< ယောရှု 9 >

1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​တောင်​ကုန်း​ဒေ​သ၊ တောင်​ခြေ​ဒေ​သ၊ မြောက်​ဘက်​လေ​ဗ​နုန်​တောင် အ​ထိ​ရှည်​လျား​သော​မြေထဲ​ပင်​လယ်​ကမ်း​ရိုး တန်း​ဒေ​သ​တို့​တွင်​အုပ်​စိုး​သော​မင်း​အ​ပေါင်း တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ ခံ​သ​တင်း​ကို​ကြား​ကြ​၏။ ထို​မင်း​များ​မှာ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏ မင်း​များ​ဖြစ်​ကြ​သည်။-
Услышав сие, все цари Аморрейские, которые за Иорданом, на горе и на равнине и по всему берегу великого моря, и которые близ Ливана, Хеттеи, Аморреи, Гергесеи, Хананеи, Ферезеи, Евеи и Иевусеи,
2 သူ​တို့​သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား စု​ပေါင်း​၍​တိုက်​ခိုက်​ရန်​သ​ဘော တူ​ကြ​၏။
собрались вместе, дабы единодушно сразиться с Иисусом и Израилем.
3 ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-
Но жители Гаваона, услышав, что Иисус сделал с Иерихоном и Гаем,
4 သူ့​အား​လိမ်​လည်​လှည့်​စား​ရန်​ကြံ​စည်​ကြ လေ​သည်။ သူ​တို့​သည်​ဟောင်း​နွမ်း​သော​ရိက္ခာ အိတ်​များ​နှင့်​အ​ဖာ​အ​ထေး​များ​ရှိ​သော သား​ရေ​စ​ပျစ်​ရည်​ဘူး​များ​ကို​မြည်း​များ ပေါ်​တွင်​တင်​ကြ​သည်။-
употребили хитрость: пошли, запаслись хлебом на дорогу и положили ветхие мешки на ослов своих и ветхие, изорванные и заплатанные мехи вина;
5 သူ​တို့​သည်​အ​ဝတ်​အ​စုတ်​အ​ပြဲ​များ​ကို ဝတ်​ဆင်​၍ ဟောင်း​နွမ်း​သော​ဖိ​နပ်​များ​ကို​စီး ကြ​သည်။ ခြောက်​သွေ့​၍​မှို​တက်​သော​အ​စား အ​စာ​များ​ကို​ယူ​ဆောင်​ကြ​သည်။-
и обувь на ногах их была ветхая с заплатами, и одежда на них ветхая; и весь дорожный хлеб их был сухой и заплесневелый и раскрошенный.
6 ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။
Они пришли к Иисусу в стан Израильский в Галгал и сказали ему и всем Израильтянам: из весьма дальней земли пришли мы; итак заключите с нами союз.
7 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။
Израильтяне же сказали Евеям: может быть, вы живете близ нас? как нам заключить с вами союз?
8 သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။
Они сказали Иисусу: мы рабы твои. Иисус же сказал им: кто вы и откуда пришли?
9 ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-
Они сказали ему: из весьма дальней земли пришли рабы твои во имя Господа Бога твоего; ибо мы слышали славу Его и все, что сделал Он в Египте,
10 ၁၀ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​မင်း​နှစ်​ပါး​ဖြစ်​သည့် ဟေ​ရှ​ဘုန်​ဘု​ရင် ရှိ​ဟုန်​နှင့်​အာ​ရှ​တ​ရုတ်​မြို့​၌​နန်း​စိုက်​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​အား မည်​ကဲ့​သို့​နှိမ် နင်း​ခဲ့​ကြောင်း​ကို​လည်း​ကောင်း​အ​ကျွန်ုပ်​တို့ ကြား​ရ​ပါ​သည်။-
и все, что Он сделал двум царям Аморрейским, которые были по ту сторону Иордана, Сигону, царю Есевонскому, и Огу, царю Васанскому, который жил в Астарофе и Едреи.
11 ၁၁ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​ခေါင်း​ဆောင်​များ နှင့်​အ​မျိုး​သား​အ​ပေါင်း​တို့​က​ခ​ရီး​အ​တွက် ရိက္ခာ​ယူ​ဆောင်​လျက် ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန် အ​ကျွန်ုပ်​တို့​အား​စေ​လွှတ်​ကြ​ပါ​သည်။ ကိုယ် တော်​ထံ​၌​အ​ညံ့​ခံ​၍​ငြိမ်း​ချမ်း​ရေး​တောင်း ဆို​ရန်​အ​ကျွန်ုပ်​တို့​အား​မှာ​ကြား​လိုက်​ပါ သည်။-
Слыша сие, старейшины наши и все жители нашей земли сказали нам: возьмите в руки ваши хлеба на дорогу и пойдите навстречу им и скажите им: “мы рабы ваши; итак заключите с нами союз”.
12 ၁၂ အ​ကျွန်ုပ်​တို့​၏​နေ​အိမ်​မှ​ကိုယ်​တော်​ထံ​သို့ ခ​ရီး​စ​ထွက်​ချိန်​တွင်​ရိက္ခာ​များ​မှာ​ပူ​နွေး လတ်​ဆတ်​လျက်​ရှိ​ခဲ့​ပါ​သည်။ ယ​ခု​ထို​ရိက္ခာ များ​ကို​ကြည့်​ပါ။ ခြောက်​သွေ့​၍​မှို​တက်​လျက် ရှိ​ပါ​သည်။-
Этот хлеб наш из домов наших мы взяли теплый в тот день, когда пошли к вам, а теперь вот, он сделался сухой и заплесневелый;
13 ၁၃ စ​ပျစ်​ရည်​ထည့်​စဉ်​က​သား​ရေ​ဘူး​များ​သည် လည်း​အ​သစ်​ဖြစ်​ပါ​သည်။ ယ​ခု​ကြည့်​ပါ၊ ဘူး များ​စုတ်​ပြဲ​လျက်​ရှိ​ပါ​သည်။ ခရီး​ဝေး​မှ​လာ ခဲ့​ရ​သ​ဖြင့်​အ​ကျွန်ုပ်​တို့​၏​အ​ဝတ်​နှင့်​ဖိ​နပ် များ​သည်​ဟောင်း​နွမ်း​လျက်​ရှိ​ပါ​သည်'' ဟု ယောရှု​အား​လျှောက်​ထား​ကြ​၏။
и эти мехи с вином, которые мы налили новые, вот, изорвались; и эта одежда наша и обувь наша обветшала от весьма дальней дороги.
14 ၁၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-
Израильтяне взяли их хлеба, а Господа не вопросили.
15 ၁၅ ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။
И заключил Иисус с ними мир и постановил с ними условие в том, что он сохранит им жизнь; и поклялись им начальники общества.
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-
А чрез три дня, как заключили они с ними союз, услышали, что они соседи их и живут близ них;
17 ၁၇ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-
ибо сыны Израилевы, отправившись в путь, пришли в города их на третий день; города же их были: Гаваон, Кефира, Беероф и Кириаф-Иарим.
18 ၁၈ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး အ​ကဲ​တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​ခဲ့​ကြ​သ​ဖြင့် သူ​တို့​ကို​မ​သတ်​ဖြတ်​မ​သုတ်​သင်​နိုင်​ကြ ချေ။ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ကြီး​အ​ကဲ​တို့​အား​အ​ပြစ်​တင် ကြ​၏။-
Иисус и сыны Израилевы не побили их, потому что все начальники общества клялись им Господом Богом Израилевым. За это все общество Израилево возроптало на начальников.
19 ၁၉ ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​သစ္စာ​ပြု​ထား ပြီး​ဖြစ်​ခြင်း​ကြောင့် သူ​တို့​ကို​လက်​ဖျား နှင့်​ပင်​မ​တို့​နိုင်။-
Все начальники сказали всему обществу: мы клялись им Господом Богом Израилевым и потому не можем коснуться их;
20 ၂၀ ငါ​တို့​ပြု​ထား​သော​ကတိ​သစ္စာ​ကြောင့်​သူ တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ရ​မည်။ ငါ တို့​ကတိ​မ​တည်​လျှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-
а вот что сделаем с ними: оставим их в живых, чтобы не постиг нас гнев за клятву, которою мы клялись им.
21 ၂၁ သူ​တို့​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ကြ​ကုန် အံ့။ သို့​ရာ​တွင်​သူ​တို့​အား ငါ​တို့​အ​တွက်​ရေ ခပ်​ထင်း​ခုတ်​အ​လုပ်​များ​ကို​လုပ်​ကိုင်​စေ​ရ မည်'' ဟု​အ​ကြံ​ပေး​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​သ​ဘော​တူ​ကြ ၏။
И сказали им начальники: пусть они живут, но будут рубить дрова и черпать воду для всего общества. И сделало все общество так, как сказали им начальники.
22 ၂၂ ယော​ရှု​သည်​ဂိဗောင်​မြို့​သား​တို့​ကို​ဆင့်​ခေါ် ၍``သင်​တို့​သည်​ငါ​တို့​အ​နီး​တွင်​နေ​ထိုင်​ပါ လျက်​နှင့် ဝေး​သော​အ​ရပ်​မှ​လာ​သည်​ဟု အ​ဘယ်​ကြောင့်​ငါ​တို့​ကို​လှည့်​စား​ပြော​ဆို ကြ​ပါ​သ​နည်း။-
Иисус призвал их и сказал: для чего вы обманули нас, сказав: “мы весьма далеко от вас”, тогда как вы живете близ нас?
23 ၂၃ ထို​ပြစ်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သို့​ဖြစ်​၍ ငါ့​ဘု​ရား​သ​ခင်​၏​အိမ်​တော်​အ​တွက် သင်​တို့ သည်​ရေ​ခပ်​ထင်း​ခုတ်​အ​လုပ်​ကို​လုပ်​၍ အ​မြဲ​ကျွန်​ခံ​ရ​ကြ​မည်'' ဟု​ဆို​၏။
за это прокляты вы! без конца вы будете рабами, будете рубить дрова и черпать воду для меня и для дома Бога моего!
24 ၂၄ ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-
Они в ответ Иисусу сказали: дошло до сведения рабов твоих, что Господь Бог твой повелел Моисею, рабу Своему, дать вам всю землю и погубить нас и всех жителей сей земли пред лицом вашим; посему мы весьма боялись, чтобы вы не лишили нас жизни, и сделали это дело;
25 ၂၅ ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​လက် တွင်း​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ကိုယ်​တော် ပြု​သင့်​သည်​ဟု​ထင်​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​လေ​သည်။-
теперь вот мы в руке твоей: как лучше и справедливее тебе покажется поступить с нами, так и поступи.
26 ၂၆ ထို​ကြောင့်​ယော​ရှု​သည်​ဣ​သ​ရေ​လ​အမျိုး သား​တို့​၏​လက်​ချက်​ဖြင့် သေ​မည့်​ဘေး​မှ သူ​တို့​ကို​ကယ်​ဆယ်​လိုက်​လေ​သည်။-
И поступил с ними так: избавил их от руки сынов Израилевых, и они не умертвили их;
27 ၂၇ တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။
и определил в тот день Иисус, чтобы они рубили дрова и черпали воду для всего общества и для жертвенника Господня; посему жители Гаваона сделались дровосеками и водоносами для жертвенника Божия даже до сего дня, на месте, какое ни избрал бы Господь.

< ယောရှု 9 >