< ဆာလံ 58 >

1 အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။ လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။
Pou chèf sanba yo. Se pou yo chante sou lè chante ki di: Pa detwi. Se yon chante David. Nou menm ki reprezante Bondye, èske nou rann jistis la tout bon vre? Nou menm lèzòm, èske nou jije san patipri?
2 သင်​တို့​ကား​ယင်း​သို့​မ​ပြု၊မိ​မိ​တို့​ပြု​မည့် ဒု​စ​ရိုက်​ကို​သာ​လျှင်​စဉ်း​စား​ကြံ​စည်​လျက် တိုင်း​ပြည်​တွင်​အ​ဋ္ဌမ္မ​အ​ကြမ်း​ဖက်​မှု​ကို ကူး​လွန်​ကြ​၏။
Non! Okontrè! Se move lide ase ki nan kè nou. N'ap plede fè mechanste nan tout peyi a.
3 ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။
Malveyan yo pèvèti depi nan vant manman yo. Moun k'ap bay manti yo gen madichon depi yo fèt.
4 သူ​တို့​သည်​အ​ဆိပ်​ရှိ​သည့်​မြွေ​များ​နှင့်​တူ ကြ​၏။ နား​ပင်း​သည့်​မြွေ​ဟောက်​သည်​အ​လမ္ပာယ် ဆ​ရာ​၏ အ​သံ​ကို​သော်​လည်း​ကောင်း၊ကျင်​လည်​သော မျက်​လှည့်​ဆ​ရာ​၏​မန္တန်​ကို​သော်​လည်း​ကောင်း မ​ကြား​ရ။ သူ​တို့​သည်​နား​ပင်း​သည့်​မြွေ​ဟောက်​နည်း​တူ မိ​မိ​တို့​၏​နား​များ​ကို​ပိတ်​ထား​ကြ​၏။
Yo gen yon pwazon nan bouch yo, tankou pwazon sèpan. Yo pa pran priyè, yo tankou sèpan aspik,
5
ki fèmen zòrèy yo pou yo pa tande vwa moun k'ap chante pou fè yo dòmi, menm lè moun yo gen bèl bèl vwa.
6 အို ဘု​ရား​သ​ခင်၊ ဤ​ရက်​စက်​ကြမ်း​ကြုတ်​သော​ခြင်္သေ့​၏​အ​စွယ် များ​ကို ချိုး​တော်​မူ​ပါ။
Bondye, tanpri, kase dan nan bouch yo! Kase kwòk dan jenn lyon yo, Seyè!
7 သူ​တို့​သည်​စီး​ဆင်း​ပျောက်​ကွယ်​သွား​တတ်​သည့် ရေ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ လူ​သွား​လမ်း​ပေါ်​မှ​ပေါင်း​ပင်​များ​ကဲ့​သို့ ကြေ​မွ​သွား​ကြ​ပါ​စေ​သော။
Se pou yo disparèt tankou dlo lavalas k'ap koule desann. Se pou moun kraze yo anba pye tankou zèb sou granchemen.
8 သူ​တို့​သည်​အ​ကျိ​အ​ချွဲ​အ​ဖြစ်​သို့​အ​ရည် ပျော်​၍ သွား​တတ်​သည့်​ပက်​ကျိ​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ အ​လင်း​ရောင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​မြင်​ရ​သည့် လျှော​မွေး​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။
Se pou yo fonn tankou mantèg nan solèy. Se pou yo pa janm wè solèy tankou tibebe ki fèt tou mouri.
9 သူ​တို့​သည်​မ​မျှော်​လင့်​သော​အ​ချိန်​တွင်​ချုံ​ဖုတ် ကဲ့​သို့ ခုတ်​ပစ်​ခြင်း​ကို​ခံ​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့​အား​ကွယ်​ပျောက်​သွား​စေ​တော်​မူ​လိမ့်​မည်။
Anvan menm yo konnen sa k'ap rive yo, se pou yo boule tankou raje. Bondye ap fè kòlè, l'ap rache yo pandan yo tou vivan.
10 ၁၀ သူ​တော်​ကောင်း​တို့​သည်​အ​ပြစ်​ကူး​သူ​များ အ​ပြစ်​ဒဏ်​သင့်​ကြ​သည်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​ယုတ်​မာ​တို့​၏​သွေး​အိုင်​တွင် ခြေ​ဆေး​ကြ​လိမ့်​မည်။
Moun ki mache dwat devan Bondye gen pou yo kontan lè yo wè jan yo pini mechan yo. Y'a lave pye yo nan san mechan yo.
11 ၁၁ လူ​တို့​က``သူ​တော်​ကောင်း​တို့​သည်​ဧ​ကန်​အ​မှန်​ပင် ကောင်း​ကျိုး​ချမ်း​သာ​ခံ​စား​ကြ​ရ​၏။ ကမ္ဘာ​လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
Lè sa a, moun va di: -Wi, sa vo lapenn pou moun mache dwat devan Bondye. Wi, gen yon Bondye k'ap jije moun sou latè.

< ဆာလံ 58 >