< တောလည်ရာ 2 >

1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။- 2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။ 3 အ​ရှေ့​ဘက်​မျက်​နှာ​တွင် ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ၇၄၆၀၀ ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ၅၄၄၀၀ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ၅၇၄၀၀ စု​စု​ပေါင်း ၁၈၆၄၀၀ ယု​ဒ​တပ်​သည်​ရှေ့​ဆုံး​မှ​ချီ​တက်​ရ​မည်။ 4 5 6 7 8 9 10 ၁၀ တောင်​ဘက်​မျက်​နှာ​တွင်​ရု​ဗင်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ၄၆၅၀၀ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေလ ၅၉၃၀၀ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် ၄၅၆၅၀ စု​စု​ပေါင်း ၁၅၁၄၅၀ ရု​ဗင်​တပ်​သည်​ဒု​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။ 11 ၁၁ 12 ၁၂ 13 ၁၃ 14 ၁၄ 15 ၁၅ 16 ၁၆ 17 ၁၇ အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။ 18 ၁၈ အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀ စု​စု​ပေါင်း ၁၀၈၁၀၀ ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။- 19 ၁၉ 20 ၂၀ 21 ၂၁ 22 ၂၂ 23 ၂၃ 24 ၂၄ 25 ၂၅ မြောက်​ဘက်​မျက်​နှာ​တွင်​ဒန်​၏​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ၆၂၇၀၀ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ၄၁၅၀၀ န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ ၅၃၄၀၀ စု​စု​ပေါင်း ၁၅၇၆၀၀ ဒန်​၏​တပ်​သည်​နောက်​ဆုံး​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။ 26 ၂၆ 27 ၂၇ 28 ၂၈ 29 ၂၉ 30 ၃၀ 31 ၃၁ 32 ၃၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။- 33 ၃၃ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။ 34 ၃၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။

< တောလည်ရာ 2 >