< ကမ္ဘာ​ဦး 38 >

1 ၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။-
Eodem tempore descendens Iudas a fratribus suis, divertit ad Virum Odollamitem, nomine Hiram.
2 ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-
Viditque ibi filiam hominis Chananæi, vocabulo Sue: et accepta uxore, ingressus est ad eam.
3 သူ့​မ​ယား​သည်​သား​တစ်​ယောက်​ကို​ဖွား​လျှင် ထို​သား​ကို​ဧ​ရ​ဟု​နာ​မည်​မှည့်​လေ​၏။-
Quæ concepit, et peperit filium, et vocavit nomen eius Her.
4 တစ်​ဖန်​သား​တစ်​ယောက်​ဖွား​လျှင်​သြ​နန်​ဟု နာ​မည်​မှည့်​လေ​သည်။-
Rursumque concepto fœtu, natum filium vocavit Onan.
5 နောက်​တစ်​ဖန်​သား​တစ်​ယောက်​ဖွား​မြင်​၍​ရှေ​လ ဟု​နာ​မည်​မှည့်​လေ​သည်။ ရှေ​လ​ကို​ဖွား​မြင်​သော အ​ခါ​ယု​ဒ​သည်​ခေ​ဇိပ်​မြို့​တွင်​နေ​ထိုင်​လျက် ရှိ​၏။
Tertium quoque peperit: quem appellavit Sela. quo nato, parere ultra cessavit.
6 ယု​ဒ​သည်​သူ​၏​သား​ဦး​ဧ​ရ​ကို​တာ​မာ​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ပေး​လေ​၏။-
Dedit autem Iudas uxorem primogenito suo Her, nomine Thamar.
7 ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။-
Fuit quoque Her primogenitus Iudæ, nequam in conspectu Domini: et ab eo occisus est.
8 ထို​အ​ခါ​ယု​ဒ​သည်​သား​သြ​နန်​အား``သင် သည်​အစ်​ကို​၏​ဇ​နီး​အား​မတ်​တစ်​ယောက် အ​နေ​ဖြင့်​တာ​ဝန်​ရှိ​သူ​ဖြစ်​သော​ကြောင့် သူ နှင့်​အိမ်​ထောင်​ပြု​၍​အစ်​ကို​အ​တွက်​မျိုး​ဆက် ပွား​စေ​လော့'' ဟု​ဆို​လေ​၏။-
Dixit ergo Iudas ad Onan filium suum: Ingredere uxorem fratris tui, et sociare illi, ut suscites semen fratri tuo.
9 သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။-
Ille sciens non sibi nasci filios, introiens ad uxorem fratris sui, semen fundebat in terram, ne liberi fratris nomine nascerentur.
10 ၁၀ သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။-
Et idcirco percussit eum Dominus, quod rem detestabilem faceret.
11 ၁၁ ထို​အ​ခါ​ယု​ဒ​သည်​သူ​၏​ချွေး​မ​တာ​မာ အား``ငါ့​သား​ရှေ​လ​အ​ရွယ်​ရောက်​သည်​အ​ထိ သင်​သည်​အ​ဖ​အိမ်​သို့​ပြန်​၍​မု​ဆိုး​မ​ဘ​ဝ နှင့်​နေ​လော့'' ဟု​ဆို​လေ​၏။ ထို​သို့​ဆို​ရ​ခြင်း​မှာ သား​ရှေ​လ​သည် သူ​၏​အစ်​ကို​တို့​ကဲ့​သို့​သေ မည်​ကို​စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍ တာ​မာ​သည်​သူ​၏​ဖခင်​အိမ်​သို့​ပြန်​၍​နေ​ထိုင် လေ​သည်။
Quam ob rem dixit Iudas Thamar nurui suæ: Esto vidua in domo patris tui, donec crescat Sela filius meus: timebat enim ne et ipse moreretur, sicut fratres eius. Quæ abiit, et habitavit in domo patris sui.
12 ၁၂ ကာ​လ​အ​တန်​ကြာ​လေ​သော်​ယု​ဒ​၏​မ​ယား ရှု​အာ​ကွယ်​လွန်​လေ​၏။ ယု​ဒ​သည်​မ​ယား​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရာ​နေ့​ရက်​ပြီး​ဆုံး​သော​အ​ခါ မိ​မိ​မိတ်​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​ဟိ​ရ​နှင့် အ​တူ​မိ​မိ​၏​သိုး​များ​ကို​အ​မွေး​ညှပ်​ရန် တိ​မ​နတ်​မြို့​သို့​သွား​လေ​၏။-
Evolutis autem multis diebus, mortua est filia Sue uxor Iudæ: qui post luctum consolatione suscepta, ascendebat ad tonsores ovium suarum, ipse et Hiras opilio gregis Odollamites, in Thamnas.
13 ၁၃ တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။-
Nunciatumque est Thamar quod socer illius ascenderet in Thamnas ad tondendas oves.
14 ၁၄ ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။
Quæ, depositis viduitatis vestibus, assumpsit theristrum: et mutato habitu, sedit in bivio itineris, quod ducit Thamnam: eo quod crevisset Sela, et non eum accepisset maritum.
15 ၁၅ ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။-
Quam cum vidisset Iudas, suspicatus est esse meretricem: operuerat enim vultum suum, ne agnosceretur.
16 ၁၆ သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။
Ingrediensque ad eam, ait: Dimitte me ut coeam tecum: nesciebat enim quod nurus sua esset. Qua respondente: Quid dabis mihi ut fruaris concubitu meo?
17 ၁၇ သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။ မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။
dixit: Mittam tibi hœdam de gregibus. Rursumque illa dicente: Patiar quod vis, si dederis mihi arrhabonem, donec mittas quod polliceris.
18 ၁၈ သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။ မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။-
Ait Iudas: Quid tibi vis pro arrhabone dari? Respondit: Annulum tuum, et armillam, et baculum quem manu tenes. Ad unum igitur coitum mulier concepit,
19 ၁၉ တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။
et surgens abiit: depositoque habitu, quem sumpserat, induta est viduitatis vestibus.
20 ၂၀ ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-
Misit autem Iudas hœdum per pastorem suum Odollamitem, ut reciperet pignus quod dederat mulieri: qui cum non invenisset eam,
21 ၂၁ ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ဤ​အ​ရပ်​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ပါ'' ဟု​ပြန်​ဖြေ​ကြ​၏။
interrogavit homines loci illius: Ubi est mulier quæ sedebat in bivio? Respondentibus cunctis: Non fuit in loco ista meretrix.
22 ၂၂ ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။
Reversus est ad Iudam, et dixit ei: Non inveni eam: sed et homines loci illius dixerunt mihi, numquam sedisse ibi scortum.
23 ၂၃ ယု​ဒ​က``ထို​ပစ္စည်း​များ​ကို​သူ​ယူ​ထား​ပါ​စေ။ ကျွန်ုပ်​တို့​ကဲ့​ရဲ့​ခြင်း​ကို​မ​ခံ​လို​ပါ။ ကျွန်ုပ်​သည် သူ့​အား​အ​ခ​ပေး​ရန်​ကြိုး​စား​သော်​လည်း သင် သည်​သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ပါ'' ဟု​ဆို​လေ​၏။
Ait Iudas: Habeat sibi, certe mendacii arguere nos non potest, ego misi hœdum quem promiseram: et tu non invenisti eam.
24 ၂၄ သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။
Ecce autem post tres menses nunciaverunt Iudæ, dicentes: Fornicata est Thamar nurus tua, et videtur uterus illius intumescere. Dixitque Iudas: Producite eam ut comburatur.
25 ၂၅ တာ​မာ​ကို​အ​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​သော အ​ခါ​တာ​မာ​က``ကျွန်ုပ်​သည်​ဤ​ပစ္စည်း​များ​ကို ပိုင်​ဆိုင်​သူ​နှင့်​ကိုယ်​ဝန်​ရှိ​ပါ​သည်။ ဤ​တံ​ဆိပ် နှင့်​စ​လွယ်​ကြိုး၊ ဤ​တောင်​ဝှေး​တို့​မှာ​မည်​သူ့ ပစ္စည်း​ဖြစ်​သည်​ကို​ကြည့်​ပါ'' ဟူ​၍​ယောက္ခ​မ ထံ​သို့​အ​ကြောင်း​ကြား​လိုက်​လေ​၏။
Quæ cum duceretur ad pœnam, misit ad socerum suum, dicens: De viro, cuius hæc sunt, concepi: cognosce cuius sit annulus, et armilla, et baculus.
26 ၂၆ ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။
Qui, agnitis muneribus, ait: Iustior me est: quia non tradidi eam Sela filio meo. Attamen ultra non cognovit eam.
27 ၂၇ တာ​မာ​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ​ကိုယ်​ဝန် တွင်​အ​မြွှာ​ရှိ​ကြောင်း​သိ​ရ​လေ​သည်။-
Instante autem partu, apparuerunt gemini in utero: atque in ipsa effusione infantium unus protulit manum, in qua obstetrix ligavit coccinum, dicens:
28 ၂၈ မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-
Iste egredietur prior.
29 ၂၉ သို့​ရာ​တွင်​ကလေး​သည်​လက်​ကို​ပြန်​ရုပ်​ရာ​အ​ခြား အ​မြွှာ​သား​က​ဦး​စွာ​ဖွား​မြင်​လာ​လေ​သည်။ ထို အ​ခါ​ဝမ်း​ဆွဲ​က``သင်​သည်​နိုင်​လို​မင်း​ထက်​ပြု​၍ ထွက်​လာ​သည်'' ဟု​ဆို​၏။ ထို​ကြောင့်​ထို​က​လေး အား​ဖာ​ရက်​ဟု​နာ​မည်​မှည့်​ကြ​၏။-
Illo vero retrahente manum, egressus est alter: dixitque mulier: Quare divisa est propter te maceria? et ob hanc causam vocavit nomen eius Phares.
30 ၃၀ ထို​နောက်​လက်​တွင်​ကြိုး​နီ​ချည်​ထား​သော​ညီ​ဖွား မြင်​လာ​၏။ သူ့​အား​ဇာ​ရ​ဟု​နာ​မည်​မှည့်​လေ​သည်။
Postea egressus est frater eius, in cuius manu erat coccinum: quem appellavit Zara.

< ကမ္ဘာ​ဦး 38 >