< ယောဘ 22 >

1 တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊
А Елифас Теманац одговори и рече:
2 လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
Може ли Богу бити човек користан? Сам је себи користан човек мудар.
3 သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
Је ли Свемогућем радост, ако си праведан? Или Му је добит, ако ходиш без мане?
4 သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။
Хоће ли те карати и ићи на суд с тобом зато што те се боји?
5 သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
Није ли злоћа твоја велика? И неправдама твојим има ли краја?
6 သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
Јер си узимао залог од браће своје низашта, и свлачио си хаљине с голих.
7 မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။
Уморног ниси напојио воде, и гладноме ниси дао хлеба.
8 အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။
Земља је била човека силног, и угледни је седео у њој.
9 သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။
Удовице си отпуштао празне, и мишице сиротама потирао си.
10 ၁၀ ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
Зато су око тебе замке, и страши те страх изненада.
11 ၁၁ မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
И мрак је око тебе да не видиш, и поводањ покрива те.
12 ၁၂ ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။
Није ли Бог на висини небеској? Погледај горе звезде, како су високо.
13 ၁၃ သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
Али ти кажеш: Шта зна Бог? Еда ли ће кроз таму судити?
14 ၁၄ မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
Облаци Га заклањају, те не види; хода по кругу небеском.
15 ၁၅ ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
Јеси ли запазио стари пут којим су ишли неправедници,
16 ၁၆ အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
Који се искоренише пре времена и вода се разли по темељу њиховом?
17 ၁၇ ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
Говораху Богу: Иди од нас. Шта би им учинио Свемогући?
18 ၁၈ သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
А Он им је напунио куће добра. Али намера безбожничка далеко је од мене.
19 ၁၉ ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
Видеће праведници и радоваће се, и безазлени подсмеваће им се.
20 ၂၀ အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
Да, још није уништено добро наше, а остатак је њихов прождрао огањ.
21 ၂၁ ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
Сложи се с Њим и помири се; тако ће ти бити добро.
22 ၂၂ နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
Прими из уста Његових закон, и сложи речи Његове у срцу свом.
23 ၂၃ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
Ако се вратиш к Свемогућем, опет ћеш се назидати, ако удаљиш од шатора својих безакоње,
24 ၂၄ ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
Тада ћеш метати по праху злато и офирско злато по камењу из потока.
25 ၂၅ ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
И Свемогући биће ти злато и сребро и сила твоја.
26 ၂၆ သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
Јер ћеш се тада радовати о Господу, и подигнућеш к Богу лице своје.
27 ၂၇ သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
Молићеш Му се, и услишиће те, и завете своје извршићеш.
28 ၂၈ သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
Шта год наумиш, излазиће ти; и на путевима твојим светлиће видело.
29 ၂၉ သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
Кад други буду понижени, рећи ћеш: Да се подигну; и Бог ће избавити оног ко је оборених очију.
30 ၃၀ အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
Избавиће и оног који није без кривице; избавиће га чистотом руку твојих.

< ယောဘ 22 >