< ဆာလံ 34 >
1 ၁ ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။
Blagosiljam Gospoda u svako doba, hvala je njegova svagda u ustima mojima.
2 ၂ ငါသည်ကိုယ်တော်ပြုတော်မူသော အမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။ အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။
Gospodom se hvali duša moja; neka èuju koji stradaju, pa neka se raduju.
3 ၃ ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုငါနှင့် အတူ ကြွေးကြော်ကြလော့။ ငါတို့သည်အတူတကွကိုယ်တော်၏နာမတော် ကို ထောမနာပြုကြကုန်အံ့။
Velièajte Gospoda sa mnom, uzvišujmo ime njegovo zajedno.
4 ၄ ငါသည်ထာဝဘုရားအား ဆုတောင်းပတ္ထနာပြုသည့်အခါကိုယ်တော်သည် နားညောင်းတော်မူ၏။ ကြောက်လန့်ဖွယ်ရာဟူသမျှမှငါ့ကို ကယ်နုတ်တော်မူ၏။
Tražih Gospoda, i èu me, i svijeh nevolja mojih oprosti me.
5 ၅ အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။ သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
Koji u njega gledaju prosvjetljuju se, i lica se njihova neæe postidjeti.
6 ၆ ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
Ovaj stradalac zavika, i Gospod ga èu, i oprosti ga svijeh nevolja njegovijeh.
7 ၇ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အား ကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။
Anðeli Gospodnji stanom stoje oko onijeh koji se njega boje, i izbavljaju ih.
8 ၈ ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
Ispitajte i vidite kako je dobar Gospod; blago èovjeku koji se uzda u nj.
9 ၉ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
Bojte se Gospoda, sveti njegovi; jer koji se njega boje, njima nema oskudice.
10 ၁၀ ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
Lavovi su ubogi i gladni, a koji traže Gospoda, ne premièe im se nijednoga dobra.
11 ၁၁ ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
Hodite, djeco, poslušajte me; nauèiæu vas strahu Gospodnjemu.
12 ၁၂ သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။ အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။
Koji èovjek želi života, ljubi dane da bi vidio dobro?
13 ၁၃ လိုလားပါလျှင်ညစ်ညမ်းသည့်စကားနှင့် မုသားစကားကိုမပြောကြနှင့်။
Ustavljaj jezik svoj oda zla, i usta svoja od prijevarne rijeèi.
14 ၁၄ ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
Kloni se oda zla, i èini dobro, traži mira i idi za njim.
15 ၁၅ ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
Oèi su Gospodnje obraæene na pravednike, i uši njegove na jauk njihov.
16 ၁၆ သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါ မကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန် ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
Ali je strašno lice Gospodnje za one koji èine zlo, da bi istrijebio na zemlji spomen njihov.
17 ၁၇ သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါ ကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
Vièu pravedni, i Gospod ih èuje, i izbavlja ih od svijeh nevolja njihovijeh.
18 ၁၈ ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
Gospod je blizu onijeh koji su skrušena srca, i pomaže onima koji su smjerna duha.
19 ၁၉ သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
Mnogo nevolje ima pravednik, ali ga od svijeh izbavlja Gospod.
20 ၂၀ ထာဝရဘုရားသည်သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ သူ၏အရိုးတစ်ချောင်းမျှပင်လျှင်မကျိုး မပဲ့ရ။
Èuva Gospod sve kosti njegove, nijedna se od njih neæe slomiti.
21 ၂၁ သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။ သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။
Bezbožnika ubiæe zlo, i koji nenavide pravednika prevariæe se.
22 ၂၂ ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။
Gospod iskupljuje dušu sluga svojih, i koji se god u njega uzdaju, neæe se prevariti.