< ဝတ်ပြုရာ 26 >

1 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-
You shall make you no idols nor graven image, neither raise you up a standing image, neither shall you set up any image of stone in your land, to bow down to it: for I am the LORD your God.
2 ဘာ​သာ​ရေး​ပွဲ​တော်​များ​ကို​ကျင်း​ပ​၍ ငါ့ အား​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ကို​ရို​သေ​ရ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။''
You shall keep my sabbaths, and reverence my sanctuary: I am the LORD.
3 ``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊-
If you walk in my statutes, and keep my commandments, and do them;
4 ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-
Then I will give you rain in due season, and the land shall yield her increase, and the trees of the field shall yield their fruit.
5 အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။
And your threshing shall reach to the vintage, and the vintage shall reach to the sowing time: and you shall eat your bread to the full, and dwell in your land safely.
6 ``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။-
And I will give peace in the land, and you shall lie down, and none shall make you afraid: and I will rid evil beasts out of the land, neither shall the sword go through your land.
7 သင်​တို့​သည်​ရန်​သူ​များ​ကို​နှိမ်​နင်း​အောင်​မြင် ရ​လိမ့်​မည်။-
And you shall chase your enemies, and they shall fall before you by the sword.
8 သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။-
And five of you shall chase an hundred, and an hundred of you shall put ten thousand to flight: and your enemies shall fall before you by the sword.
9 ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။-
For I will have respect to you, and make you fruitful, and multiply you, and establish my covenant with you.
10 ၁၀ သင်​တို့​၏​သီး​နှံ​အ​ထွက်​တိုး​သ​ဖြင့် တစ်​နှစ် စာ​အ​တွက်​ဖူ​လုံ​ရုံ​မျှ​မ​က​သင်​တို့​သည် စ​ပါး​သစ်​ကို​သို​လှောင်​နိုင်​ရန်​လက်​ကျန် စ​ပါး​ဟောင်း​ကို​ပင်​စွန့်​ပစ်​ရ​လိမ့်​မည်။-
And you shall eat old store, and bring forth the old because of the new.
11 ၁၁ ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-
And I set my tabernacle among you: and my soul shall not abhor you.
12 ၁၂ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၍ သင်​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-
And I will walk among you, and will be your God, and you shall be my people.
13 ၁၃ ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။
I am the LORD your God, which brought you forth out of the land of Egypt, that you should not be their slaves; and I have broken the bands of your yoke, and made you go upright.
14 ၁၄ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ ၏​ပ​ညတ်​များ​ကို​မ​စောင့်​ထိန်း​လျှင်​အ​ပြစ် ဒဏ်​ခံ​ရ​ကြ​မည်။-
But if you will not listen to me, and will not do all these commandments;
15 ၁၅ သင်​တို့​သည်​ငါ​၏​ပ​ညတ်​နှင့်​အ​မိန့်​တော်​များ ကို​မ​နာ​ခံ​ဘဲ သင်​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​လျှင်၊-
And if you shall despise my statutes, or if your soul abhor my judgments, so that you will not do all my commandments, but that you break my covenant:
16 ၁၆ ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-
I also will do this to you; I will even appoint over you terror, consumption, and the burning ague, that shall consume the eyes, and cause sorrow of heart: and you shall sow your seed in vain, for your enemies shall eat it.
17 ၁၇ ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။
And I will set my face against you, and you shall be slain before your enemies: they that hate you shall reign over you; and you shall flee when none pursues you.
18 ၁၈ ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-
And if you will not yet for all this listen to me, then I will punish you seven times more for your sins.
19 ၁၉ သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။-
And I will break the pride of your power; and I will make your heaven as iron, and your earth as brass:
20 ၂၀ သင်​တို့​၏​မြေ​မှ​အ​သီး​အ​နှံ​မ​ထွက်၊ သစ်​သီး အ​ပင်​များ​မှ​အ​သီး​မ​သီး​သ​ဖြင့် သင်​တို့​ကြိုး ပမ်း​လုပ်​ကိုင်​သ​မျှ​တို့​သည်​အ​ချည်း​နှီး​သက် သက်​ဖြစ်​ရ​လိမ့်​မည်။
And your strength shall be spent in vain: for your land shall not yield her increase, neither shall the trees of the land yield their fruits.
21 ၂၁ ``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-
And if you walk contrary to me, and will not listen to me; I will bring seven times more plagues on you according to your sins.
22 ၂၂ ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။
I will also send wild beasts among you, which shall rob you of your children, and destroy your cattle, and make you few in number; and your high ways shall be desolate.
23 ၂၃ ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-
And if you will not be reformed by me by these things, but will walk contrary to me;
24 ၂၄ ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-
Then will I also walk contrary to you, and will punish you yet seven times for your sins.
25 ၂၅ သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-
And I will bring a sword on you, that shall avenge the quarrel of my covenant: and when you are gathered together within your cities, I will send the pestilence among you; and you shall be delivered into the hand of the enemy.
26 ၂၆ ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။
And when I have broken the staff of your bread, ten women shall bake your bread in one oven, and they shall deliver you your bread again by weight: and you shall eat, and not be satisfied.
27 ၂၇ ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ့​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-
And if you will not for all this listen to me, but walk contrary to me;
28 ၂၈ ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-
Then I will walk contrary to you also in fury; and I, even I, will chastise you seven times for your sins.
29 ၂၉ သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-
And you shall eat the flesh of your sons, and the flesh of your daughters shall you eat.
30 ၃၀ ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-
And I will destroy your high places, and cut down your images, and cast your carcasses on the carcasses of your idols, and my soul shall abhor you.
31 ၃၁ သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။-
And I will make your cities waste, and bring your sanctuaries to desolation, and I will not smell the smell of your sweet odors.
32 ၃၂ ငါ​သည်​သင်​တို့​၏​ပြည်​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ် သ​ဖြင့် သင်​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​သော​ရန်​သူ တို့​ပင်​လျှင်​ထိတ်​လန့်​ကြ​လိမ့်​မည်။-
And I will bring the land into desolation: and your enemies which dwell therein shall be astonished at it.
33 ၃၃ ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-
And I will scatter you among the heathen, and will draw out a sword after you: and your land shall be desolate, and your cities waste.
34 ၃၄ ထို​အ​ခါ​သင်​တို့​ယ​ခင်​က​အ​နား​မ​ပေး​ခဲ့ သော​မြေ​သည် ယ​ခု​အ​နား​ရ​လိမ့်​မည်။ သင်​တို့ သည်​ရန်​သူ​၏​နိုင်​ငံ​တွင်​နေ​ထိုင်​ရ​စဉ် သင်​တို့ ၏​ပြည်​သည်​လူ​သူ​ကင်း​မဲ့​မည်​ဖြစ်​၍​အ​နား ရ​လိမ့်​မည်။
Then shall the land enjoy her sabbaths, as long as it lies desolate, and you be in your enemies’ land; even then shall the land rest, and enjoy her sabbaths.
35 ၃၅
As long as it lies desolate it shall rest; because it did not rest in your sabbaths, when you dwelled on it.
36 ၃၆ ``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-
And on them that are left alive of you I will send a faintness into their hearts in the lands of their enemies; and the sound of a shaken leaf shall chase them; and they shall flee, as fleeing from a sword; and they shall fall when none pursues.
37 ၃၇ လိုက်​လံ​သူ​မ​ရှိ​ဘဲ​တစ်​ဦး​ကို​တစ်​ဦး​တိုက် မိ​၍​လဲ​ကျ​လိမ့်​မည်။ မည်​သည့်​ရန်​သူ​ကို​မျှ ခု​ခံ​တိုက်​ခိုက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
And they shall fall one on another, as it were before a sword, when none pursues: and you shall have no power to stand before your enemies.
38 ၃၈ သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​တွင်​သေ​ကျေ ပျက်​စီး​ရ​လိမ့်​မည်။-
And you shall perish among the heathen, and the land of your enemies shall eat you up.
39 ၃၉ ရန်​သူ​၏​နိုင်​ငံ​တွင်​သင်​တို့​၏​အ​မျိုး​ပြုန်း​လိမ့် မည်။ ထို​နိုင်​ငံ​တွင်​သင်​တို့​အ​နက်​ကျန်​ကြွင်း​သူ အ​နည်း​ငယ်​တို့​သည်​သင်​တို့​အ​ပြစ်​ကြောင့် လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ် ကြောင့်​လည်း​ကောင်း​တိမ်​ကော​ပျက်​စီး​ရ​ကြ လိမ့်​မည်။
And they that are left of you shall pine away in their iniquity in your enemies’ lands; and also in the iniquities of their fathers shall they pine away with them.
40 ၄၀ ``သို့​ရာ​တွင်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ သည် သူ​တို့​၏​အ​ပြစ်​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ် များ​ကို​ဝန်​ချ​တောင်း​ပန်​ကြ​လိမ့်​မည်။ သူ​တို့ ၏​ဘိုး​ဘေး​များ​သည်​ငါ့​ကို​ဆန့်​ကျင်​၍​ပုန် ကန်​သ​ဖြင့်၊-
If they shall confess their iniquity, and the iniquity of their fathers, with their trespass which they trespassed against me, and that also they have walked contrary to me;
41 ၄၁ ငါ​သည်​အ​မျက်​ထွက်​၍​သူ​တို့​ကို​ပြည်​နှင်​ဒဏ် ပေး​ခဲ့​၏။ နောက်​ဆုံး​၌​သင်​တို့​၏​အ​ဆက်​အ​နွယ် များ​သည်​မာန်​စွယ်​ကျိုး​၍ မိ​မိ​တို့​၏​အ​ပြစ် နှင့်​ပုန်​ကန်​မှု​အ​တွက်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ပြီး​သော​အ​ခါ၊-
And that I also have walked contrary to them, and have brought them into the land of their enemies; if then their uncircumcised hearts be humbled, and they then accept of the punishment of their iniquity:
42 ၄၂ ငါ​သည်​ယာ​ကုပ်၊ ဣဇက်၊ အာ​ဗြ​ဟံ​တို့​နှင့်​ပြု ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​၍ ထို​ပ​ဋိ​ညာဉ် အ​တိုင်း​ငါ​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် ကို​ပေး​တော်​မူ​၏။-
Then will I remember my covenant with Jacob, and also my covenant with Isaac, and also my covenant with Abraham will I remember; and I will remember the land.
43 ၄၃ သို့​ရာ​တွင်​ပ​ထ​မ​ဦး​စွာ​တိုင်း​ပြည်​သည်​အ​နား ရ​စေ​ရန် ပြည်​သူ​တို့​ကို​ဖယ်​ရှား​ရ​မည်။ ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​ပစ် ပယ်​သည့်​အ​တွက် ပြည်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ရ​မည်။-
The land also shall be left of them, and shall enjoy her sabbaths, while she lies desolate without them: and they shall accept of the punishment of their iniquity: because, even because they despised my judgments, and because their soul abhorred my statutes.
44 ၄၄ သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-
And yet for all that, when they be in the land of their enemies, I will not cast them away, neither will I abhor them, to destroy them utterly, and to break my covenant with them: for I am the LORD their God.
45 ၄၅ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော်​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခြင်း​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​အား ငါ​၏​တန်​ခိုး​ကို​ဖော်​ပြ​စဉ်​အ​ခါ​က သူ​တို့ ၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​မည်'' ဟု မိန့်​တော် မူ​၏။
But I will for their sakes remember the covenant of their ancestors, whom I brought forth out of the land of Egypt in the sight of the heathen, that I might be their God: I am the LORD.
46 ၄၆ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က​သိ​နာ​တောင်​ပေါ် တွင် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ပေး​အပ်​သော​ပ​ညတ်​တော်​များ နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သ​တည်း။
These are the statutes and judgments and laws, which the LORD made between him and the children of Israel in mount Sinai by the hand of Moses.

< ဝတ်ပြုရာ 26 >