< မဿဲ 11 >

1 သ​ခင်​ယေ​ရှု​သည်​ထို​သို့​တ​ပည့်​တော်​တစ်​ကျိပ် နှစ်​ပါး​တို့​အား သြ​ဝါ​ဒ​ပေး​တော်​မူ​ပြီး​နောက် အ​နီး​အ​နား​ရှိ​မြို့​များ​တွင် ဟော​ပြော​သွန်​သင် ရန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၏။
E, aconteceu que, acabando Jesus de dar seus preceitos aos seus doze discípulos, partiu dali a ensinar e a pregar nas cidades deles.
2 ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို ယော​ဟန်​သည်​ထောင်​ထဲ​တွင်​ကြား သိ​ရ​သော​အ​ခါ မိ​မိ​၏​တ​ပည့်​များ​ကို​စေ လွှတ်​၍၊-
E João, ouvindo, no cárcere, falar dos feitos de Cristo, enviou dois dos seus discípulos,
3 ``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-
Dizendo-lhe: És tu aquele que havia de vir, ou esperamos outro?
4 သ​ခင်​ယေ​ရှု​က​ထို​သူ​တို့​အား ``သင်​တို့​မြင်​ရ ကြား​ရ​သည့်​အ​ရာ​များ​ကို​ယော​ဟန်​ထံ​သွား ၍​ပြော​ပြ​ကြ​လော့။-
E Jesus, respondendo, disse-lhes: Ide, e anunciai a João as coisas que ouvis e vêdes:
5 မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-
Os cegos veem, e os coxos andam; os leprosos são purificados, e os surdos ouvem; os mortos são resuscitados, e o evangelho é anunciado aos pobres.
6 ငါ​၏​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
E bem-aventurado é aquele que se não escandalizar em mim.
7 ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-
E, partindo eles, começou Jesus a dizer às turbas, a respeito de João: Que fostes ver no deserto? uma cana agitada pelo vento?
8 ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-
Ou que fostes vêr? um homem ricamente vestido? Os que trajam ricamente estão nas casas dos reis.
9 ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။-
Ou então que fostes vêr? um profeta? sim, vos digo eu, e muito mais do que profeta:
10 ၁၀ ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-
Porque é este de quem está escrito: Eis que adiante da tua face envio o meu anjo, que preparará adiante de ti o teu caminho.
11 ၁၁ လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-
Em verdade vos digo que, entre os que de mulheres tem nascido, não apareceu alguém maior do que João Batista; mas aquele que é o menor no reino dos céus é maior do que ele
12 ၁၂ ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-
E, desde os dias de João Batista até agora, se faz violência ao reino dos céus, e os violentos se apoderam dele.
13 ၁၃ ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။-
Porque todos os profetas e a lei profetizaram até João.
14 ၁၄ ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-
E, se quereis dar crédito, é este o Elias que havia de vir.
15 ၁၅ ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။
Quem tem ouvidos para ouvir ouça.
16 ၁၆ ``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။-
Mas, a quem assemelharei esta geração? É semelhante aos meninos que se assentam nas praças, e clamam aos seus companheiros,
17 ၁၇ ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။-
E dizem: tocamos-vos flauta, e não dançastes: cantamos-vos lamentações, e não chorastes.
18 ၁၈ ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။-
Pois veio João, não comendo nem bebendo, e dizem: Tem demônio.
19 ၁၉ လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
Veio o Filho do homem, comendo e bebendo, e dizem: Eis ai um homem comilão e beberrão, amigo de publicanos e pecadores. Mas a sabedoria é justificada por seus filhos.
20 ၂၀ အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊
Então começou ele a lançar em rosto às cidades onde se operou a maior parte dos seus prodígios o não se haverem arrependido, dizendo:
21 ၂၁ ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-
Ai de ti, Corazin! ai de ti, Betsaida! porque, se em Tiro e em Sidon fossem feitos os prodígios que em vós se fizeram, há muito que se teriam arrependido, com saco e com cinza.
22 ၂၂ သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-
Porém eu vos digo que haverá menos rigor para Tiro e Sidon, no dia do juízo, do que para vós.
23 ၂၃ အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။- (Hadēs g86)
E tu, Cafarnaum, que te ergues até aos céus, serás abatida até aos infernos; porque, se entre os de Sodoma fossem feitos os prodígios que em ti se fizeram, teriam permanecido até hoje (Hadēs g86)
24 ၂၄ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
Porém eu vos digo que haverá menos rigor para os de Sodoma, no dia do juízo, do que para ti.
25 ၂၅ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-
Naquele tempo, respondendo Jesus, disse: Graças te dou, ó Pai, Senhor do céu e da terra, que ocultaste estas coisas aos sábios e inteligentes, e as revelaste aos meninos.
26 ၂၆ အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။
Sim, ó Pai, porque assim te aprouve.
27 ၂၇ ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။
Todas as coisas me foram entregues por meu Pai: e ninguém conhece o Filho, senão o Pai; e ninguém conhece o Pai, senão o Filho, e aquele a quem o Filho o quizer revelar.
28 ၂၈ လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။-
Vinde a mim, todos os que estais cançados e oprimidos, e eu vos aliviarei.
29 ၂၉ ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-
Tomai sobre vós o meu jugo, e aprendei de mim, que sou manso e humilde de coração; e encontrareis descanço para as vossas almas.
30 ၃၀ ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။
Porque o meu jugo é suave e o meu fardo é leve.

< မဿဲ 11 >