< ယေရမိ 19 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​အိုး​တစ်​လုံး​ကို​သွား ရောက်​ဝယ်​ယူ​ရန် ငါ့​အား​စေ​ခိုင်း​တော်​မူ​၏။ ကိုယ် တော်​က​ငါ​နှင့်​အ​တူ​အ​သက်​ကြီး​သူ​ပြည်​သူ့ ခေါင်း​ဆောင်​အ​ချို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ချို့ တို့​ကို​လည်း​ခေါ်​ဆောင်​ကာ၊-
여호와께서 이같이 말씀하시되 가서 토기장이의 오지병을 사고 백성의 어른들과 제사장의 어른 몇 사람을 데리고
2 အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-
하시드 문 어귀 곁에 있는 힌놈의 아들의 골짜기로 가서 거기서 내가 네게 이른 말을 선포하여
3 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-
이르기를 너희 유다 왕들과 예루살렘 거민아! 여호와의 말씀을 들으라 만군의 여호와 이스라엘의 하나님이 이같이 말씀하시되 보라, 내가 이 곳에 재앙을 내릴 것이라 무릇 그것을 듣는 자의 귀가 진동하리니
4 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တို့​သည်​ငါ့​ကို​စွန့် ပစ်​ကာ မိ​မိ​တို့​ကိုယ်​တိုင်​မိ​မိ​တို့​ဘိုး​ဘေး​များ နှင့်​ယု​ဒ​ဘု​ရင်​များ​မ​သိ​ဘူး​သည့်​အ​ခြား ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​ဖြင့် ဤ​ဌာ​န တော်​ကို​ညစ်​ညမ်း​စေ​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ဤ​ဌာ​န​ကို​အ​ပြစ်​မဲ့​သူ​တို့​၏ အ​သွေး​ဖြင့်​ပြည့်​စေ​လျက်၊-
이는 그들이 나를 버리고 이 곳을 불결케 하며 이 곳에서 자기와 자기 열조와 유다 왕들의 알지 못하던 다른 신들에게 분향하며 무죄한 자의 피로 이 곳에 채웠음이며
5 မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-
또 그들이 바알을 위하여 산당을 건축하고 자기 아들들을 바알에게 번제로 불살라 드렸나니 이는 내가 명하거나 뜻한 바가 아니니라
6 သို့​ဖြစ်​၍​ဤ​အ​ရပ်​သည်​တော​ဖက်​ဟူ​၍​မ​ခေါ်၊ ဟိန္နုံ​ချိုင့်​ဝှမ်း​ဟူ​၍​မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ ၍​ခေါ်​ရ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည် ကို သ​တိ​ပြု​ကြ​လော့​ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-
그러므로 나 여호와가 말하노라 보라 다시는 이 곳을 도벳이나 힌놈의 아들의 골짜기라 칭하지 아니하고 살륙의 골짜기라 칭하는 날이 이를 것이라
7 ငါ​သည်​ဤ​အ​ရပ်​တွင်​ယု​ဒ​ပြည်​သား​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​၏​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​ပျက်​ပြား​စေ​တော်​မူ​မည်။ သူ​တို့ ကို​အ​သက်​ရန်​ရှာ​သူ​တို့​လက်​သို့​အပ်​၍​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​တော်​မူ​မည်။ သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​တို့​၏ အ​စာ​ဖြစ်​ရ​လိမ့်​မည်။-
내가 이 곳에서 유다와 예루살렘의 모계를 무효케 하여 그들로 그 대적 앞과 생명을 찾는 자의 손의 칼에 엎드러지게 하고 그 시체를 공중의 새와 땅 짐승의 밥이 되게 하며
8 ငါ​သည်​ဤ​မြို့​အ​ပေါ်​သို့​အ​လွန်​ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သက်​ရောက်​စေ​မည်​ဖြစ်​၍ အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် ထို​မြို့​၏​ဖြစ် အင်​ကို​မြင်​၍​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ စိတ်​ထိ​ခိုက် လျက်​အံ့​သြ​တွေ​ဝေ​သွား​ကြ​လိမ့်​မည်။-
이 성으로 놀람과 모욕거리가 되게 하리니 그 모든 재앙을 인하여 지나는 자마다 놀라며 모욕할 것이며
9 ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။
그들이 그 대적과 그들의 생명을 찾는 자에게 둘러싸여 곤핍을 당할 때에 내가 그들로 그 아들의 고기, 딸의 고기를 먹게 하고 또 각기 친구의 고기를 먹게 하리라 하셨다 하고
10 ၁၀ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မိ​မိ နှင့်​အ​တူ​လိုက်​ပါ​လာ​သူ​တို့​၏​ရှေ့​တွင်​အိုး ကို​ခွဲ​စေ​တော်​မူ​ပြီး​လျှင်၊-
너는 함께 가는 자의 목전에서 그 오지병을 깨뜨리고
11 ၁၁ သူ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က``ဤ​အိုး​ကို​ပြန်​၍​ဆက်​စပ်​မ​ရ နိုင်​အောင်​ခွဲ​လိုက်​သ​ကဲ့​သို့ ငါ​သည်​ဤ​လူ များ​နှင့်​ဤ​မြို့​ကို​ငါ​ခွဲ​တော်​မူ​မည်။ တော ဖက်​မြို့​တွင်​မြေ​မြှုပ်​စ​ရာ​နေ​ရာ​မ​ရှိ​သည့် တိုင်​အောင်​လူ​တို့​သည်​ထို​သူ​တို့​၏​အ​လောင်း များ​ကို​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-
그들에게 이르기를 만군의 여호와께서 이같이 말씀하시되 사람이 토기장이의 그릇을 한번 깨뜨리면 다시 완전하게 할 수 없나니 이와 같이 내가 이 백성과 이 성을 파하리니 그들을 매장할 자리가 없도록 도벳에 장사하리라
12 ၁၂ ဤ​မြို့​နှင့်​ဤ​မြို့​တွင်​နေ​ထိုင်​သူ​တို့​ကို တော​ဖက်​မြို့​ကဲ့​သို့​ဖြစ်​စေ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
나 여호와가 말하노라 내가 이 곳과 그 중 거민에게 이같이 행하여 이 성으로 도벳 같게 할 것이라
13 ၁၃ ``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
예루살렘 집들과 유다 왕들의 집들 곧 그 집들이 그 집 위에서 하늘의 만상에 분향하고 다른 신들에게 전제를 부음으로 더러워졌은즉 도벳 땅처럼 되리라 하셨다 하라
14 ၁၄ ထို​နောက်​ငါ​သည်​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား ရန် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ​တော​ဖက် အ​ရပ်​မှ​ထွက်​ခွာ​၍ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရပ်​ပြီး​လျှင်​လူ​အ​ပေါင်း​တို့​အား၊-
예레미야가 여호와께서 자기를 보내사 예언하게 하신 도벳에서 돌아와 여호와의 집 뜰에 서서 모든 백성에게 말하되
15 ၁၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။
만군의 여호와 이스라엘의 하나님이 말씀하시되 보라, 내가 이 성에 대하여 선언한 모든 재앙을 이 성과 그 모든 촌락에 내리리니 이는 그 목을 곧게 하여 내 말을 듣지 아니함이니라 하셨다 하라

< ယေရမိ 19 >