< ယောရှု 10 >

1 ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။-
EIA hoi kekahi; a lohe o Adonizedeka, ke alii o Ierusalema, i ke pio ana o Ai ia Iosua, a me kona luku ana ia wahi; e like me kana hana ana ia Ieriko a me kona alii, pela kana hana ana ia Ai, me ko laila alii; a ua hookuikahi aku na kanaka o Gibeona me ka Iseraela, a ua noho pu me lakou;
2 ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။-
Makau loa oia, me kona poe, no ka mea, he kulanakanhale nui o Gibeona, me he kulanakauhale alii la, no ka mea, oia ka nui o laua o Ai, a o ko laila poe kanaka a pau, he poe koa loa.
3 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-
Nolaila kii aku la o Adonizedeka, ke alii o Ierusalema, ia Hohama, i ke alii o Heberona, a ia Pirama, i ke alii o Iaremuta, a ia Iapia, i ke alii o Lakisa, a ia Debira, ke alii o Egelona, i aku la ia lakou,
4 ``ဂိ​ဗောင်​မြို့​သား​တို့​သည်​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ချုပ်​ထား​ကြ​သော​ကြောင့် ဂိ​ဗောင်​မြို့​ကို တိုက်​ခိုက်​ရန်​ငါ့​ထံ​သို့​စစ်​ကူ​ပို့​ကြ​ပါ'' ဟု​ပြော​စေ​၏။-
E hele mai oukou io'u nei, e kokua mai ia'u, i pepehi kakou i ko Gibeona; no ka mea, ua hookuikahi lakou me Iosua a me na mamo a Iseraela.
5 ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။
Alaila, akoakoa mai la na'lii elima o ka Amora, o ke alii o Ierusalema, o ke alii o Heberona, o ke alii o Iaremuta, o ke alii o Lakisa, a me ke alii o Egelona, a pii aku la lakou a me ko lakou huna kau a a pau, a hoomoana iho la ma ke alo o Gibeona, a kaua aku la.
6 ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။
Hoouna koke mai la na kanaka o Gibeona ia Iosua, ma kahi ana i hoomoana'i ma Gilegala, i mai la, Mai hookaulua oe i kou lima i kau poe kauwa nei; e pii koke mai io makou nei, e hoopakele, a e kokua mai ia makou; no ka mea, ua akoakoa mai nei na'lii a pau o ka Amora, ka poe e noho ana ma na mauna, e ku e ia makou.
7 ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။-
Alaila, pii aku la o Iosua, mai Gilegala aku, oia, a me na kanaka kaua a pau pu me ia, a me ka poe koa ikaika a pau.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။-
I mai la o Iehova ia Iosua, Mai makau ia lakou; no ka mea, ua haawi au ia lakou a pau iloko o kou lima, aole loa e ku kekahi kanaka o lakou imua ou.
9 ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။-
Hiki koke aku la o Iosua ia lakou, i kona hele ana, mai Gilegala aku i ka po a ao.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-
Hooauhee aku la o Iehova ia lakou imua o ka Iseraela, a luku aku la oia ia lakou i ka make nui loa, ma Gibeona, a hahai aku la no hoi oia ia lakou, ma ke ala e hiki aku ai i Betehorona, a pepehi iho la ia lakou a hiki i Azeka, a i Makeda.
11 ၁၁ ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။
A i ko lakou hee ana imua o ka Iseraela, i ko lakou iho ana i Betehorona, hoolei mai la o Iehova i na pohaku nui maluna o lakou, mai ka lani mai, a hiki i Azeka, a make lakou. Ua nui ka poe i make i ka huahekili, he hapa ka poe i make i na mamo a Iseraela, i ka pahikaua.
12 ၁၂ အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။
Alaila, olelo aku la o Iosua ia Iehova, i ka la i haawi mai ai o Iehova i ka Amora na na mamo a Iseraela, i aku la ia imua o ke alo o ka Iseraela, E ka la, e kau malie oe maluna o Gibeona, a o oe hoi, e ka mahina, maluna o ke awawa o Aialona.
13 ၁၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။-
Kau malie iho la ka la, a ku malie no hoi ka mahina, a hoopai aku la na kanaka i ko lakou, poe enemi. Aole anei keia ka mea i palapalaia ma ka buke a Iasera? Kau malie no ka la mawaena o ka lani, aole i hoomau i kona hele a pau ka la hookahi.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။
Aole la e like me ia mamua, aole hoi mahope, i lohe ai o Iehova i ka leo o ke kanaka; no ka mea, kaua maoli no o Iehova mamuli o ka Iseraela.
15 ၁၅ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။
Hoi mai la o Iosua a me ka Iseraela a pau pu me ia, a i kahi i hoomoana'i ma Gilegala.
16 ၁၆ အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-
Holo aku la ua mau alii nei elima, a pee iho la iloko o ke ana ma Makeda.
17 ၁၇ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​မင်း​များ ပုန်း​အောင်း​နေ​သည်​ကို​တွေ့​သ​ဖြင့် ယော​ရှု ထံ​သို့​အ​ကြောင်း​ကြား​လေ​သည်။-
Ua haiia mai ia Iosua, i ka i ana mai, Ua loaa na'lii elima, ua pee lakou iloko o kekahi ana aia ma Makeda.
18 ၁၈ ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-
I aku la o Iosua, E olokaa i mau pohaku nui ma ka waha o ke ana, a e hoonoho i mau kanaka e kiai ia lakou:
19 ၁၉ သင်​တို့​မူ​ကား​ထို​အ​ရပ်​တွင်​စောင့်​၍​မ​နေ​နှင့်။ ရန်​သူ​များ​နောက်​သို့​လိုက်​လံ​၍​နောက်​ဆွယ်​မှ တိုက်​ခိုက်​လော့။ မြို့​များ​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​ကို​သင်​တို့​လက်​သို့​အပ်​တော်​မူ​ပြီ'' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မှာ ကြား​လေ​သည်။-
Mai kakali oukou, e hahai oukou i ko oukou poe enemi, a e pepehi i ko lakou hopena. Mai kuu aku ia lakou e komo iloko o ko lakou mau kulanakauhale; no ka mea, na Iehova ko oukou Akua i haawi mai ia lakou i ko oukou lima.
20 ၂၀ ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-
Luku aku la o Iosua a me na mamo a Iseraela ia lakou i ka make nui loa, a oki loa iho la lakou, alaiia, holo aku la ke koena o lakou a komo iloko o na kulanakauhale i paa i ka pa.
21 ၂၁ ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။
Hoi maluhia mai la na kanaka a pau i kahi a lakou i hoomoana'i, io Iosua la, ma Makeda. Aole loa i hookala kekahi i kona alelo i na mamo a Iseraela.
22 ၂၂ ထို​နောက်​ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ဖွင့်​၍ မင်း​ငါး​ပါး​ကို​ငါ့​ထံ​သို့​ထုတ်​ဆောင်​ခဲ့ ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
I aku la o Iosua, E wehe i ka waha o ke ana, a e lawe mai iwaho io u nei, i ua mau alii la elima, mai ke aua mai.
23 ၂၃ သူ​တို့​သည်​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန် ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန်​ဘု​ရင်​တို့​ကို​လိုဏ်​ဂူ​ထဲ​မှ​ထုတ်​၍၊-
Hana iho la no lakou pela, a lawe mai la i ua mau alii la elima io na la, mai ke ana mai; o ke alii o Ierusalema, a me ke alii o Heberona, a me ke alii o Iaremuta, a me ke alii o Lakisa, a me ke alii o Egelona.
24 ၂၄ ယော​ရှု​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။ ထို အ​ခါ​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် မိ​မိ​နှင့်​အ​တူ​စစ်​ချီ​တိုက် ခိုက်​ခဲ့​သော​ဗိုလ်​မှူး​များ​ကို​မိ​မိ​ထံ​သို့​ဆင့် ခေါ်​၏။ ဗိုလ်​မှူး​တို့​အား``ထို​မင်း​တို့​၏​လည်​ပင်း ကို​ခြေ​ဖြင့်​နင်း​ကြ'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ခြေ​ဖြင့်​နင်း​ကြ​၏။-
A i ka wa i lawe mai ai lakou i ua mau alii nei io Iosua la, alaila, hea aku la o Iosua i kanaka a pau o ka Iseraela, i aku la i na alihi o ka poe koa, i hele pu me ia, E neenee mai oukou, a e hehi ko oukou kapuwai maluna o na a-i o keia poe alii. Neenee mai la lakou a hehi aku la ko lakou kapuwai, maluna o ko lakou mau a-i.
25 ၂၅ ယော​ရှု​က​ဗိုလ်​မှူး​တို့​အား``ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​၏​ရန်​သူ​ဟူ​သ​မျှ​ကို ဤ​သို့​ပြု တော်​မူ​မည်​ဖြစ်​သော​ကြောင့်​မ​ကြောက်​ကြ နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ အား​မာန်​တင်း​၍​ရဲ ရင့်​ခြင်း​ရှိ​ကြ​လော့'' ဟူ​၍​ဆို​လေ​၏။-
I aku la o Iosua ia lakou, Mai makau oukou, aole hoi e weliweli; e ikaika oukou, a e koa hoi, no ka mea, pela no e hana mai ai o Iehova i na euemi a pau a oukou e kaua aku ai.
26 ၂၆ ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-
A mahope iho, luku aku la o Iosua ia lakou a pepehi iho la, a kaawe ae la ma na laau elima; a e kaulia ana no lakou ma na laau, a hiki i ke ahiahi.
27 ၂၇ နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။
A hiki i ka manawa i napoo ai ka la, kauoha ae la o Iosua, e kuu ia lakou mailuua iho o na laau, a e kiola ia lakou iloko o ke ana, ma kahi a lakou i pee aku ai; a waiho aku la i na pohaku nui ma ka waha o ke ana, a hiki loa mai i neia la.
28 ၂၈ ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-
Ia la no i hoopio ai o Iosua ia Makeda, a luku aku la me ka maka o ka pahikaua, a pepehi aku la i ko laila alii a make loa, o lakou, a me ko laila kanaka a pau, aole ia i waiho i kekahi koena. Hana aku la ia i ko laila alii, e like me ia i hana aku ai i ke alii o Ieriko.
29 ၂၉ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-
Hele aku la o Iosua, a me ka Iseraela a pau pu me ia, mai Makeda aku a hiki i Libena, a kaua aku la ia Libena.
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။
Haawi mai no hoi o Iehova ia wahi a me ko laila alii a me ko laila poe kanaka a pau, i ka lima o ka Iseraela, a luku aku la oia ia wahi ma ka maka o ka pahikaua; aole ia i waiho i koena ma ia wahi. Hana aku no hoi ia i ko laila alii e like me ia i hana aku ai i ke alii o Ieriko.
31 ၃၁ ထို​နောက်​ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည် လိ​ဗ​နာ​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​တက်​၍ မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
Hele aku la o Iosua, a me ka Iseraela a pau pu me ia mai Libena aku a Lakisa, hoomoana iho la ma ke alo o ia wahi, a kaua aku la.
32 ၃၂ ထာ​ဝ​ရ​ဘု​ရား​သည်​တိုက်​ပွဲ​ဒု​တိ​ယ​နေ့ ၌​လာ​ခိ​ရှ​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည် လိ​ဗ​နာ​မြို့​သူ​မြို့​သား​တို့​ကို​ပြု​သ​ကဲ့ သို့ လာ​ခိ​ရှ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့ ကို​လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် သုတ်​သင်​ကြ​သည်။-
Haawi mai la o Iehova ia Lakisa i ka lima o ka Iseraela, a i ka lua o ka la, hoopio iho la oia ia wahi a luku aku la ia wahi ma ka maka o ka pahikaua, a me na kanaka a pau ma ia wahi, e like me na mea a pau ana i hana aku ai ia Libena.
33 ၃၃ ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။
Alaila, hele ae la o Horama, ke alii o Gezera, e kokua mamuli o Lakisa. Luku aku la o Iosua ia ia, a me kona kanaka, a pau loa lakou i ka make, aole i koe.
34 ၃၄ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် လာ​ခိ​ရှ​မြို့​မှ​ဧ​ဂ​လုန်​မြို့​သို့​ချီ တက်​၍​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
Hele aku la o Iosua a me ka Iseraela a pau pu me ia, mai Lakisa aku a Egelona, a hoomoana iho la ma ke alo o ia wahi, a kaua aku la ia ia.
35 ၃၅ သူ​တို့​သည်​ထို​နေ့​၌​ပင်​မြို့​ကို​တိုက်​ခိုက်​သိမ်း ပိုက်​နိုင်​သ​ဖြင့် လာ​ခိ​ရှ​မြို့​သား​တို့​အား​ပြု သ​ကဲ့​သို့ ဧ​ဂ​လုန်​မြို့​သူ​မြို့​သား​တို့​ကို လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ် သင်​ကြ​လေ​သည်။
Hoopio iho la lakou ia wahi ia la no, a luku aku la ia wahi ma ka maka o ka pahikaua, a me ko laila kanaka a pau, luku loa aku la ia, e like me na mea a pau ana i hana aku ai ia Lakisa.
36 ၃၆ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဧ​ဂ​လုန်​မြို့​မှ​တောင်​ကုန်း​ဒေ​သ​တွင် တည်​ရှိ​သော ဟေ​ဗြုန်​မြို့​သို့​ချီ​တက်​၍​မြို့​ကို တိုက်​ခိုက်၊-
Hele aku la o Iosua, a me ka Iseraela a pau pu me ia, mai Egelona aku a Heberona, a kaua aku la ia wahi.
37 ၃၇ သိမ်း​ပိုက်​ကြ​လေ​သည်။ သူ​တို့​သည်​ဟေ​ဗြုန် မင်း​နှင့်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း ကောင်း၊ အ​နီး​အ​နား​မြို့​များ​မှ​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း သတ်​ဖြတ် သုတ်​သင်​ကြ​လေ​သည်။ ယော​ရှု​သည်​ဧ​ဂ​လုန် မြို့​ကို​လုံး​လုံး​လျား​လျား​ဖျက်​ဆီး​ခဲ့​သည့် နည်း​တူ ဟေ​ဗြုန်​မြို့​ကို​လည်း​ဖျက်​ဆီး​လေ သည်။ မည်​သူ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍ မ​ကျန်​ရစ်​ချေ။
Hoopio iho la lakou ia wahi, a luku aku la ma ka maka o ka pahikaua, a me ko laila alii, a me ko laila kulanakauhale a pau, a me ko laila kanaka a pau; aole ia i waiho i koena, e like me na mea a pau ana i hana aku ai ia Egelona. Hooki loa iho la oia ia wahi a me ko laila kanaka a pau.
38 ၃၈ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဒေ​ဗိ​ရ​မြို့​သို့​ပြန်​လာ​၍​ထို​မြို့​ကို တိုက်​ခိုက်​ကြ​သည်။-
Hoi mai la o Iosua a me ka Iseraela a pau pu me ia, a i Debira, a kaua ae la ia wahi;
39 ၃၉ သူ​တို့​သည်​မင်း​နှင့်​တ​ကွ​မြို့​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ​ထိုင်​သော​မြို့ သူ​မြို့​သား​အား​လုံး​ကို​သတ်​ဖြတ်​သုတ်​သင် ကြ​သည်။ ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ လိ​ဗ​နာ မြို့​နှင့်​၎င်း​တို့​၏​မင်း​များ​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​၎င်း​၏​မင်း​ကို​ပြု​လေ​သည်။
A hoopio iho la, a me ko laila alii, a me ko laila kulanakauhale a pau, a luku aku la ia lakou ma ka maka o ka pahikaua, a hooki loa iho la ia i kanaka a pau o ia wahi, aole i waiho i koena; e like me ia i hana aku ai ia Heberona, pela no ia i hana'i ia Debira, a me kona alii, e like hoi me ia i hana'i ia Libena, a me kona alii.
40 ၄၀ ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-
Luku aku la o Iosua i ka aina mauna a pau, a ma ka lima hema, a ma kahi papu, a ma kahi haahaa, a me ko laila poe alii a pau. Aole ia i waiho i kekahi koena. Hooki loa iho la ia i na mea hanu a pau, e like me ke kauoha ana mai o Iehova ke Akua o ka Iseraela.
41 ၄၁ ယော​ရှု​သည်​တောင်​ဘက်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ မှ​ပင်​လယ်​ကမ်း​ခြေ​အ​နီး​ရှိ​ဂါ​ဇ​မြို့​တိုင် အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​မှ​မြောက်​ဘက် ဂိ​ဗောင်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း​စစ်​ချီ တိုက်​ခိုက်​ခဲ့​လေ​သည်။-
Luku aku la o Iosua ia lakou, mai Kadesabanea a hiki i Gaza, a me ka aina a pau o Gosena a hiki loa i Gibeona.
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-
Hoopio iho la o Iosua i keia poe alii a pau, a me ko lakou aina, i kela wa hookahi no, no ka mea, na Iehova no, ke Akua o ka Iseraela, i kaua mai mamuli o ka Iseraela.
43 ၄၃ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​စခန်း​သို့​ပြန် လာ​ကြ​လေ​သည်။
Hoi mai la o Iosua, a me ka Iseraela a pau pu me ia, a hiki i kahi a lakou i hoomoana'i ma Gilegala.

< ယောရှု 10 >