< သုတ္တံကျမ်း 11 >

1 မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
מֹאזְנֵ֣י מִ֭רְמָה תֹּועֲבַ֣ת יְהוָ֑ה וְאֶ֖בֶן שְׁלֵמָ֣ה רְצֹונֹֽו׃
2 မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
בָּֽא־זָ֭דֹון וַיָּבֹ֣א קָלֹ֑ון וְֽאֶת־צְנוּעִ֥ים חָכְמָֽה׃
3 ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
תֻּמַּ֣ת יְשָׁרִ֣ים תַּנְחֵ֑ם וְסֶ֖לֶף בֹּוגְדִ֣ים וְשַׁדָּם (יְשָׁדֵּֽם)׃
4 အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
לֹא־יֹועִ֣יל הֹ֭ון בְּיֹ֣ום עֶבְרָ֑ה וּ֝צְדָקָ֗ה תַּצִּ֥יל מִמָּֽוֶת׃
5 ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
צִדְקַ֣ת תָּ֭מִים תְּיַשֵּׁ֣ר דַּרְכֹּ֑ו וּ֝בְרִשְׁעָתֹ֗ו יִפֹּ֥ל רָשָֽׁע׃
6 ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
צִדְקַ֣ת יְ֭שָׁרִים תַּצִּילֵ֑ם וּ֝בְהַוַּ֗ת בֹּגְדִ֥ים יִלָּכֵֽדוּ׃
7 ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
בְּמֹ֤ות אָדָ֣ם רָ֭שָׁע תֹּאבַ֣ד תִּקְוָ֑ה וְתֹוחֶ֖לֶת אֹונִ֣ים אָבָֽדָה׃
8 ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
צַ֭דִּיק מִצָּרָ֣ה נֶחֱלָ֑ץ וַיָּבֹ֖א רָשָׁ֣ע תַּחְתָּֽיו׃
9 အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
בְּפֶ֗ה חָ֭נֵף יַשְׁחִ֣ת רֵעֵ֑הוּ וּ֝בְדַ֗עַת צַדִּיקִ֥ים יֵחָלֵֽצוּ׃
10 ၁၀ တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
בְּט֣וּב צַ֭דִּיקִים תַּעֲלֹ֣ץ קִרְיָ֑ה וּבַאֲבֹ֖ד רְשָׁעִ֣ים רִנָּֽה׃
11 ၁၁ တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
בְּבִרְכַּ֣ת יְ֭שָׁרִים תָּר֣וּם קָ֑רֶת וּבְפִ֥י רְ֝שָׁעִ֗ים תֵּהָרֵֽס׃
12 ၁၂ ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
בָּז־לְרֵעֵ֥הוּ חֲסַר־לֵ֑ב וְאִ֖ישׁ תְּבוּנֹ֣ות יַחֲרִֽישׁ׃
13 ၁၃ လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
הֹולֵ֣ךְ רָ֭כִיל מְגַלֶּה־סֹּ֑וד וְנֶאֱמַן־ר֝֗וּחַ מְכַסֶּ֥ה דָבָֽר׃
14 ၁၄ အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
בְּאֵ֣ין תַּ֭חְבֻּלֹות יִפָּל־עָ֑ם וּ֝תְשׁוּעָ֗ה בְּרֹ֣ב יֹועֵֽץ׃
15 ၁၅ အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
רַע־יֵ֭רֹועַ כִּי־עָ֣רַב זָ֑ר וְשֹׂנֵ֖א תֹקְעִ֣ים בֹּוטֵֽחַ׃
16 ၁၆ နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
אֵֽשֶׁת־חֵ֭ן תִּתְמֹ֣ךְ כָּבֹ֑וד וְ֝עָרִיצִ֗ים יִתְמְכוּ־עֹֽשֶׁר׃
17 ၁၇ သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
גֹּמֵ֣ל נַ֭פְשֹׁו אִ֣ישׁ חָ֑סֶד וְעֹכֵ֥ר שְׁ֝אֵרֹ֗ו אַכְזָרִֽי׃
18 ၁၈ မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
רָשָׁ֗ע עֹשֶׂ֥ה פְעֻלַּת־שָׁ֑קֶר וְזֹרֵ֥עַ צְ֝דָקָ֗ה שֶׂ֣כֶר אֱמֶֽת׃
19 ၁၉ ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
כֵּן־צְדָקָ֥ה לְחַיִּ֑ים וּמְרַדֵּ֖ף רָעָ֣ה לְמֹותֹֽו׃
20 ၂၀ သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
תֹּועֲבַ֣ת יְ֭הוָה עִקְּשֵׁי־לֵ֑ב וּ֝רְצֹונֹ֗ו תְּמִ֣ימֵי דָֽרֶךְ׃
21 ၂၁ လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
יָ֣ד לְ֭יָד לֹא־יִנָּ֣קֶה רָּ֑ע וְזֶ֖רַע צַדִּיקִ֣ים נִמְלָֽט׃
22 ၂၂ သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
נֶ֣זֶם זָ֭הָב בְּאַ֣ף חֲזִ֑יר אִשָּׁ֥ה יָ֝פָ֗ה וְסָ֣רַת טָֽעַם׃
23 ၂၃ ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
תַּאֲוַ֣ת צַדִּיקִ֣ים אַךְ־טֹ֑וב תִּקְוַ֖ת רְשָׁעִ֣ים עֶבְרָֽה׃
24 ၂၄ စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
יֵ֣שׁ מְ֭פַזֵּר וְנֹוסָ֥ף עֹ֑וד וְחֹושֵׂ֥ךְ מִ֝יֹּ֗שֶׁר אַךְ־לְמַחְסֹֽור׃
25 ၂၅ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
נֶֽפֶשׁ־בְּרָכָ֥ה תְדֻשָּׁ֑ן וּ֝מַרְוֶ֗ה גַּם־ה֥וּא יֹורֶֽא׃
26 ၂၆ စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
מֹ֣נֵֽעַ בָּ֭ר יִקְּבֻ֣הוּ לְאֹ֑ום וּ֝בְרָכָ֗ה לְרֹ֣אשׁ מַשְׁבִּֽיר׃
27 ၂၇ ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
שֹׁ֣חֵֽר טֹ֭וב יְבַקֵּ֣שׁ רָצֹ֑ון וְדֹרֵ֖שׁ רָעָ֣ה תְבֹואֶֽנּוּ׃
28 ၂၈ မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
בֹּוטֵ֣חַ בְּ֭עָשְׁרֹו ה֣וּא יִפֹּ֑ל וְ֝כֶעָלֶ֗ה צַדִּיקִ֥ים יִפְרָֽחוּ׃
29 ၂၉ မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
עֹוכֵ֣ר בֵּ֭יתֹו יִנְחַל־ר֑וּחַ וְעֶ֥בֶד אֱ֝וִ֗יל לַחֲכַם־לֵֽב׃
30 ၃၀ ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
פְּֽרִי־צַ֭דִּיק עֵ֣ץ חַיִּ֑ים וְלֹקֵ֖חַ נְפָשֹׂ֣ות חָכָֽם׃
31 ၃၁ ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
הֵ֣ן צַ֭דִּיק בָּאָ֣רֶץ יְשֻׁלָּ֑ם אַ֝֗ף כִּֽי־רָשָׁ֥ע וְחֹוטֵֽא׃

< သုတ္တံကျမ်း 11 >