< ဝတ်ပြုရာ 14 >
1 ၁ ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
IL Signore parlò ancora a Mosè, dicendo:
Quest'è la legge intorno al lebbroso, nel giorno della sua purificazione: Sia menato al sacerdote.
3 ၃ ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
Ed esca il sacerdote fuor del campo; e se, avendo riguardato [colui], ecco, la piaga della lebbra è guarita nel lebbroso;
4 ၄ ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
comandi che si prendano, per colui che si purificherà, due uccelletti vivi, mondi, e del legno di cedro, e dello scarlatto, e dell'isopo.
5 ၅ ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
Poi comandi il sacerdote, che si scanni l'uno degli uccelletti, [versandone il sangue] dentro un testo, sopra dell'acqua viva.
6 ၆ ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
[Ed egli stesso] prenda l'uccelletto vivo, e il legno di cedro, e lo scarlatto, e l'isopo; e intinga quelle cose, insieme con l'uccelletto vivo, nel sangue dell'uccelletto scannato sopra l'acqua viva.
7 ၇ ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
E spruzzine sette volte colui che si purifica della lebbra; e, dopo averlo così purificato, lascine andar libero l'uccelletto vivo, su per li campi.
8 ၈ ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
E colui che si purifica lavi i suoi vestimenti, e radasi tutti i peli, e lavisi con acqua; e sarà netto; poi potrà entrar nel campo; ma dimori sette giorni fuor del suo padiglione.
9 ၉ သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
E al settimo giorno radasi tutti i peli, il capo, e la barba, e le ciglia degli occhi; in somma, radasi tutti i peli, e lavi i suoi vestimenti; lavisi parimente con acqua le carni; e sarà netto.
10 ၁၀ အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
E l'ottavo giorno [appresso], prenda due agnelli senza difetto, e un'agnella d'un anno, senza difetto, e tre decimi di fior di farina stemperata con olio, per offerta di panatica, e un log d'olio.
11 ၁၁ ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
E presenti il sacerdote, che farà la purificazione, colui che si purificherà, insieme con quelle cose, davanti al Signore, all'entrata del Tabernacolo della convenenza.
12 ၁၂ ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
Poi prenda il sacerdote l'uno degli agnelli, e offeriscalo per la colpa; insieme col log dell'olio; e dimeni quelle cose per offerta davanti al Signore.
13 ၁၃ သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
Poi scanni l'agnello nel luogo dove si scannano i [sacrificii per lo] peccato, e gli olocausti, in luogo santo; perciocchè, come il [sacrificio per lo] peccato appartiene al sacerdote, così ancora [gli appartiene il sacrificio per] la colpa; è cosa santissima.
14 ၁၄ ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
E prenda il sacerdote del sangue del [sacrificio per la] colpa, e metta[lo] in sul tenerume dell'orecchia destra di colui che si purificherà, e in sul dito grosso della sua man destra, e in sul dito grosso del suo piè destro.
15 ၁၅ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက် ဝဲလက်ဖဝါးထဲသို့သံလွင်ဆီအနည်း ငယ်ကိုလောင်းထည့်လျက်၊-
Poi prenda il sacerdote dell'olio di quel log, e versine sopra la palma della sua man sinistra.
16 ၁၆ လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
E intinga il dito della sua [man] destra, in quell'olio che [sarà] sopra la palma della sua man sinistra; e col dito spruzzi di quell'olio sette volte nel cospetto del Signore.
17 ၁၇ တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။-
E del rimanente dell'olio, ch'egli avrà in su la palma della mano, mettane in sul tenerume dell'orechhia destra di colui che si purificherà; e in sul dito grosso della sua man destra e in sul dito grosso del suo piè destro, sopra il sangue del [sacrificio per] la colpa.
18 ၁၈ လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
E metta il sacerdote il rimasto dell'olio, ch'egli avrà in mano, in sul capo di colui che si purificherà. E così faccia il sacerdote il purgamento per lui, davanti al Signore.
19 ၁၉ ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊-
Poi offerisca il sacerdote il [sacrificio per lo] peccato; e faccia il purgamento per colui che si purificherà della sua immondizia; e poi appresso scanni l'olocausto.
20 ၂၀ ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
E offerisca l'olocausto, insieme con l'offerta di panatica, sopra l'Altare. Così faccia il sacerdote purgamento per colui, ed egli sarà netto.
21 ၂၁ ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
Ma, se colui [è] povero, e non può fornire [quelle cose], prenda un agnello [per sacrificio per] la colpa, [per essere offerto] in offerta dimenata, per far purgamento per lui; e un decimo di fior di farina intrisa con olio, per offerta di panatica, e un log d'olio;
22 ၂၂ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
e due tortole, o due pippioni, secondo ch'egli potrà fornire; de' quali l'uno sarà per [sacrificio per lo] peccato, e l'altro per olocausto.
23 ၂၃ သန့်စင်ခြင်းဝတ်ကိုပြုသည့်အဋ္ဌမနေ့၌ သူသည် ထိုပူဇော်သကာတို့ကိုယဇ်ပုရော ဟိတ်ထံတဲတော်တံခါးဝသို့ယူဆောင်ခဲ့ ရမည်။-
E porti quelle cose al sacerdote, all'entrata del Tabernacolo della convenenza, davanti al Signore, l'ottavo giorno appresso la sua purificazione.
24 ၂၄ ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
E prenda il sacerdote l'agnello [per sacrificio per] la colpa, e il log d'olio; e dimenti quelle cose davanti al Signore, [in] offerta dimenata.
25 ၂၅ သူသည်သိုးကိုသတ်ပြီးလျှင်သွေးအနည်း ငယ်ဖြင့် ထိုသူ၏လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့ကိုသုတ်ရမည်။-
Poi scanni l'agnello del [sacrificio per] la colpa, e prenda del sangue di esso, e metta[lo] in sul tenerume dell'orecchia destra di colui che si purificherà, e in sul dito grosso della sua man destra, e in sul dito grosso del suo piè destro.
26 ၂၆ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
Poi versi di quell'olio in su la palma della sua man sinistra.
27 ၂၇ လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
E col dito della sua [man] destra spruzzi il sacerdote di quell'olio, che egli avrà nella sua man sinistra, sette volte davanti al Signore.
28 ၂၈ တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
Poi metta di quell'olio, ch'egli avrà sopra la palma della sua mano, in sul tenerume dell'orecchia destra di colui che si purificherà, e in sul dito grosso della sua man destra, e in sul dito grosso del suo piè destro, sopra il luogo [dove sarà stato posto] il sangue del [sacrificio per] la colpa.
29 ၂၉ တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
Poi metta il sacerdote il rimanente di quell'olio, ch'egli avrà sopra la palma della sua mano, in sul capo di colui che si purificherà, per far purgamento per lui nel cospetto del Signore.
30 ၃၀ ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
Poi sacrifichi l'una di quelle tortole, o l'uno di que' pippioni, secondo che colui avrà potuto fornire.
31 ၃၁ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
Di quello ch'egli avrà potuto fornire, [o tortole o pippioni, siane] uno per [sacrificio per lo] peccato, e l'altro per olocausto, insieme con l'offerta di panatica. E così il sacerdote faccia il purgamento davanti al Signore per colui che si purificherà.
32 ၃၂ ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
Quest'[è] la legge intorno a colui, in cui sar[à] stata piaga di lebbra, il quale non potrà fornire [le cose suddette] per la sua purificazione.
33 ၃၃ ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
IL Signore parlò, oltre a ciò, a Mosè e ad Aaronne, dicendo:
Quando voi sarete entrati nel paese di Canaan, il quale io vi do per possessione, se io mando piaga di lebbra in alcuna casa del paese della vostra possessione;
35 ၃၅ တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
venga colui di cui sarà la casa, e significhilo al sacerdote, dicendo: Egli appare come una piaga di lebbra nella mia casa.
36 ၃၆ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
Allora comandi il sacerdote che si sgomberi la casa, avanti ch'egli vi entri per riguardar la piaga, acciocchè non sia immondo tutto ciò che [sarà] in quella casa; dopo questo, entrivi il sacerdote, per riguardar la casa.
37 ၃၇ ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
E se, avendo riguardata la piaga, vedrà che vi sia piaga nelle pareti della casa, fossatelle verdeggianti, o rosseggianti, che appariscano più basse della parete;
38 ၃၈ သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
escasene il sacerdote fuor della casa, all'uscio di essa, e serri la casa per sette giorni.
39 ၃၉ သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
E il settimo giorno appresso, tornivi il sacerdote; e se, riguardandola, ecco, la piaga si è allargata per le pareti della casa;
40 ၄၀ ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
comandi che si cavino le pietre, nelle quali [sarà] la piaga, e che si gittino fuor della città in luogo immondo.
41 ၄၁ ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
E faccia rader lo smalto della casa di dentro d'ogni intorno, e versisi la polvere dello smalto che si sarà raso, fuor della città, in luogo immondo.
42 ၄၂ ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
Poi prendansi dell'altre pietre, e ficchinsi in luogo di quelle; prendasi ancora dell'altro smalto, e smaltisene la casa.
43 ၄၃ ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
Ma, se la piaga torna a germogliar nella casa, dopo che ne saranno state cavate le pietre, e dopo che la casa sarà stata rasa, e [di nuovo] smaltata;
44 ၄၄ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
e il sacerdote, entrandovi, e riguardando, ecco, la piaga si è allargata nella casa; è lebbra rodente nella casa; la casa è immonda.
45 ၄၅ ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
Perciò disfacciasi quella casa, le sue pietre, e il suo legname, e tutto lo smalto di essa; e portinsi quelle cose fuor della città, in luogo immondo.
46 ၄၆ အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
E chi sarà entrato in quella casa, in tutti i giorni ch'ella sarà serrata, sia immondo infino alla sera.
47 ၄၇ ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
E chi sarà giaciuto in quelle casa, lavi i suoi vestimenti; parimente, chi avrà mangiato in essa, lavi i suoi vestimenti.
48 ၄၈ အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
Ma se pure, essendovi entrato il sacerdote, e avendo riguardato, ecco, la piaga non si è allargata nella casa, dopo che è stata smaltata; dichiari quella casa netta; conciossiachè la piaga sia guarita.
49 ၄၉ ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
Poi prenda, per purificar la casa, due uccelletti, e del legno di cedro, e dello scarlatto, e dell'isopo.
50 ၅၀ သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
E scanni l'uno degli uccelletti; [versandone il sangue] dentro un testo, sopra dell'acqua viva.
51 ၅၁ ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
Poi prenda il legno di cedro e l'isopo, e lo scarlatto, e l'uccelletto vivo, e intinga quelle cose nel sangue dell'uccelletto scannato, e nell'acqua viva; e spruzzi la casa sette volte.
52 ၅၂ ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
E così purifichi la casa col sangue dell'uccelletto, e con l'acqua viva, e con l'uccelletto vivo, e col legno di cedro, e con l'isopo, e con lo scarlatto;
53 ၅၃ ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။
poi lascine andar libero l'uccelletto vivo, fuor della città, su per li campi; e così faccia il purgamento per la casa; ed ella sarà netta.
54 ၅၄ ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
Quest'[è] la legge intorno a qualunque piaga di lebbra, o tigna;
55 ၅၅ ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။-
e intorno alla lebbra di vestimento o di casa;
e intorno a tumore, o bolla, o tacca tralucente;
57 ၅၇ ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။
per insegnare in qual giorno alcuna cosa è immonda, [e in quale è] netta. Quest'è la legge intorno alla lebbra.