< ကမ္ဘာ​ဦး 29 >

1 ယာ​ကုပ်​သည်​အ​ရှေ့​ပြည်​သို့​ရှေ့​ရှု​၍​ခ​ရီး​ဆက် ခဲ့​လေ​သည်။-
야곱이 발행하여 동방 사람의 땅에 이르러
2 ထို​ပြည်​သို့​ရောက်​သော​အ​ခါ​လယ်​ကွင်း​ထဲ​၌​သိုး စု​သုံး​စု​ဝိုင်း​ရံ​လျက်​ရှိ​သော​ရေ​တွင်း​တစ်​တွင်း​ကို မြင်​ရ​လေ​သည်။ ထို​သို့​ဝိုင်း​ရံ​ရ​ခြင်း​မှာ​သိုး​စု​များ ကို​ထို​ရေ​တွင်း​မှ​ရေ​တိုက်​ရ​ခြင်း​ကြောင့်​ဖြစ်​၏။ ရေ တွင်း​အ​ဝ​ကို​ကျောက်​တုံး​ကြီး​ဖြင့်​ပိတ်​ထား​သည်။-
본즉 들에 우물이 있고 그 곁에 양 세 떼가 누웠으니 이는 목자들이 그 우물에서 물을 양떼에게 먹임이라 큰 돌로 우물 아구를 덮었다가
3 သိုး​စု​များ​ရေ​တွင်း​အ​နား​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ​မှ​သာ သိုး​ထိန်း​တို့​သည်​ထို​ကျောက် တုံး​ကို​ရွှေ့​၍​သိုး​များ​ကို​ရေ​တိုက်​လေ့​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ကျောက်​တုံး​ကို​ရေ​တွင်း​ဝ ပေါ်​သို့​ပြန်​တင်​ထား​လေ့​ရှိ​ကြ​၏။
모든 떼가 모이면 그들이 우물 아구에서 돌을 옮기고 양에게 물을 먹이고는 여전히 우물 아구 그 자리에 돌을 덮더라
4 ယာ​ကုပ်​က​သိုး​ထိန်း​တို့​အား``အ​ဆွေ​တို့၊ သင် တို့​အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး သော်၊ ``ခါ​ရန်​မြို့​က​လာ​ကြ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။
야곱이 그들에게 이르되 `나의 형제여 어디로서뇨?' 그들이 가로되 `하란에서로라'
5 တစ်​ဖန်​ယာ​ကုပ်​က``နာ​ခေါ်​၏​သား​လာ​ဗန်​ဆို သူ​ကို​သိ​ပါ​သ​လော'' ဟု​မေး​၏။ ``သိ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။
야곱이 그들에게 이르되 `너희가 나홀의 손자 라반을 아느냐?' 그들이 가로되 `아노라'
6 နောက်​တစ်​ဖန်​ယာ​ကုပ်​က``သူ​ကျန်း​မာ​ပါ သ​လော'' ဟု​မေး​၏။ သူ​တို့​က``ကျန်း​မာ​ပါ​၏။ ယ​ခု​ပင်​သူ​၏​သ​မီး ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ​နေ​ပြီ'' ဟု​ဆို​ကြ​၏။
야곱이 그들에게 이르되 `그가 평안하냐?' 가로되 `평안하니라 딸 라헬이 지금 양을 몰고 오느니라'
7 ယာ​ကုပ်​က``ယ​ခု​နေ​မြင့်​သေး​သ​ဖြင့်​သိုး​အုပ် များ​ကို​သိမ်း​သွင်း​ရန်​အ​ချိန်​မ​ရောက်​သေး။ သင် တို့​သည်​သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင် စား ကျက်​သို့​ပြန်​၍​ပို့​ဦး​လော့'' ဟု​ပြော​လေ​၏။
야곱이 가로되 `해가 아직 높은즉 짐승 모일 때가 아니니 양에게 물을 먹이고 가서 뜯기라'
8 ထို​အ​ခါ​သူ​တို့​က``ကျွန်ုပ်​တို့​ထို​သို့​မ​ပြု လုပ်​နိုင်​ပါ။ သိုး​အုပ်​အား​လုံး​ဤ​အ​ရပ်​သို့ ရောက်​ရှိ​၍​ကျောက်​တုံး​ကို​ရွှေ့​ပြီး​မှ​သိုး​တို့ ကို​ရေ​တိုက်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။
그들이 가로되 `우리가 그리하지 못하겠노라 떼가 다 모이고 목자들이 우물 아구에서 돌을 옮겨야 우리가 양에게 물을 먹이느리라'
9 ယာ​ကုပ်​သည်​သိုး​ကျောင်း​သား​တို့​နှင့်​စကား ပြော​ဆို​နေ​စဉ်​ဖ​ခင်​၏​သိုး​တို့​ကို​ထိန်း​ကျောင်း ရ​သော​ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ နေ​၏။-
야곱이 그들과 말하는 중에 라헬이 그 아비의 양과 함께 오니 그가 그의 양들을 침이었더라
10 ၁၀ ယာ​ကုပ်​သည်​သူ​၏​ဦး​ရီး​လာ​ဗန်​သိုး​အုပ် နှင့်​အ​တူ​ရာ​ခေ​လ​ရောက်​ရှိ​လာ​သော​အ​ခါ ရေ​တွင်း​သို့​သွား​၍​ကျောက်​တုံး​ကို​ရွှေ့​ဖယ်​ပြီး လျှင်​လာ​ဗန်​၏​သိုး​တို့​ကို​ရေ​တိုက်​လေ​၏။-
야곱이 그 외삼촌 라반의 딸 라헬과 그 외삼촌의 양을 보고 나아가서 우물 아구에서 돌을 옮기고 외삼촌 라반의 양떼에게 물을 먹이고
11 ၁၁ ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-
그가 라헬에게 입맞추고 소리내어 울며
12 ၁၂ သူ​က``ငါ​သည်​ရေ​ဗက္က​၏​သား၊ သင့်​ဖ​ခင်​၏ ဆွေ​မျိုး​ရင်း​ချာ​ဖြစ်​သည်'' ဟု​ရာ​ခေ​လ​အား ပြော​လေ​၏။ ရာ​ခေ​လ​သည်​ပြေး​၍​ဖခင်​အား​ထို​အ​ကြောင်း ကို​ပြော​ပြ​လေ​၏။-
그에게 자기가 그의 아비의 생질이요 리브가의 아들됨을 고하였더니 라헬이 달려가서 그 아비에게 고하매
13 ၁၃ လာ​ဗန်​သည်​သူ​၏​တူ​ယာ​ကုပ်​၏​သ​တင်း​ကို ကြား​ရ​လျှင်​ပြေး​၍ သူ့​အား​ဆီး​ကြို​ဖက်​ယမ်း နမ်း​ရှုပ်​ပြီး​လျှင်​နေ​အိမ်​သို့​ခေါ်​ဆောင်​ခဲ့​လေ သည်။ ယာ​ကုပ်​က​ဖြစ်​ခဲ့​သ​မျှ​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​သော​အ​ခါ၊-
라반이 그 생질 야곱의 소식을 듣고 달려와서 그를 영접하여 안고 입맞추고 자기 집으로 인도하여 들이니 야곱이 자기의 모든 일을 라반에게 고하매
14 ၁၄ လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။
라반이 가로되 `너는 참으로 나의 골육이로다' 하였더라 야곱이 한달을 그와 함께 거하더니
15 ၁၅ လာ​ဗန်​က​ယာ​ကုပ်​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​သော​ကြောင့် ငါ့​အ​တွက်​အ​ခ​မဲ့​လုပ်​ကိုင်​မ ပေး​သင့်။ သင်​လို​ချင်​သည့်​အ​ခ​ကို​တောင်း​လော့'' ဟု​ဆို​လေ​၏။-
라반이 야곱에게 이르되 `네가 비록 나의 생질이나 어찌 공으로 내 일만 하겠느냐? 무엇이 네 보수겠느냐? 내게 고하라'
16 ၁၆ လာ​ဗန်​တွင်​သ​မီး​နှစ်​ယောက်​ရှိ​၏။ သ​မီး အ​ကြီး​၏​နာ​မည်​သည်​လေ​အာ​ဖြစ်​၍ သ​မီး​အ​ငယ်​၏​နာ​မည်​မှာ​ရာ​ခေ​လ​ဖြစ်​၏။-
라반이 두 딸이 있으니 형의 이름은 레아요 아우의 이름은 라헬이라
17 ၁၇ လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။
레아는 안력이 부족하고 라헬은 곱고 아리따우니
18 ၁၈ ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
야곱이 라헬을 연애하므로 대답하되 `내가 외삼촌의 작은 딸 라헬을 위하여 외삼촌에게 칠년을 봉사하리이다'
19 ၁၉ လာ​ဗန်​က``ရာ​ခေ​လ​အား​အ​ခြား​သူ​တစ်​ယောက် နှင့်​ပေး​စား​ရ​သည်​ထက် သင်​နှင့်​ပေး​စား​ရ​သည် က​ပို​၍​သင့်​မြတ်​ပါ​မည်။ ငါ​နှင့်​အ​တူ​နေ​လော့'' ဟု​ဖြေ​ကြား​လေ​သည်။-
라반이 가로되 `그를 네게 주는 것이 타인에게 주는 것보다 나으니 나와 함께 있으라'
20 ၂၀ ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ထိမ်း​မြား​နိုင်​ရန်​ခု​နစ် နှစ်​အ​လုပ်​လုပ်​၏။ သူ​သည်​ရာ​ခေ​လ​ကို​ချစ်​သော ကြောင့်​ထို​မျှ​သော​ကာ​လ​ကို​တို​တောင်း​သော အ​ချိန်​ဟူ​၍​ထင်​မှတ်​လေ​သည်။
야곱이 라헬을 위하여 칠년 동안 라반을 봉사하였으나 그를 연애하는 까닭에 칠년을 수일 같이 여겼더라
21 ၂၁ ယာ​ကုပ်​က``အ​ချိန်​စေ့​ပါ​ပြီ။ ဦး​ရီး​၏​သ​မီး နှင့်​လက်​ထပ်​ခွင့်​ပေး​ပါ'' ဟု​လာ​ဗန်​အား​ပြော လေ​၏။-
야곱이 라반에게 이르되 `내 기한이 찼으니 내 아내를 내게 주소서 내가 그에게 들어가겠나이다'
22 ၂၂ ထို့​ကြောင့်​လာ​ဗန်​သည်​လက်​ထပ်​မင်္ဂလာ​ဧည့်​ခံ​ပွဲ ကို​ကျင်း​ပ​၍ ထို​ပွဲ​သို့​လူ​တိုင်း​အား​ဖိတ်​ကြား လေ​သည်။-
라반이 그 곳 사람을 다 모아 잔치하고
23 ၂၃ ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-
저녁에 그 딸 레아를 야곱에게로 데려가매 야곱이 그에게로 들어가니라
24 ၂၄ (လာ​ဗန်​သည်​မိ​မိ​၏​ကျွန်​မ​ဇိ​လ​ပ​ကို​လေ​အာ ၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
라반이 또 그 여종 실바를 그 딸 레아에게 시녀로 주었더라
25 ၂၅ မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။
야곱이 아침에 보니 레아라 라반에게 이르되 `외삼촌이 어찌하여 내게 이같이 행하셨나이까? 내가 라헬을 위하여 외삼촌께 봉사하지 아니하였나이까? 외삼촌이 나를 속이심은 어찜이니이까?'
26 ၂၆ ထို​အ​ခါ​လာ​ဗန်​က``ဤ​အ​ရပ်​ဒေ​သ​တွင်​သ​မီး အ​ကြီး​ကို​အိမ်​ထောင်​မ​ချ​မီ သ​မီး​အ​ငယ်​ကို အိမ်​ထောင်​ချ​သည့်​ထုံး​စံ​ဋ္ဌ​လေ့​မ​ရှိ​ပါ။-
라반이 가로되 `형보다 아우를 먼저 주는 것은 우리 지방에서 하지 아니하는 바이라
27 ၂၇ သင်​သည်​ငါ့​ထံ​၌​နောက်​ထပ်​ခုနစ်​နှစ်​အ​လုပ် လုပ်​ဦး​မည်​ဆို​လျှင် မင်္ဂ​လာ​ပွဲ​ရက်​သတ္တ​တစ်ပတ် ကုန်​သော​အ​ခါ​သင့်​အား​ရာ​ခေ​လ​နှင့်​ပေး စား​ပါ​မည်'' ဟု​ဆို​လေ​သည်။
이를 위하여 칠일을 채우라 우리가 그도 네게 주리니 네가 그를 위하여 또 칠년을 내게 봉사할지니라'
28 ၂၈ ယာ​ကုပ်​သည် သ​ဘော​တူ​လက်​ခံ​လေ​၏။ မင်္ဂ​လာ​ပွဲ ရက်​သတ္တ​ပတ်​ကုန်​ဆုံး​သော​အ​ခါ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​ကို ယာ​ကုပ်​နှင့်​ပေး​စား​၏။-
야곱이 그대로 하여 그 칠일을 채우매 라반이 딸 라헬도 그에게 아내로 주고
29 ၂၉ (လာ​ဗန်​သည် မိ​မိ​၏​ကျွန်​မ​ဗိ​လ​ဟာ​ကို ရာ​ခေ​လ​၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
라반이 또 그 여종 빌하를 그 딸 라헬에게 주어 시녀가 되게 하매
30 ၃၀ ထို့​ကြောင့်​ယာ​ကုပ်​သည်​ရာ​ခေ​လ​နှင့်​လည်း အိပ်​လေ​သည်။ သူ​သည်​ရာ​ခေ​လ​ကို​လေ​အာ ထက်​ပို​၍​ချစ်​၏။ ထို​နောက်​သူ​သည်​လာ​ဗန် ထံ​၌ နောက်​ထပ်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ​သည်။
야곱이 또한 라헬에게로 들어갔고 그가 레아보다 라헬을 더 사랑하고 다시 칠년을 라반에게 봉사하였더라
31 ၃၁ ယာ​ကုပ်​သည်​လေ​အာ​ကို​မ​ချစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​တော်​မူ​သ​ဖြင့် လေ​အာ​ကို​သား​သ​မီး​ထွန်း​ကား​စေ​၏။ ရာ ခေ​လ​မူ​ကား​သား​သ​မီး​မ​ထွန်း​ကား​ချေ။-
여호와께서 레아에게 총이 없음을 보시고 그의 태를 여셨으나 라헬은 무자하였더라
32 ၃၂ မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-
레아가 잉태하여 아들을 낳고 그 이름을 르우벤이라 하여 가로되 `여호와께서 나의 괴로움을 권고하셨으니 이제는 내 남편이 나를 사랑하리로다' 하였더라
33 ၃၃ လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-
그가 다시 잉태하여 아들을 낳고 가로되 `여호와께서 나의 총이 없음을 들으셨으므로 내게 이도 주셨도다' 하고 그 이름을 시므온이라 하였으며
34 ၃၄ ထို​နောက်​သူ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍ သား​တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​သည်​ရှိ​သော် သူ​က``ငါ​၏​လင်​ယောကျာ်း​အား​သား​သုံး ယောက်​ကို​ဖွား​မြင်​ပေး​ပြီ​ဖြစ်​ရာ​သူ​သည် ငါ့​အား​ယ​ခင်​က​ထက်​ပို​၍​ခင်​တွယ်​မှု​ရှိ မည်'' ဟု​ဆို​လျက်​တ​တိ​ယ​သား​ကို​လေ​ဝိ ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
그가 또 잉태하여 아들을 낳고 가로되 `내가 그에게 세 아들을 낳았으니 내 남편이 지금부터 나와 연합하리로다' 하고 그 이름을 레위라 하였으며
35 ၃၅ သူ​သည်​နောက်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​လျှင်​သူ​က``ဤ တစ်​ကြိမ်​တွင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​မည်'' ဟု​ဆို​လျက်​စ​တုတ္ထ သား​ကို​ယုဒ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။ ထို နောက်​သူ​၌​သား​ဖွား​ခြင်း​ရပ်​စဲ​သွား​လေ​၏။
그가 또 잉태하여 아들을 낳고 가로되 `내가 이제는 여호와를 찬송하리로다!' 하고 이로 인하여 그가 그 이름을 유다라 하였고 그의 생산이 멈추었더라

< ကမ္ဘာ​ဦး 29 >