< ဟေရှာယ 51 >

1 ထာ​ဝ​ရ​ဘု​ရား​က၊ ``ကယ်​တင်​ခြင်း​ခံ​လို​သူ​တို့၊အ​ကူ​အ​ညီ​တောင်း​ခံ​ရန် ငါ့​ထံ​သို့​လာ​ရောက်​သူ​တို့၊သင်​တို့​သည် ငါ့​ပြော​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​ကို​ထွင်း​ထုတ်​ယူ​ရာ​ကျောက်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​ကို​တူး​ဖော်​ရာ​ကျောက်​တွင်း​ကို ကြည့်​ရှု​ကြ​လော့။
שִׁמְע֥וּ אֵלַ֛י רֹ֥דְפֵי צֶ֖דֶק מְבַקְשֵׁ֣י יְהוָ֑ה הַבִּ֙יטוּ֙ אֶל־צ֣וּר חֻצַּבְתֶּ֔ם וְאֶל־מַקֶּ֥בֶת בֹּ֖ור נֻקַּרְתֶּֽם׃
2 သင်​တို့​၏​ဘိုး​အေ​အာ​ဗြ​ဟံ​နှင့်​ဘွား​အေ​စာ​ရာ​တို့​၏ အ​ကြောင်း​ကို​အောက်​မေ့​ဆင်​ခြင်​ကြ​လော့။ အာ​ဗြ​ဟံ​အား​ငါ​ခေါ်​ယူ​စဉ်​အ​ခါ​က သူ့​မှာ​သား​သမီး​မ​ရှိ။ သို့​ရာ​တွင်​ငါ​သည်​သူ့​အား​သား​သ​မီး​များ​ဖြင့် ကောင်း​ချီး​ပေး​၍၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား​စေ​တော်​မူ​၏။
הַבִּ֙יטוּ֙ אֶל־אַבְרָהָ֣ם אֲבִיכֶ֔ם וְאֶל־שָׂרָ֖ה תְּחֹולֶלְכֶ֑ם כִּי־אֶחָ֣ד קְרָאתִ֔יו וַאֲבָרְכֵ֖הוּ וְאַרְבֵּֽהוּ׃ ס
3 ``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။
כִּֽי־נִחַ֨ם יְהוָ֜ה צִיֹּ֗ון נִחַם֙ כָּל־חָרְבֹתֶ֔יהָ וַיָּ֤שֶׂם מִדְבָּרָהּ֙ כְּעֵ֔דֶן וְעַרְבָתָ֖הּ כְּגַן־יְהוָ֑ה שָׂשֹׂ֤ון וְשִׂמְחָה֙ יִמָּ֣צֵא בָ֔הּ תֹּודָ֖ה וְקֹ֥ול זִמְרָֽה׃ ס
4 ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​ဂ​ရု​ပြု ကြ​လော့။ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​ဆုံး​မ သြ​ဝါ​ဒ​ပေး​၍ ငါ​၏​တ​ရား​ဒေ​သ​နာ​များ​သည်​သူ​တို့​အ​တွက် အ​လင်း​ဖြစ်​လိမ့်​မည်။
הַקְשִׁ֤יבוּ אֵלַי֙ עַמִּ֔י וּלְאוּמִּ֖י אֵלַ֣י הַאֲזִ֑ינוּ כִּ֤י תֹורָה֙ מֵאִתִּ֣י תֵצֵ֔א וּמִשְׁפָּטִ֔י לְאֹ֥ור עַמִּ֖ים אַרְגִּֽיעַ׃
5 ငါ​သည်​လျင်​မြန်​စွာ​လာ​၍​သူ​တို့​အား​ကယ်​တင်​မည်။ ငါ​အောင်​ပွဲ​ခံ​ရန်​အ​ချိန်​သည်​နီး​ကပ်​၍​လာ​လေပြီ။ လူ​မျိုး​တ​ကာ​တို့​အား​ငါ​ကိုယ်​တိုင်​ပင် အုပ်​စိုး​တော်​မူ​မည်။ နိုင်​ငံ​ရပ်​ခြား​တိုင်း​တစ်​ပါး​သား​တို့​သည် ငါ​လာ​မည်​ကို​စောင့်​မျှော်​လျက်​ရှိ​၏။ မိ​မိ​တို့​အား​ကယ်​တင်​လိမ့်​မည်​ဟူ​သော မျှော်​လင့်​ချက်​ဖြင့်၊​သူ​တို့​သည်​ငါ့​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။
קָרֹ֤וב צִדְקִי֙ יָצָ֣א יִשְׁעִ֔י וּזְרֹעַ֖י עַמִּ֣ים יִשְׁפֹּ֑טוּ אֵלַי֙ אִיִּ֣ים יְקַוּ֔וּ וְאֶל־זְרֹעִ֖י יְיַחֵלֽוּן׃
6 မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။
שְׂאוּ֩ לַשָּׁמַ֨יִם עֵֽינֵיכֶ֜ם וְֽהַבִּ֧יטוּ אֶל־הָאָ֣רֶץ מִתַּ֗חַת כִּֽי־שָׁמַ֜יִם כֶּעָשָׁ֤ן נִמְלָ֙חוּ֙ וְהָאָ֙רֶץ֙ כַּבֶּ֣גֶד תִּבְלֶ֔ה וְיֹשְׁבֶ֖יהָ כְּמֹו־כֵ֣ן יְמוּת֑וּן וִישֽׁוּעָתִי֙ לְעֹולָ֣ם תִּֽהְיֶ֔ה וְצִדְקָתִ֖י לֹ֥א תֵחָֽת׃ ס
7 ``အ​မှန်​တ​ရား​ကို​သိ​ရှိ​သူ​တို့၊​ငါ​၏​သြ​ဝါ​ဒ​ကို စွဲ​မြဲ​စွာ​မှတ်​ကြုံး​ထား​သူ​တို့၊ သင်​တို့​သည်​ငါ​ပြော​သည့်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​အား​က​ရော်​က​မည်​ပြု​၍၊လူ​တို့​စော်​ကား ပြော​ဆို​ကြ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။
שִׁמְע֤וּ אֵלַי֙ יֹ֣דְעֵי צֶ֔דֶק עַ֖ם תֹּורָתִ֣י בְלִבָּ֑ם אַל־תִּֽירְאוּ֙ חֶרְפַּ֣ת אֱנֹ֔ושׁ וּמִגִּדֻּפֹתָ֖ם אַל־תֵּחָֽתּוּ׃
8 ထို​သို့​သော​လူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ် ကဲ့​သို့​ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ဖြောင့်​မတ်​ခြင်း​ကား​ထာ​ဝ​စဉ် တည်​လိမ့်​မည်။ ငါ​၏​ကယ်​တင်​ခြင်း​တန်​ခိုး​သည်​လည်း​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
כִּ֤י כַבֶּ֙גֶד֙ יֹאכְלֵ֣ם עָ֔שׁ וְכַצֶּ֖מֶר יֹאכְלֵ֣ם סָ֑ס וְצִדְקָתִי֙ לְעֹולָ֣ם תִּֽהְיֶ֔ה וִישׁוּעָתִ֖י לְדֹ֥ור דֹּורִֽים׃ ס
9 အို ထာ​ဝ​ရ​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​၌ ကဲ့​သို့​ပင် တန်​ခိုး​တော်​ကို​အ​သုံး​ပြု​တော်​မူ​ပါ။ ပင်​လယ်​န​ဂါး​ကြီး​ရာ​ခပ်​အား အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
עוּרִ֨י עוּרִ֤י לִבְשִׁי־עֹז֙ זְרֹ֣ועַ יְהוָ֔ה ע֚וּרִי כִּ֣ימֵי קֶ֔דֶם דֹּרֹ֖ות עֹולָמִ֑ים הֲלֹ֥וא אַתְּ־הִ֛יא הַמַּחְצֶ֥בֶת רַ֖הַב מְחֹולֶ֥לֶת תַּנִּֽין׃
10 ၁၀ မိ​မိ​ကယ်​တင်​နေ​ဆဲ​လူ​စု​ကူး​ဖြတ်​နိုင်​ရန် ပင်​လယ်​ကို​ခန်း​ခြောက်​စေ​၍၊ လမ်း​ဖောက်​ပေး​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
הֲלֹ֤וא אַתְּ־הִיא֙ הַמַּחֲרֶ֣בֶת יָ֔ם מֵ֖י תְּהֹ֣ום רַבָּ֑ה הַשָּׂ֙מָה֙ מַֽעֲמַקֵּי־יָ֔ם דֶּ֖רֶךְ לַעֲבֹ֥ר גְּאוּלִֽים׃
11 ၁၁ ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။
וּפְדוּיֵ֨י יְהוָ֜ה יְשׁוּב֗וּן וּבָ֤אוּ צִיֹּון֙ בְּרִנָּ֔ה וְשִׂמְחַ֥ת עֹולָ֖ם עַל־רֹאשָׁ֑ם שָׂשֹׂ֤ון וְשִׂמְחָה֙ יַשִּׂיג֔וּן נָ֖סוּ יָגֹ֥ון וַאֲנָחָֽה׃ ס
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။
אָנֹכִ֧י אָנֹכִ֛י ה֖וּא מְנַחֶמְכֶ֑ם מִֽי־אַ֤תְּ וַתִּֽירְאִי֙ מֵאֱנֹ֣ושׁ יָמ֔וּת וּמִבֶּן־אָדָ֖ם חָצִ֥יר יִנָּתֵֽן׃
13 ၁၃ မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို အုတ်​မြစ်​ချ​ကာ၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား၊ သင်​တို့​သည်​မေ့​လျော့​ကြ​လေ​ပြီ​လော။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​များ၊သင်​တို့​ကို သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​အ​သင့်​ရှိ​သူ​များ​အား၊ အ​ဘယ်​ကြောင့်​သင်​တို့​သည်​အ​စဉ်​အမြဲ​ကြောက်​၍ နေ​ရ​ကြ​ပါ​မည်​နည်း။ သူ​တို့​၏​အ​မျက်​ဒေါ​သ​သည်​သင်​တို့​အား အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​နိုင်။
וַתִּשְׁכַּ֞ח יְהוָ֣ה עֹשֶׂ֗ךָ נֹוטֶ֣ה שָׁמַיִם֮ וְיֹסֵ֣ד אָרֶץ֒ וַתְּפַחֵ֨ד תָּמִ֜יד כָּל־הַיֹּ֗ום מִפְּנֵי֙ חֲמַ֣ת הַמֵּצִ֔יק כַּאֲשֶׁ֥ר כֹּונֵ֖ן לְהַשְׁחִ֑ית וְאַיֵּ֖ה חֲמַ֥ת הַמֵּצִֽיק׃
14 ၁၄ အ​ကျဉ်း​ခံ​နေ​ရ​သော​သူ​တို့​သည်​မ​ကြာ​မီ လွတ်​မြောက်​လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ထောင်​တွင်း​၌​မ​သေ​ဆုံး​တော့​ဘဲ၊ မိ​မိ​တို့​လို​အပ်​သည့်​အ​စား​အ​စာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။
מִהַ֥ר צֹעֶ֖ה לְהִפָּתֵ֑חַ וְלֹא־יָמ֣וּת לַשַּׁ֔חַת וְלֹ֥א יֶחְסַ֖ר לַחְמֹֽו׃
15 ၁၅ ``ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ပင်​လယ်​ရေ​ကို​ငါ​မွှေ​နှောက်​၍​လှိုင်း​တံ​ပိုး​သံ များ​ကို ဖြစ်​ပေါ်​စေ​၏။ ငါ​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား ဖြစ်​ပါ​သည်​တ​ကား။
וְאָֽנֹכִי֙ יְהוָ֣ה אֱלֹהֶ֔יךָ רֹגַ֣ע הַיָּ֔ם וַיֶּהֱמ֖וּ גַּלָּ֑יו יְהוָ֥ה צְבָאֹ֖ות שְׁמֹֽו׃
16 ၁၆ ငါ​သည်​မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍ ကမ္ဘာ​မြေ​ကြီး​ကို​အုတ်​မြစ်​ချ​၏။ ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​အား`သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သင်​တို့​အား ပေး​အပ်​၍ လက်​တော်​ဖြင့် သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၏' ဟု ငါ​မြွက်​ဆို​ပြီ'' ဟူ​၍​မိန့်​တော်​မူ​၏။
וָאָשִׂ֤ים דְּבָרַי֙ בְּפִ֔יךָ וּבְצֵ֥ל יָדִ֖י כִּסִּיתִ֑יךָ לִנְטֹ֤עַ שָׁמַ֙יִם֙ וְלִיסֹ֣ד אָ֔רֶץ וְלֵאמֹ֥ר לְצִיֹּ֖ון עַמִּי־אָֽתָּה׃ ס
17 ၁၇ အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။
הִתְעֹורְרִ֣י הִֽתְעֹורְרִ֗י ק֚וּמִי יְר֣וּשָׁלַ֔͏ִם אֲשֶׁ֥ר שָׁתִ֛ית מִיַּ֥ד יְהוָ֖ה אֶת־כֹּ֣וס חֲמָתֹ֑ו אֶת־קֻבַּ֜עַת כֹּ֧וס הַתַּרְעֵלָ֛ה שָׁתִ֖ית מָצִֽית׃
18 ၁၈ သင့်​ကို​လမ်း​ပြ​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သင့်​အ​မျိုး​သား​များ​ထဲ​မှ​သင့်​ကို​လက်​ဆွဲ ခေါ်​ယူ​ပေး​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
אֵין־מְנַהֵ֣ל לָ֔הּ מִכָּל־בָּנִ֖ים יָלָ֑דָה וְאֵ֤ין מַחֲזִיק֙ בְּיָדָ֔הּ מִכָּל־בָּנִ֖ים גִּדֵּֽלָה׃
19 ၁၉ သင်​သည်​ဘေး​အန္တရာယ်​နှစ်​ဆ​ကြုံ​တွေ့​ရ​လေ​ပြီ။ သင်​၏​ပြည်​သည်​စစ်​ဒဏ်​ကြောင့်​ပျက်​ပြုန်း​သွား လေ​ပြီ။ သင့်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​စာ​ရေ​စာ ငတ်​မွတ်​ကြ​လေ​ပြီ။ သင့်​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​ရှိ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
שְׁתַּ֤יִם הֵ֙נָּה֙ קֹֽרְאֹתַ֔יִךְ מִ֖י יָנ֣וּד לָ֑ךְ הַשֹּׁ֧ד וְהַשֶּׁ֛בֶר וְהָרָעָ֥ב וְהַחֶ֖רֶב מִ֥י אֲנַחֲמֵֽךְ׃
20 ၂၀ အား​အင်​ချည့်​နဲ့​မှု​ကြောင့်​သင်​၏​လူ​တို့​သည်၊ လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင်​လဲ​ကျ​ကြ​၏။ သူ​တို့​သည်​မု​ဆိုး​၏​ပိုက်​ကွန်​တွင်​ဖမ်း​မိ​သည့် သ​မင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​ကြ​လေ​ပြီ။
בָּנַ֜יִךְ עֻלְּפ֥וּ שָׁכְב֛וּ בְּרֹ֥אשׁ כָּל־חוּצֹ֖ות כְּתֹ֣וא מִכְמָ֑ר הַֽמְלֵאִ֥ים חֲמַת־יְהוָ֖ה גַּעֲרַ֥ת אֱלֹהָֽיִךְ׃
21 ၂၁ ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊ သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊
לָכֵ֛ן שִׁמְעִי־נָ֥א זֹ֖את עֲנִיָּ֑ה וּשְׁכֻרַ֖ת וְלֹ֥א מִיָּֽיִן׃ ס
22 ၂၂ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။
כֹּֽה־אָמַ֞ר אֲדֹנַ֣יִךְ יְהוָ֗ה וֵאלֹהַ֙יִךְ֙ יָרִ֣יב עַמֹּ֔ו הִנֵּ֥ה לָקַ֛חְתִּי מִיָּדֵ֖ךְ אֶת־כֹּ֣וס הַתַּרְעֵלָ֑ה אֶת־קֻבַּ֙עַת֙ כֹּ֣וס חֲמָתִ֔י לֹא־תֹוסִ֥יפִי לִשְׁתֹּותָ֖הּ עֹֽוד׃
23 ၂၃ ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
וְשַׂמְתִּ֙יהָ֙ בְּיַד־מֹוגַ֔יִךְ אֲשֶׁר־אָמְר֥וּ לְנַפְשֵׁ֖ךְ שְׁחִ֣י וְנַעֲבֹ֑רָה וַתָּשִׂ֤ימִי כָאָ֙רֶץ֙ גֵּוֵ֔ךְ וְכַח֖וּץ לַעֹבְרִֽים׃ ס

< ဟေရှာယ 51 >