< တောလည်ရာ 24 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို ကောင်း​ချီး​ပေး​စေ​လို​ကြောင်း​သိ​မြင်​သော အ​ခါ ဗာ​လမ်​သည်​ယ​ခင်​က​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ထံ​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ခံ​ယူ​ရန်​မ​ကြိုး စား​တော့​ချေ။ သူ​သည်​တော​ကန္တာ​ရ​ဘက်​သို့ လှည့်​ကြည့်​ရာ၊-
ထာဝရဘုရားသည်၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ် သိမြင်လျှင်၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှါ အရင် သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။
2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-
သို့ရာတွင်၊ မြော်ကြည့်၍ ဣသရေလ အမျိုးသား တို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊
3 ထို့​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​သည်။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိ ပွင့်သောသူ၊ ဗောရသား ဗာလမ်၏ စကား၊
4 သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် ၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တဲ​များ​သည် တင့်​တယ်​လှ​ပေ​စွ။
အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေ လအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှ လောက် တင့်တယ်ကြသည်တကား။
6 ရှည်​လျား​စွာ​ပေါက်​ရောက်​နေ​သော ထန်း​ပင်​တန်း​များ​နှင့်​တူ​ပေ​သည်။ မြစ်​ကမ်း​နား​မှာ​စိုက်​သော​ဥ​ယျာဉ်​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော အ​ကျော်​ပင်​များ​နှင့်​လည်း​ကောင်း၊ ရေ​နီး​ရာ​၌​ပေါက်​သော​အာ​ရဇ်​ပင်​များ​နှင့် လည်း​ကောင်း တူ​ပေ​သည်။
ကျယ်ဝန်းသော ချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော် ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊
7 ယင်း​တို့​အ​ပေါ်​တွင်​မိုး​များ​စွာ​ရွာ​သွန်း​လိမ့်​မည်။ ရေ​အ​လုံ​အ​လောက်​ရ​ရှိ​သော​လယ်​များ​တွင် စိုက်​ပျိုး​ရ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​သည်​အာ​ဂတ်​ဘု​ရင်​ထက် တန်​ခိုး​ကြီး​၍​နေ​ရာ​အ​နှံ့​သို့ သူ​၏​အာ​ဏာ​စက်​သက်​ရောက်​လိမ့်​မည်။
ထိုအမျိုး၏ ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ၏ ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
8 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​တော်​မူ​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ သူ​တို့​သည်​ရန်​သူ​များ​ကို​ချေ​မှုန်း​ကြ​၏။ ရန်​သူ​တို့​၏​အ​ရိုး​များ​ကို​ညက်​ညက်​ကြေ စေ​လျက် သူ​တို့​၏​မြား​များ​ကို​ချိုး​ဖျက်​ကြ​၏။
ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။
9 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော ခြင်္သေ့​နှင့်​တူ​၏။ သူ​အိပ်​နေ​သော​အ​ခါ​မည်​သူ​မျှ​သူ့​ကို​မ​နှိုး​ဝံ့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကောင်း​ချီး​ပေး သော သူ​သည်​ကောင်း​ချီး​ပေး​ခြင်း​ကို​ခံ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကျိန်​ဆဲ​သော သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​မည်။''
ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့ သို့၎င်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို၏။
10 ၁၀ ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-
၁၀ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက် ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား။
11 ၁၁ ယ​ခု​ကိုယ်​တော်​ပြန်​ပါ​လော့။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အား ဆု​လာဘ်​များ​ချီး​မြှင့်​မည်​ဟု က​တိ​ထား​ခဲ့​သော်​လည်း ထို​သို့​ချီး​မြှင့်​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​အ​လို​တော်​မ​ရှိ'' ဟု ဆို​လေ​၏။
၁၁ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ။ သို့ရာ တွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို၏။
12 ၁၂ ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။
၁၂ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
13 ၁၃
၁၃ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော။
14 ၁၄ ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။-
၁၄ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊
15 ၁၅ ထို​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
၁၅ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
16 ၁၆ သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
၁၆ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြား သောသူ၏စကားဟူမူကား၊
17 ၁၇ ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။
၁၇ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
18 ၁၈ သူ​သည်​ဧ​ဒုံ​ပြည်​ရှိ​ရန်​သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်။
၁၈ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။
19 ၁၉ ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။''
၁၉အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို၏။
20 ၂၀ ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။ သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။''
၂၀တဖန်အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို၏။
21 ၂၁ တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။
၂၁တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့ နေရာ သည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ။
22 ၂၂ သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ပျက်​စီး​ဆုံး​ပါး​လိမ့်​မည်။''
၂၂သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို၏။
23 ၂၃ ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို သည်။ ``မြောက်​အ​ရပ်​တွင်​မည်​သူ​တို့​စု​ရုံး​နေ​ကြ သ​နည်း။
၂၃တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။
24 ၂၄ ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍ အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။''
၂၄သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း နှောင့်ရှက်ကြ လိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
25 ၂၅ ထို​နောက်​ဗာ​လမ်​နှင့်​ဗာ​လက်​ဘု​ရင်​တို့​သည် မိ​မိ တို့​နေ​ရပ်​သို့​အ​သီး​သီး​ပြန်​သွား​ကြ​လေ​၏။
၂၅ဗာလမ်သည် ထ၍ မိမိနေရာအရပ်သို့ ပြန် သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။

< တောလည်ရာ 24 >