< ဆာလံ 143 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။
दाऊद का भजन हे यहोवा, मेरी प्रार्थना सुन; मेरे गिड़गिड़ाने की ओर कान लगा! तू जो सच्चा और धर्मी है, इसलिए मेरी सुन ले,
2 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။
और अपने दास से मुकद्दमा न चला! क्योंकि कोई प्राणी तेरी दृष्टि में निर्दोष नहीं ठहर सकता।
3 ရန်​သူ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​လံ​၍​မီ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​စေ​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​မျိုး​ကို​မှောင်​သော​အ​ရပ်​တွင် ချုပ်​နှောင်​ထား​ပြီ​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရှေး​လွန်​လေ​ပြီး​သော အ​ခါ​က သေ​လွန်​ခဲ့​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
शत्रु तो मेरे प्राण का गाहक हुआ है; उसने मुझे चूर करके मिट्टी में मिलाया है, और मुझे बहुत दिन के मरे हुओं के समान अंधेरे स्थान में डाल दिया है।
4 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လက်​လျှော့​၍ အ​ရှုံး​ပေး​ရန်​အ​သင့်​ရှိ​ပါ​ပြီ။ အ​လွန်​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။
मेरी आत्मा भीतर से व्याकुल हो रही है मेरा मन विकल है।
5 ကျွန်​တော်​မျိုး​သည်​ကုန်​လွန်​ခဲ့​သည့်​နေ့​ရက်​တို့​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ ရှိ​သ​မျှ​တို့​ကို​ဆင်​ခြင်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရာ​တော်​တို့​ကို​စဉ်း​စား​ပါ​၏။
मुझे प्राचीनकाल के दिन स्मरण आते हैं, मैं तेरे सब अद्भुत कामों पर ध्यान करता हूँ, और तेरे हाथों के कामों को सोचता हूँ।
6 ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။
मैं तेरी ओर अपने हाथ फैलाए हुए हूँ; सूखी भूमि के समान मैं तेरा प्यासा हूँ। (सेला)
7 အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။
हे यहोवा, फुर्ती करके मेरी सुन ले; क्योंकि मेरे प्राण निकलने ही पर हैं! मुझसे अपना मुँह न छिपा, ऐसा न हो कि मैं कब्र में पड़े हुओं के समान हो जाऊँ।
8 နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။
प्रातःकाल को अपनी करुणा की बात मुझे सुना, क्योंकि मैंने तुझी पर भरोसा रखा है। जिस मार्ग पर मुझे चलना है, वह मुझ को बता दे, क्योंकि मैं अपना मन तेरी ही ओर लगाता हूँ।
9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။
हे यहोवा, मुझे शत्रुओं से बचा ले; मैं तेरी ही आड़ में आ छिपा हूँ।
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။
१०मुझ को यह सिखा, कि मैं तेरी इच्छा कैसे पूरी करूँ, क्योंकि मेरा परमेश्वर तू ही है! तेरी भली आत्मा मुझ को धर्म के मार्ग में ले चले!
11 ၁၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား ဆင်း​ရဲ​ဒုက္ခ​များ​မှ​ကယ်​တော်​မူ​ပါ။
११हे यहोवा, मुझे अपने नाम के निमित्त जिला! तू जो धर्मी है, मुझ को संकट से छुड़ा ले!
12 ၁၂ ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။
१२और करुणा करके मेरे शत्रुओं का सत्यानाश कर, और मेरे सब सतानेवालों का नाश कर डाल, क्योंकि मैं तेरा दास हूँ।

< ဆာလံ 143 >