< တရားသူကြီးမှတ်စာ 5 >
1 ၁ ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
Kaj ekkantis Debora, kaj Barak, filo de Abinoam, en tiu tago, jene:
2 ၂ ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Ĉar la ĉefoj gvidis en Izrael Kaj la popolo montris sin fervora, Benu la Eternulon.
3 ၃ အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။
Aŭskultu, ho reĝoj; atentu, ho princoj: Mi al la Eternulo, mi kantas; Mi ludas al la Eternulo, Dio de Izrael.
4 ၄ အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။
Ho Eternulo! kiam Vi eliris de Seir, Kiam Vi iris de la kampo de Edom, Tremis la tero, kaj la ĉielo fluigis gutojn, Kaj la nuboj gutigis akvon.
5 ၅ တောင်ရိုးတို့သည်သိနာတောင်၏အရှင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌တုန်လှုပ်ကြ ပါ၏။
La montoj fluis antaŭ la Eternulo, Tiu Sinaj antaŭ la Eternulo, Dio de Izrael.
6 ၆ အာနတ်၏သားရှံဂါလက်ထက်၌လည်းကောင်း၊ ယေလလက်ထက်၌လည်းကောင်း၊ ခရီးသွားကုန်သည်တို့သည်တိုင်းပြည်ကို ဖြတ်၍မသွားကြတော့ချေ။ ခရီးသည်တို့သည်လမ်းကြိုလမ်းကြားများ တို့ကိုသာ အသုံးပြုကြ၏။
En la tempo de Ŝamgar, filo de Anat, En la tempo de Jael, forlasitaj estis la vojoj, Kaj tiuj, kiuj devis iri sur la vojoj, iris laŭ flankaj vojetoj.
7 ၇ ဣသရေလနိုင်ငံရှိမြို့တို့သည်လူသူ ဆိတ်ညံလျက်ရှိ၏။ ငါဒေဗောရသည်ဣသရေလလူမျိုး၏ မိခင်သဖွယ်မပေါ်ထွန်းမီ ထိုမြို့တို့သည်လူသူဆိတ်ညံလျက်ရှိခဲ့၏။
Forestis juĝistoj en Izrael, forestis, Ĝis stariĝis mi, Debora, Ĝis stariĝis mi, patrino en Izrael.
8 ၈ ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
Oni elektis novajn diojn; Kaj tiam milito aperis antaŭ la pordego. Ĉu iu vidis ŝildon aŭ lancon Ĉe la kvardek miloj de Izrael?
9 ၉ ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Mia koro estas kun la estroj de Izrael, Kun la fervoruloj en la popolo; Benu la Eternulon.
10 ၁၀ ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင် ခြေလျင်လျှောက်ရသူတို့ဤအကြောင်း အရာကို စဉ်းစားဆင်ခြင်ကြလော့။
Vi, kiuj rajdas sur blankaj azeninoj, Vi, kiuj sidas sur tapiŝoj, Kaj vi, kiuj iras sur la vojo, kantu!
11 ၁၁ နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
Inter la kantoj de la pafarkistoj ĉe la akvoĉerpejoj, Tie oni prikantos la justecon de la Eternulo, La justecon de Lia estrado en Izrael. Tiam eliris al la pordego la popolo de la Eternulo.
12 ၁၂ ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။ အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။ သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
Vekiĝu, vekiĝu, Debora, Vekiĝu, vekiĝu, kantu kanton; Leviĝu, Barak, kaj konduku viajn kaptitojn, filo de Abinoam!
13 ၁၃ ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
Tiam eliris la restintoj el la fortuloj de la popolo; La Eternulo eliris kun mi inter la herooj.
14 ၁၄ သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။ စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်း စစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။
De Efraim venis tiuj, kiuj havas siajn radikojn en Amalek; Post vi venis Benjamen en via popolo; De Maĥir venis estroj, Kaj de Zebulun kondukantoj per princa bastono.
15 ၁၅ ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
Kaj princoj el Isaĥar estis kun Debora, Kaj Isaĥar, kiel Barak, kuris en la valon. Ĉe la torentoj de Ruben estas grandaj konsiliĝoj.
16 ၁၆ သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။ သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
Kial vi sidas inter la baraĵoj, Aŭskultante la fajfadon ĉe la brutaroj? Ĉe la torentoj de Ruben estas grandaj konsiliĝoj.
17 ၁၇ ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။ အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
Gilead restis transe de Jordan; Kaj kial Dan sidas sur la ŝipoj? Aŝer sidas sur la bordo de la maro, Kaj loĝas ĉe siaj golfoj.
18 ၁၈ သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
Zebulun estas popolo, kiu riskis sian animon por la morto, Kaj Naftali sur la altaĵoj de la kampo.
19 ၁၉ ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
Venis reĝoj, ili batalis; Tiam batalis reĝoj de Kanaan En Taanaĥ, ĉe la akvo de Megido; Sed ili ricevis neniom da mono.
20 ၂၀ ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
El la ĉielo oni batalis; La steloj de siaj vojoj batalis kontraŭ Sisera.
21 ၂၁ အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။ ငါချီတက်မည်။ ခွန်အားဗလနှင့်ရှေ့သို့ ချီတက်မည်။
La torento Kiŝon forportis ilin, La torento antikva, la torento Kiŝon. Piedpremu, mia animo, la fortulojn.
22 ၂၂ ထိုအခါမြင်းတို့သည်ဒုန်းစိုင်း၍မြေကို ခွာနှင့် ပေါက်လျက်လာကြ၏။
Tiam frapis la hufoj de ĉevaloj Pro la rapidega forkurado de fortuloj.
23 ၂၃ ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
Malbenu la urbon Meroz, diris anĝelo de la Eternulo, Malbenu, malbenu ĝiajn loĝantojn; Ĉar ili ne venis kun helpo al la Eternulo, Kun helpo al la Eternulo inter la herooj.
24 ၂၄ ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည် တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။
Benita estu inter la virinoj Jael, La edzino de la Kenido Ĥeber, Inter la virinoj en la tendo ŝi estu benita.
25 ၂၅ သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။ လှပသောခွက်ဖလားဖြင့်နို့ကိုပေး၏။
Akvon li petis, lakton ŝi donis; En belega kaliko ŝi alportis buteron.
26 ၂၆ သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကို အခြားလက်တစ်ဖြင့်ကိုင်ပြီးလျှင်သိသရ၏ ဦးခေါင်းကိုရိုက်သွင်းလိုက်ရာ ငုတ်ချွန်သည်သူ၏ဦးခေါင်းကိုထုတ်ချင်း ပေါက်၍သွားလေသည်။
Ŝi etendis sian manon al najlo Kaj sian dekstran manon al martelo de laboristoj; Kaj ŝi ekbatis Siseran, ekfrapis lian kapon, Kaj frakasis kaj traboris lian tempion.
27 ၂၇ သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
Al ŝiaj piedoj li kliniĝis kaj falis kaj ekkuŝis; Al ŝiaj piedoj li kliniĝis kaj falis; Kie li kliniĝis, tie li falis pereinta.
28 ၂၈ သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။ ``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။ သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။
Tra la fenestro rigardas, kaj plorkrias tra la krado, la patrino de Sisera: Kial longe ne venas lia ĉaro? Kial malfruiĝas la radoj de liaj kaleŝoj?
29 ၂၉ သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။ စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊ သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်း ရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟု ပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်း ထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။
La saĝaj el ŝiaj sinjorinoj respondas al ŝi, Kaj ŝi mem al si respondas:
Ili ja trovis kaj dividas militakiron; Po unu aŭ po du knabinoj por ĉiu viro, Diverskolorajn vestojn por Sisera, Diverskolorajn vestojn broditajn, Ambaŭflanke broditajn por la kolo.
31 ၃၁ အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
Tiel pereu ĉiuj Viaj malamikoj, ho Eternulo! Sed Liaj amantoj estu kiel la leviĝanta suno en sia potenco. Kaj la lando ripozis dum kvardek jaroj.