< ယေရမိ 49 >
1 ၁ ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
За синове Амонове: Овако вели Господ: Зар Израиљ нема синове? Зар нема наследнике? Зашто Малхом наследи земљу Гадову? И зашто се народ његов насели у његовим градовима?
2 ၂ ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
Зато ево иду дани, говори Господ, кад ћу учинити да се чује вика убојна у Рави синова Амонових, и она да буде гомила развалина, и села њена попаљена огњем; и Израиљ ће овладати онима који беху њим овладали, говори Господ.
3 ၃ ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
Ридај Есевоне, јер је Гај опустошен, вичите села равска, припашите око себе кострет, наричите и трчите око плотова; јер ће Малхом отићи у ропство, свештеници његови и кнезови његови скупа.
4 ၄ သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
Што се хвалиш долинама? Растопила се долина твоја, кћери одметницо! Која се уздаш у благо своје: Ко би ударио на ме?
5 ၅ ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။
Ево ја ћу пустити на те страх од свуда унаоколо, говори Господ Господ над војскама, и распршаћете се сви, и неће бити никога да скупи бежан.
6 ၆ ``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။
Али ћу после повратити робље синова Амонових, говори Господ.
7 ၇ တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
За Едома, овако вели Господ над војскама: Зар нема више мудрости у Теману? Неста ли савета разумнима? Ишчиле ли мудрост њихова?
8 ၈ အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
Бежите, обратите плећи, заврите се дубоко, становници дедански, јер ћу пустити на Исава погибао његову у време кад ћу га походити.
9 ၉ လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
Да ти дођу берачи, не би ли ти оставили пабирака? Да дођу лупежи ноћу, не би ли однели колико им је доста?
10 ၁၀ သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
Али ја оголузних Исава, открих потаје његове да се не може сакрити; пропаде семе његово, браћа његова и суседи његови, нико не оста.
11 ၁၁ သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။
Остави сироте своје, ја ћу им живот сачувати, и удовице твоје нека се уздају у ме.
12 ၁၂ ``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။-
Јер овако вели Господ: Ево, који не би требало да пију из чаше, доиста ће пити; а ти ли ћеш остати без кара? Нећеш остати без кара, него ћеш зацело пити.
13 ၁၃ ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Јер собом се заклињем, говори Господ, да ће Восора бити пустош, руг, чудо и проклетство, и сви ће градови њени бити пустиња вечна.
14 ၁၄ ငါက``အချင်းဧဒုံပြည်၊ ထာဝရဘုရား ၏ထံတော်မှဗျာဒိတ်တော်ကိုငါခံရပြီ။ ကိုယ်တော်သည်လူမျိုးတကာတို့အား သင် တို့၏တပ်မတော်များကိုစုဝေး၍ဧဒုံ ပြည်ကိုတိုက်ခိုက်ကြလော့။ စစ်ပွဲဝင်ရန် အသင့်ပြင်ကြလော့ဟုပြောကြားရန် တမန်တော်တစ်ဦးကိုစေလွှတ်တော် မူလေပြီ။-
Чух глас од Господа, и гласник би послан к народима да рече: Скупите се и идите на њу, и дигните се у бој.
15 ၁၅ ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
Јер гле, учинићу те да будеш мали међу народима и презрен међу људима.
16 ၁၆ သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
Обест твоја и поноситост срца твог превари тебе, који живиш у раселинама каменим и држиш се високих хумова; да начиниш себи гнездо високо као орао, и оданде ћу те свалити, говори Господ.
17 ၁၇ ``ဧဒုံပြည်သည်များစွာယိုယွင်းပျက်စီး သွားမည်ဖြစ်သဖြင့် အနီးမှဖြတ်သန်းသွား လာသူတို့သည်ထိုပြည်ဖြစ်ပျက်ရပုံအခြင်း အရာကိုမြင်သောအခါလန့်ဖျပ်တုန်လှုပ် ကြလိမ့်မည်။-
И земља ће едомска бити пустиња, ко прође мимо њу, свак ће се чудити и звиждати ради свих рана њених.
18 ၁၈ သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်း ကျင်ကျေးရွာများသည် သုတ်သင်ဖျက်ဆီး ခြင်းကိုခံရသည့်နည်းတူဧဒုံပြည်သည် လည်းခံရလိမ့်မည်။ ကာလအနည်းငယ်မျှ ပင်လျှင်ထိုပြည်တွင်နေထိုင်မည့်သူတစ်ဦး တစ်ယောက်မျှရှိလိမ့်မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏။-
Као кад се затре Содом и Гомор и суседство њихово, вели Господ, неће се населити онде нико нити ће се бавити онде син човечји.
19 ၁၉ ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
Гле, као лав изаћи ће подижући се више него Јордан на стан Силнога; али ћу га брзо отерати из те земље, и поставићу над њом оног ко је изабран; јер ко је као ја? И ко ће се прети са мном? И који ће ми пастир одолети?
20 ၂၀ သို့ဖြစ်၍ဧဒုံပြည်သူတို့အတွက်ငါပြု လုပ်ထားသည့်အကြံအစည်ကိုလည်းကောင်း၊ တေမန်မြို့သူမြို့သားတို့အတွက်ငါကြံ စည်ထားသည့်အမှုအရာကိုလည်းကောင်း နားထောင်ကြလော့။ ရန်သူသည်သူတို့၏ သားသမီးများကိုပင်လျှင်ဒယဥ့်တိုက် ဆွဲ၍ခေါ်ဆောင်သွားလိမ့်မည်။-
Зато чујте намеру Господњу што је наумио за Едомце и мисли његове што је смислио за становнике теманске: заиста најмањи из стада развлачиће их, заиста ће опустети стан с њима.
21 ၂၁ ဧဒုံပြည်ပြိုလဲသောအခါကြီးစွာသော အသံဖြစ်ပေါ်လာသဖြင့်ကမ္ဘာမြေကြီး သည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက်လန့် အော်ဟစ်ကြသောအသံများကိုလည်း အ္ဂဗာပင်လယ်ကွေ့တိုင်အောင်ကြားရ ကြလိမ့်မည်။-
Од праске падања њиховог земља ће се трести, и вика ће се њихова чути на црвеном мору.
22 ၂၂ ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Гле, доћи ће и долетеће као орао и рашириће крила своја над Восором, и биће срце у јунака едомских као срце у жене која се порађа.
23 ၂၃ ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
За Дамаск. Посрами се Емат и Арфад, јер чу зле гласе; растопише се, страх је на мору, не може се умирити.
24 ၂၄ ဒမာသက်မြို့သားတို့သည်စိတ်အားငယ် လျက်ထိတ်လန့်တုန်လှုပ်ကာထွက်ပြေးကြ ကုန်၏။ သူတို့သည်သားဖွားသည့်အမျိုး သမီးကဲ့သို့ ကိုယ်စိတ်ဝေဒနာပြင်းစွာ ခံစားရကြပေသည်။-
Дамаск клону, обрати се да бежи, дрхат га подузе, туга и болови освојише га као породиљу.
25 ၂၅ အခါတစ်ပါးကပျော်မွေ့ဖွယ်ရာကောင်း၍ ထင်ပေါ်ကျော်ကြားခဲ့သော ထိုမြို့တော်သည် လုံးလုံးလျားလျားလူသူကင်းမဲ့လျက်ရှိ တော့၏။-
Како се не остави славни град? Град радости моје?
26 ၂၆ သို့ဖြစ်၍ထိုနေ့ရက်ကာလကျရောက်သော အခါ လူငယ်လူရွယ်များနှင့်စစ်သူရဲအ ပေါင်းတို့သည်မြို့လမ်းများအပေါ်တွင် အသတ်ခံရကြလိမ့်မည်။-
Зато ће попадати младићи његови на улицама његовим, и сви ће војници његови изгинути у онај дан, говори Господ над војскама.
27 ၂၇ ငါသည်ဒမာသက်မြို့ရိုးများနှင့်ဗင်္ဟာဒဒ် မင်း၏နန်းတော်အဆောက်အအုံများကို မီးသင့်လောင်စေမည်'' ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
И распалићу огањ у зидовима дамаштанским, и прождреће дворе Вен-Ададове.
28 ၂၈ ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
За Кидар и за царства асорска, која разби Навуходоносор цар вавилонски, овако вели Господ: Устаните, идите на Кидар, и затрите синове источне.
29 ၂၉ သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
Узеће им шаторе и стада, завесе њихове и судове њихове и камиле њихове отеће, и викаће на њих страшно одсвуда.
30 ၃၀ ``ဟာဇော်မြို့သားတို့၊ ရပ်ဝေးသို့ထွက်ပြေး ပုန်းအောင်းနေကြရန် သင်တို့အားငါထာဝရ ဘုရားသတိပေး၏။ ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာသည်သင်တို့ကိုလုပ်ကြံရန်ကြံစည် ထားလေပြီ။-
Бежите, селите се далеко, сакријте се дубоко, становници асорски, говори Господ, јер је Навуходоносор цар вавилонски намерио намеру против вас, и смислио мисао против вас.
31 ၃၁ `လာကြ၊ ငါတို့သည်ဘေးမဲ့လုံခြုံမှုရှိလှ ပြီဟုထင်မှတ်သူထိုလူမျိုးကိုတိုက်ခိုက် ကြကုန်အံ့။ သူတို့၏မြို့သည်မြို့တံခါးနှင့် ကန့်လန့်ပင်မရှိ။ လုံခြုံမှုကင်းမဲ့သည့်မြို့ ဖြစ်သည်' ဟုဆို၏။
Устаните, идите к народу мирном, који живи без страха, говори Господ, који нема врата ни преворница, живе сами.
32 ၃၂ ``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။-
И камиле ће њихове бити плен, и мноштво стоке њихове грабеж, и расејаћу их у све ветрове, оне што се с краја стрижу, и довешћу погибао на њих са свих страна, говори Господ.
33 ၃၃ ဟာဇော်မြို့သည်ခွေးအများခိုအောင်းရာ၊ ထာဝစဉ်လူသူကင်းမဲ့လျက်နေလိမ့်မည်။ ထိုအရပ်တွင်နောက်တစ်ဖန်နေထိုင်သူတစ်စုံ တစ်ယောက်မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့် တော်မူ၏။
И Асор ће бити стан змајевски, пустиња до века: нико се неће онде населити, нити ће се бавити у њему син човечји.
34 ၃၄ ယုဒဘုရင်ဇေဒကိနန်းတက်ပြီးနောက် မကြာမီ အနန္တတန်ခိုးရှင်ထာဝရဘုရား သည် ဧလံပြည်ကိုရည်မှတ်၍ငါ့အားဗျာ ဒိတ်ပေးတော်မူသည်မှာ၊-
Реч Господња која дође Јеремији пророку за Елам, у почетку царовања Седекије цара Јудиног, говорећи:
35 ၃၅ ``ငါသည်ဧလံပြည်ကိုလွန်စွာတန်ခိုး ကြီးမားအောင်ပြုစုပေးသူ လေးသည်တော် အပေါင်းအားကွပ်မျက်မည်။-
Овако вели Господ над војскама: Ево, ја ћу сломити лук Еламу, главну силу његову;
36 ၃၆ ကောင်းကင်အရပ်လေးမျက်နှာမှလာသော လေကိုဧလံပြည်သို့တိုက်ခတ်စေ၍ ပြည်သူ တို့အားအရပ်တကာသို့ကွဲလွင့်စေမည်။ ထို ဒုက္ခသည်များမရောက်ကြသည့်တိုင်းနိုင်ငံ တစ်ခုမျှရှိလိမ့်မည်မဟုတ်။-
И довешћу на Елам четири ветра с четири краја небеса, и у све те ветрове расејаћу их, тако да неће бити народа куда неће отићи прогнаници еламски.
37 ၃၇ ဧလံပြည်သားတို့သည်မိမိတို့ကိုသတ်ဖြတ် လိုသူရန်သူများအားကြောက်လန့်အောင်ငါ ပြုမည်။ ငါသည်ပြင်းစွာအမျက်ထွက်၍သူ တို့အားသုတ်သင်ပယ်ရှင်းမည်။ သူတို့အား လုံးဝသုတ်သင်ပယ်ရှင်းသည်တိုင်အောင် တပ်မတော်များကိုငါစေလွှတ်၍တိုက်ခိုက် စေမည်။-
И уплашићу Еламце пред непријатељима њиховим, и пред онима који траже душу њихову; и пустићу зло на њих, жестину гнева свог, говори Господ, и пустићу за њима мач докле их не затрем.
38 ၃၈ ငါသည်ဧလံဘုရင်များနှင့်ခေါင်းဆောင် များကိုသုတ်သင်ပယ်ရှင်းကာထိုပြည်တွင် ငါ၏ရာဇပလ္လင်ကိုတည်ထားမည်။-
И наместићу престо свој у Еламу, и истребићу оданде цара и кнезове, говори Господ.
39 ၃၉ သို့ရာတွင်နောင်အခါ၌ဧလံပြည်သားတို့ အားတစ်ဖန်ပြန်၍ကောင်းစားစေမည်။ ဤ ကားငါထာဝရဘုရားမြွက်ဆိုသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Али у последње време повратићу робље еламско, говори Господ.