< ဆာလံ 3 >

1 ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တွင်​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တစ်​ဘက်​၌​ထ​ကြွ​သူ​များ​ကြ​ပါ​၏။
Psalmus David, Cum fugeret a facie Absalom filii sui. Domine quid multiplicati sunt qui tribulant me? multi insurgunt adversum me.
2 သူ​တို့​က​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို ကူ​မ​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ပြော​ဆို​ကြ​ပါ​၏။
Multi dicunt animae meae: Non est salus ipsi in Deo eius.
3 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။
Tu autem Domine susceptor meus es, gloria mea, et exaltans caput meum.
4 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ကူ​မ တော်​မူ​ရန် ဟစ်​အော်​တောင်း​လျှောက်​သည့်​အ​ခါ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ​တောင်​ပေါ်​မှ ငါ​၏​ဆု​တောင်း​ပတ္ထနာ​သံ​ကို​နား​ညောင်း​တော်​မူ​၏။
Voce mea ad Dominum clamavi: et exaudivit me de monte sancto suo.
5 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။
Ego dormivi, et soporatus sum: et exurrexi, quia Dominus suscepit me.
6 မိ​မိ​ပတ်​လည်​တွင်​ဝိုင်း​ရံ​လျက်​ရှိ​သော ရန်​သူ​ထောင်​သောင်း​များ​စွာ​တို့​ကို ငါ​သည်​မ​ကြောက်။
Non timebo millia populi circumdantis me: exurge Domine: salvum me fac Deus meus.
7 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။
Quoniam tu percussisti omnes adversantes mihi sine causa: dentes peccatorum contrivisti.
8 ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကို​ပေး​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ပေါ်​သို့ ကောင်း​ချီး​မင်္ဂလာ​သက်​ရောက်​ပါ​စေ​သော။
Domini est salus: et super populum tuum benedictio tua.

< ဆာလံ 3 >