< ယောရှု 11 >

1 ဟာ​ဇော်​မင်း​ယာ​ဘိန်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စစ်​အောင်​ပွဲ​သ​တင်း​ကို ကြား​ရ​သော​အ​ခါ သူ​သည်​မိ​မိ​နှင့်​မ​ဟာ မိတ်​မင်း​များ​ဖြစ်​ကြ​သော​မာ​ဒုန်​မင်း ယော​ဗပ်၊ ရှိ​မြုန်​မင်း​နှင့်​အာ​ခ​ရှပ်​မင်း​တို့ ထံ​သို့​လည်း​ကောင်း၊-
Da Kong Jabin af Hazor hørte herom sendte han Bud til Kong Jobab af Madon og Kongerne af Sjimron og Aksjaf.
2 မြောက်​ဘက်​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ အိုင်​တောင်​ဘက်​ယော်​ဒန်​မြစ်​ဝှမ်း၊ တောင်​ခြေ ရပ်​နှင့်​အ​နောက်​ဘက်​ဒေါ​ရ​နယ်​ကမ်း​ခြေ ရှိ​မင်း​များ​ထံ​သို့​လည်း​ကောင်း​အ​ကြောင်း ကြား​လိုက်​လေ​သည်။-
og til Kongerne nordpå i Bjergene, i Arabalavningen sønden for Kinnerot, i Lavlandet og på Højdedraget vestpå ved Dor,
3 ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-
til Kana'anæerne i Øst og Vest, Amoriterne, Hivviterne, Perizziterne og Jebusiterne i Bjergene og Hetiterne ved Foden af Hermon i Mizpas Land;
4 သူ​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​ရှိ​သဲ​ပွင့် များ​တ​မျှ​များ​ပြား​သော စစ်​သူ​ရဲ​တို့ နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။ သူ​တို့​တွင် မြင်း​နှင့်​စစ်​ရ​ထား​အ​မြောက်​အ​မြား ပါ​ရှိ​သည်။-
og de drog ud med alle deres Hære, Krigsfolk talrige som Sandet ved Havets Bred, og med en stor Mængde Heste og Stridsvogne.
5 ထို​မင်း​တို့​သည်​စု​ပေါင်း​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရန်​မေ​ရုံ ချောင်း​တွင်​စ​ခန်း​ချ​ကြ​လေ​သည်။
Alle disse Konger slog sig sammen og kom og lejrede sig i Forening ved Meroms Vand for at angribe Israel.
6 ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု​အား``သူ​တို့ ကို​မ​ကြောက်​နှင့်။ နက်​ဖြန်​နေ့​ဤ​အ​ချိန် သို့​ရောက်​လျှင်​ငါ​သည်​သူ​တို့​အား​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​သို့ အ​သေ​အပ်​မည်။ သင်​သည်​သူ​တို့​၏​မြင်း များ​ခြေ​ကြော​ကို​ဖြတ်​၍​စစ်​ရ​ထား များ​ကို​မီး​ရှို့​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
Men HERREN sagde til Josua: "Frygt ikke for dem! Thi i Morgen ved denne Tid vil jeg lade dem ligge faldne foran Israel; deres Heste skal du lamme, og deres Vogne skal du brænde!"
7 သို့​ဖြစ်​၍​ယော​ရှု​နှင့်​သူ​၏​တပ်​သား​အ​ပေါင်း တို့​သည် မေ​ရုံ​ချောင်း​တွင်​စ​ခန်း​ချ​လျက်​ရှိ သော​ရန်​သူ​များ​ကို​ရုတ်​တ​ရက်​ဝင်​ရောက် တိုက်​ခိုက်​ရာ၊-
Da kom Josua med hele Hæren uventet over dem ved Meroms Vand og kastede sig over dem,
8 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ရန်​သူ​များ​ကို​အ​နိုင်​ရ​စေ တော်​မူ​၏။ သူ​တို့​သည်​မြောက်​ဘက်​ဇိ​ဒုန် မြို့​နှင့်​မိ​သ​ရ​ဖော​သ​မိမ်​မြို့​များ​သို့ တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မိ​ဇ​ပါ ချိုင့်​ဝှမ်း​သို့​တိုင်​အောင်​လည်း​ကောင်း ရန်​သူ များ​ကို​လိုက်​လံ​တိုက်​ခိုက်​၍​တစ်​ယောက် မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ကြ​သည်။-
og HERREN gav dem i Israels Hånd, så de slog dem og forfulgte dem til den store Stad Zidon, til, Misrefot Majim og Mizpes Lavning i Øst, og huggede dem ned, så ikke en eneste af dem blev tilbage.
9 ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ရန်​သူ​မြင်း​များ​၏​ခြေ​ကြော များ​ကို​ဖြတ်​၍ စစ်​ရ​ထား​များ​ကို​မီး​ရှို့ ဖျက်​ဆီး​လေ​သည်။
Josua gjorde derpå med dem, som HERREN havde sagt ham; deres Heste lammede han, og deres Vogne brændte han.
10 ၁၀ ထို​နောက်​ယော​ရှု​သည်​ပြန်​လှည့်​၍​ဟာ​ဇော် မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ပြီး​လျှင် ၎င်း​၏ မင်း​ကို​ကွပ်​မျက်​လိုက်​လေ​သည်။ (ထို​ကာ​လ ၌​ဟာ​ဇော်​သည်​ထို​နိုင်​ငံ​များ​တွင်​အင် အား​အ​ကြီး​ဆုံး​နိုင်ငံ​ဖြစ်​သ​တည်း။-)
Ved den Tid vendte Josua om og indtog Hazor, og Kongen huggede han ned med Sværdet; Hazor var nemlig fordum alle disse Kongerigers Hovedstad;
11 ၁၁ သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။
og de huggede hver levende Sjæl i den ned med Sværdet og lagde Band på dem, så ikke en levende Sjæl blev tilbage; og Hazor stak han i Brand.
12 ၁၂ ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-
Alle hine Kongsbyer med deres Konger undertvang Josua, og han huggede dem ned med Sværdet og lagde Band på dem, som HERRENs Tjener Moses havde påbudt.
13 ၁၃ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-
Men ingen af de Byer, som lå på deres Høje, stak Israel i Brand, alene med Undtagelse af Hazor; den stak Josua i Brand.
14 ၁၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-
Kvæget og alt det andet, der røvedes fra disse Byer, beholdt Israeliterne som Bytte; men alle Menneskene huggede de ned med Sværdet til sidste Mand uden at lade en eneste levende Sjæl blive tilbage.
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။
Hvad HERREN havde pålagt sin Tjener Moses, havde Moses pålagt Josua, og det gjorde Josua; han undlod intet som helst af, hvad HERREN havde pålagt Moses.
16 ၁၆ ယော​ရှု​သည်​မြောက်​ဘက်​ရှိ​တောင်​ကုန်း ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ​များ၊ တောင်​ဘက် ရှိ​တောင်​ကုန်း​ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ များ၊ ဂေါ​ရှင်​ပြည်​တစ်​ပြည်​လုံး​နှင့်​ယင်း ၏​တောင်​ဘက်​ရှိ​ခြောက်​သွေ့​သော​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​မှ​စ​၍​တစ်​ပြည်​လုံး ကို​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​လေ​သည်။-
Således indtog Josua hele dette Land, Bjerglandet, hele Sydlandet, hele Landskabet Gosjen, Lavlandet, Arabalavningen, Israels Bjergland og Lavland,
17 ၁၇ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-
fra det nøgne Bjergdrag, som højner sig hen imod Seir, indtil Ba'al Gad i Libanons Dal ved Hermonbjergets Fod; og alle deres Konger tog han til Fange, huggede dem ned og dræbte dem.
18 ၁၈
I lang Tid førte Josua Krig med disse Konger
19 ၁၉ ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဂိ​ဗောင် မြို့​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့ နှင့်​သာ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​ဆို​ခဲ့ သည်။ အ​ခြား​သော​မြို့​များ​ကို​မူ​တိုက်​ခိုက် သိမ်း​ယူ​ခဲ့​သည်။-
Der var ingen By, som sluttede Overenskomst med Israeliterne, undtagen Hivviterne, som boede i Gibeon. Alt tog de i Kamp;
20 ၂၀ ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။
thi HERREN voldte, at de forhærdede deres Hjerter, så de drog i Kamp mod Israel, for at de skulde lægge Band på dem uden Skånsel og udrydde dem, som HERREN havde pålagt Moses.
21 ၂၁ ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-
Ved den Tid drog Josua hen og udryddede Anakiterne af Bjerglandet, af Hebron, Debir og Anab, og af hele Judas og hele Israels Bjergland; på dem og deres Byer lagde Josua Band.
22 ၂၂ ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-
Der blev ingen Anakiter tilbage i Israeliternes Land, kun i Gaza, Gat og Asdod blev der Levninger tilbage.
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။
Således indtog Josua hele Landet, ganske som HERREN havde sagt til Moses, og Josua gav Israel det i Eje efter deres Afdelinger, Stamme for Stamme. Og Landet fik Ro efter Krigen.

< ယောရှု 11 >