< ယေရမိ 47 >

1 ဂါ​ဇ​မြို့​ကို​အီ​ဂျစ်​ဘု​ရင်​မ​တိုက်​ခိုက်​မီ ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
फ़िरौन द्वारा गाज़ा नगर को जीत लेने से पहले यिर्मयाह भविष्यद्वक्ता के पास पलिश्तियों के विषय यहोवा का यह वचन पहुँचा
2 ကိုယ်​တော်​က၊ ``ကြည့်​ရှု​လော့။ မြောက်​အ​ရပ်​တွင်​ရေ​တက် လျက် ရေ​လျှံ​မြစ်​ကဲ့​သို့​စီး​ဆင်း​လာ​လိမ့်​မည်။ ထို​ရေ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မြေ​ကြီး ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​များ၊မြို့​များ​နှင့် မြို့​သူ​မြို့​သား​များ​ကို​လွှမ်း​မိုး​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကယ်​ရန်​ဟစ်​ခေါ်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ပြင်း​ပြ​စွာ ငို​ကြွေး​ကြ​လိမ့်​မည်။
“यहोवा यह कहता है कि देखो, उत्तर दिशा से उमड़नेवाली नदी देश को उस सब समेत जो उसमें है, और निवासियों समेत नगर को डुबो लेगी। तब मनुष्य चिल्लाएँगे, वरन् देश के सब रहनेवाले हाय-हाय करेंगे।
3 သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။ သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။
शत्रुओं के बलवन्त घोड़ों की टाप, रथों के वेग चलने और उनके पहियों के चलने का कोलाहल सुनकर पिता के हाथ-पाँव ऐसे ढीले पड़ जाएँगे, कि वह मुँह मोड़कर अपने लड़कों को भी न देखेगा।
4 တု​ရု​မြို့​နှင့်​ဇိ​ဒုန်​သို့​ပေး​ပို့​နိုင်​သည့်​စစ်​ကူ အ​ကြွင်း​အ​ကျန်​မှန်​သ​မျှ​ကို​ဖြတ်​တောက် ပစ်​ရန် ဖိ​လိတ္တိ​ပြည်​ကို၊သုတ်​သင်​ပယ်​ရှင်း​ရ​မည့် နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​ရေ​တေ​ကမ်း​ခြေ​မှ လာ​သူ​အ​ပေါင်း​ဖြစ်​သည့် ဖိ​လိတ္တိ​အမျိုး​သား​တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။
क्योंकि सब पलिश्तियों के नाश होने का दिन आता है; और सोर और सीदोन के सब बचे हुए सहायक मिट जाएँगे। क्योंकि यहोवा पलिश्तियों को जो कप्तोर नामक समुद्र तट के बचे हुए रहनेवाले हैं, उनको भी नाश करने पर है।
5 ဂါ​ဇ​မြို့​သူ​မြို့​သား​တို့​သည်​များ​စွာ ဝမ်း​နည်း​ကြေ​ကွဲ​ရ​ကြ​လေ​ပြီ။ အာ​ရှ​ကေ​လုန်​မြို့​သူ​မြို့​သား​တို့​သည်​လည်း ဆိတ်​ဆိတ်​နေ​ကြ​၏။ ကြွင်း​ကျန်​၍​နေ​သော​ဖိ​လိတ္တိ​ပြည်​သူ​တို့ သည်​အ​ဘယ်​မျှ ကြာ​ကြာ​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ မည်​နည်း။
गाज़ा के लोग सिर मुँड़ाए हैं, अश्कलोन जो पलिश्तियों के नीचान में अकेला रह गया है, वह भी मिटाया गया है; तू कब तक अपनी देह चीरता रहेगा?
6 ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော်၊ သင်​သည်​အ​ဘယ်​မျှ​ကြာ​ကြာ​ခုတ်​ထစ် နေ​ပါ​ဦး​မည်​နည်း။ မိ​မိ​ဋ္ဌား​အိမ်​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ငြိမ်​သက်​စွာ နေ​ပါ​လော့'' ဟု​သင်​တို့​ဆို​ကြ​၏။
“हे यहोवा की तलवार! तू कब तक शान्त न होगी? तू अपनी म्यान में घुस जा, शान्त हो, और थमी रह!
7 သို့​ရာ​တွင်​ထို​ဋ္ဌား​တော်​သည်​ငါ​ပေး​အပ်​ထား သည့် အ​လုပ်​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ငြိမ်​သက်​စွာ​နေ​နိုင်​မည်​နည်း။ အာ​ရှ​ကေ​လုန်​မြို့​နှင့်​ပင်​လယ်​ကမ်း​ခြေ​တွင် နေ​ထိုင်​သော လူ​တို့​အား၊တိုက်​ခိုက်​ရန်​ထို​ဋ္ဌား​တော်​ကို​ငါ အ​မိန့်​ပေး​တော်​မူ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
तू कैसे थम सकती है? क्योंकि यहोवा ने तुझको आज्ञा देकर अश्कलोन और समुद्र तट के विरुद्ध ठहराया है।”

< ယေရမိ 47 >