၄၅ ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊ သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့် ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။
He sent among them swarms of flies, which devoured them; and frogs, which destroyed them.
46 ၄၆ သူ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ​ကို​စား​ပစ်​ရန်​နှင့် လယ်​ယာ​များ​ကို​ဖျက်​ဆီး​ပစ်​ရန်​နှံ​ကောင်​များ​ကို စေ​လွှတ်​တော်​မူ​၏။
He gave also their increase to the caterpillar, and their labor to the locust.
47 ၄၇ သူ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​မိုး​သီး​အား​ဖြင့် လည်း​ကောင်း၊ သ​ဖန်း​ပင်​များ​ကို​ဆီး​နှင်း​ခဲ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​တော်​မူ​၏။
He destroyed their vines with hail, their sycamore fig trees with frost.
48 ၄၈ သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊ သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။
He gave over their livestock also to the hail, and their flocks to hot thunderbolts.
49 ၄၉ ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။ အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။
He threw on them the fierceness of his anger, wrath, indignation, and trouble, and a band of destroying angels.
50 ၅၀ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။ သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။
He made a path for his anger. He did not spare their soul from death, but gave their life over to the pestilence,
51 ၅၁ ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု​အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။
and struck all the firstborn in Egypt, the chief of their strength in the tents of Ham.
52 ၅၂ ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။
But he led forth his own people like sheep, and guided them in the wilderness like a flock.
53 ၅၃ ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။ သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။
He led them safely, so that they weren't afraid, but the sea overwhelmed their enemies.
54 ၅၄ ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ပြည်​တော်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​တိုင်​သိမ်း​ပိုက်​တော်​မူ​ခဲ့​သည့် တောင်​တော်​သို့​လည်း​ကောင်း​ပို့​ဆောင်​တော် မူ​၏။
He brought them to the border of his sanctuary, to this mountain, which his right hand had taken.
55 ၅၅ မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။
He also drove out the nations before them, allotted them for an inheritance by line, and made the tribes of Israel to dwell in their tents.
56 ၅၆ သို့​ရာ​တွင်​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​အား​ပုန်​ကန်​၍​သွေး​စမ်း​ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို မ​စောင့်​မ​ထိန်း​ကြ။
Yet they tempted and rebelled against the Most High God, and did not keep his testimonies;
57 ၅၇ မိ​မိ​တို့​ဘိုး​ဘေး​များ​နည်း​တူ​သစ္စာ​ဖောက်​၍ ပုန်​ကန်​ကြ​၏။ သူ​တို့​ကား​လေး​မှ​ပစ်​ထုတ်​လိုက်​သည့် လိမ်​ကောက်​နေ​သော​မြား​သ​ဖွယ်​စိတ်​မ​ချ​ရ သူ​များ​ဖြစ်​၏။
but turned back, and dealt treacherously like their fathers. They were turned aside like a deceitful bow.
58 ၅၈ သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။
For they provoked him to anger with their high places, and moved him to jealousy with their engraved images.
59 ၅၉ မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။
When God heard this, he was angry, and greatly abhorred Israel;
60 ၆၀ ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။
So that he forsook the tabernacle at Shiloh, the tent where he dwelt among men;
61 ၆၁ တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။
and delivered his strength into captivity, his glory into the adversary's hand.
62 ၆၂ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။
He also gave his people over to the sword, and was angry with his inheritance.
63 ၆၃ ငယ်​ရွယ်​သူ​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကုန်​သ​ဖြင့်​ငယ်​ရွယ်​သူ အ​မျိုး​သ​မီး​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
Fire devoured their young men. Their virgins had no wedding song.
64 ၆၄ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။ သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။
Their priests fell by the sword, and their widows couldn't weep.
65 ၆၅ နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​ရာ​မှ နိုး​ထ​သူ​ကဲ့​သို့​လည်း​ကောင်း စ​ပျစ်​ရည်​အ​ရှိန်​ဖြင့်​စိတ်​တက်​ကြွ​လာ​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း​နိုး​ထ​တော်​မူ​၏။
Then the Lord awakened as one out of sleep, like a mighty man who shouts by reason of wine.
66 ၆၆ မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။
He struck his adversaries backward. He made them a permanent shame.
67 ၆၇ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယော​သပ်​၏​သား​မြေး တို့​ကို ပစ်​ပယ်​တော်​မူ​၏။ ဧ​ဖ​ရိမ်​အ​မျိုး​အ​နွယ်​ကို​ရွေး​ချယ်​တော်​မ​မူ။
Moreover he rejected the tent of Joseph, and did not choose the tribe of Ephraim,
68 ၆၈ သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့် ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။
But chose the tribe of Judah, Mount Zion which he loved.
69 ၆၉ ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။
He built his sanctuary like the heights, like the earth which he has established forever.
70 ၇၀ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ရွေး​ချယ်​တော်​မူ​၏။ သိုး​များ​ကို​ထိန်း​ကျောင်း​ရာ​မှ​သူ့​ကို​ခေါ်​ယူ တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်၊ ဘု​ရား​သ​ခင်​လူ​စု​တော်​ကို​စောင့်​ထိန်း​သော သိုး​ထိန်း​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။
He also chose David his servant, and took him from the sheepfolds;
71 ၇၁
from following the ewes that have their young, he brought him to be the shepherd of Jacob his servant, and Israel his inheritance.
72 ၇၂ ဒါ​ဝိဒ်​မင်း​သည်​သိုး​ထိန်း​အ​ဖြစ်​နှင့်​ထို​သူ​တို့​အား ကိုယ်​ကျိုး​စွန့်​ကာ​စောင့်​ရှောက်​ကြည့်​ရှု​၍ လိမ္မာ​ကျွမ်း​ကျင်​စွာ​ရှေ့​ဆောင်​လမ်းပြ​လေ​သည်။
So he was their shepherd according to the integrity of his heart, and guided them by the skillfulness of his hands.

< ဆာလံ 78 >