< ကမ္ဘာဦး 27 >
1 ၁ ဣဇာက်သည်အိုမင်းလာ၍မျက်စိမမြင်တော့ ချေ။ သူသည်သားအကြီးဧသောကို``သား'' ဟုခေါ်လျှင်ဧသောက၊ ``ရှိပါသည်အဖ'' ဟုပြန်ဖြေ၏။
I KO Isaaka manawa i elemakule ai, a powehiwehi ai kona mau maka, a hiki ole ia ia ke ike aku; hea aku la oia ia Esau i kana keiki mua, i aku la ia ia, E kuu keiki: i mai la kela, Eia wau.
2 ၂ ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။-
I aku la oia, Eia hoi, ua elemakule au, aole hoi au i ike i kuu la e make ai:
3 ၃ သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
Ano hoi, e lawe oe i kau mau mea pana, i kau aapua a me kau kakaka, e hele aku oe i ka nahelehele e imi i kahi io na'u;
4 ၄ ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
A e hana oe i mea ono na'u i ka mea hoi a'u i ono ai, a e lawe mai oe i o'u nei, i paina au, a i hoomaikai aku kuu uhane ia oe mamua o kuu make ana.
5 ၅ ဣဇာက်ကဧသောအား ထိုသို့မှာကြားနေစဉ် ရေဗက္ကသည်နားထောင်လျက်ရှိ၏။ ထို့ကြောင့် ဧသောအမဲပစ်ထွက်သွားသောအခါ၊-
Lohe ae la o Rebeka i ka wa a Isaaka i olelo aku ai ia Esau i kana keiki A hele aku o Esau i ka nahelehele e imi aku a e lawe mai i ka io o ka holoholona hihiu.
6 ၆ ရေဗက္ကသည်ယာကုပ်ကိုခေါ်၍``သင့်အဖ ကဧသောအား၊-
Olelo aku la o Rebeka ia Iakoba i kana keiki, i aku la, Aia hoi, ua lohe iho nei au i kou makuakane e olelo ana i kou kaikuaana ia Esau, i ka i ana ae,
7 ၇ `အမဲပစ်၍ငါ့အတွက်ဟင်းချက်ခဲ့ပါ။ ငါ စားပြီးလျှင်ထာဝရဘုရားရှေ့တော်၌ သင့် အားငါမသေမီကောင်းချီးပေးမည်' ဟုမှာ ကြားသည်ကိုငါကြားပြီ။-
E lawe mai oe io'u nei i io holoholona hihiu, a e hana i ka mea ono na'u, i paina au, a i hoomaikai hoi au ia oe imua o Iehova mamua o kuu make ana.
8 ၈ သို့ဖြစ်၍ငါ့သား၊ ငါ့စကားကိုနားထောင် ၍ငါပြောသမျှအတိုင်းပြုလုပ်လော့။-
Ano hoi, e kuu keiki, e hoolohe mai oe i ko'u leo, ma ka mea a'u e kauoha aku nei ia oe.
9 ၉ ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။-
E hele koke aku oe i ka poe holoholona, a e lawe mai i na keiki kao maikai i elua; a na'u no e hana i ka mea ono na kou makuakane, i kana mea i ono ai:
10 ၁၀ ထိုအမဲဟင်းကိုသူ့ထံသို့ယူသွားလော့။ သူ မသေမီ သင့်အားကောင်းချီးပေးလိမ့်မည်'' ဟု ဆိုလေ၏။
A e halihali aku oe ia mea i kou makuakane, i ai iho ia, a i hoomaikai mai oia ia oe mamua o kona make ana.
11 ၁၁ ယာကုပ်က``အစ်ကိုဧသောသည်အမွေးထူ သောသူဖြစ်ပြီး ကျွန်တော်မှာအသားအရေ ချောမွတ်သူဖြစ်ပါ၏။-
Olelo mai la o Iakoba ia Rebeka i kona makuwahine, Aia hoi, he kanaka huluhulu o Esau kuu kai kuaana, a he kanaka pahee no wau:
12 ၁၂ ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
A e hana mai paha kuu makuakane ia'u, a e ikea auanei au e ia he mea hoopunipuni; a e hooili mai au i ka hoinoia maluna iho o'u, aole ka hoomaikaiia,
13 ၁၃ ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။-
I aku la kona makuwahine ia ia, Maluna iho o'u kou hoinoia, e kuu keiki; e hoolohe wale mai oe i ko'u leo, e kii aku, a e lawe mai io'u nei.
14 ၁၄ ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
Kii aku la ia, a lawe mai la ia mau mea i kona makuwahine: a na kona makuwahine i hana i ka mea ono, a kona makuakane i ono ai.
15 ၁၅ ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။-
Lawe ae la o Rebeka i ka aahu maikai o kana keiki mua o Esau, i ka mea e waiho ana iloko o ka hale me ia, a hoaahu iho la ia Iakoba i kana keiki muli iho ia mea.
16 ၁၆ သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။-
A hoopili aku la o Rebeka i na ili o na keiki kao maluna o kona mau lima, a me ka pahee o kona a-i.
17 ၁၇ ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
Haawi aku la ia i ka mea ono, a me ka berena ana i hoomakaukau ai, iloko o ka lima o Iakoba o kana keiki.
18 ၁၈ ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။
A hele aku la ia i kona makuakane, i aku la, E kuu makuakane: i mai la kela, Eia no wau; owai la oe, e kuu keiki?
19 ၁၉ ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
I aku la o Iakoba i kona makuakane, Owau no o Esau, o kau makahiapo; ua hana iho nei au i kau mea i kauoha mai ai; ke noi aku nei au, e ala mai oe, e noho a e ai iho i ka'u io o ka mea hihiu, i hoomaikai mai kou uhane ia'u.
20 ၂၀ ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။
I mai la o Isaaka i kana keiki, Pehea ka emoole o ka loaa ana o ia mea ia oe, e kuu keiki? I aku la kela, No ka mea, na Iehova na kou Akua i hoohalawai ia mea me au.
21 ၂၁ ထိုအခါဣဇာက်က``ငါသင့်ကိုစမ်းကြည့်နိုင် ရန်အနားသို့တိုးလာပါ။ သင်သည်ဧသော အမှန်ပင်ဖြစ်ပါသလော'' ဟုမေးလေသည်။-
I mai la o Isaaka ia Iakoba, Ke noi aku nei au ia oe, e neenee mai a kokoke, i hana aku au ia oe, e kuu keiki, i ike au o ka'u keiki o Esau paha oe, aole paha.
22 ၂၂ ယာကုပ်သည်ဖခင်အနားသို့ချဉ်းကပ်လာသော် ဖခင်ကလက်နှင့်သူ့ကိုစမ်းသပ်ပြီးလျှင်``သင် ၏အသံမှာယာကုပ်၏အသံ၊ သင်၏လက်များ သည်ကားဧသော၏လက်များပင်ဖြစ်သည်'' ဟု ဆိုလေ၏။-
Neenee aku la o Iakoba io Isaaka la i kona makuakane: a hana mai la oia ia ia, i mai la, O ka leo, ka leo no o Iakoba, aka, o na lima, na lima no o Esau.
23 ၂၃ သူ၏လက်တို့သည်ဧသော၏လက်များကဲ့သို့ အမွေးထူသောကြောင့်ဖခင်သည်ယာကုပ် ဖြစ်မှန်းမရိပ်မိချေ။ သူ့အားကောင်းချီးမ ပေးမီ၊-
Aole no i ikea oia, no ka mea, ua huluhulu kona mau lima, e like me na lima o kona kaikuaana, o Esau: a hoomaikai mai oia ia ia.
24 ၂၄ ``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။ ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။
Ninau mai la oia ia ia, O oe io no anei o ka'u keiki o Esau? I aku la kela, Owau no.
25 ၂၅ ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။-
I mai la oia, E lawe mai ia mea a kokoke ia'u, a e ai iho no wau i ka io mea hihiu a kuu keiki, i hoomaikai aku kuu uhane ia oe, Lawe aku la o Iakoba a kokoke, a ai iho la kela: lawe aku la hoi oia i ka waina, a inu iho la kela.
26 ၂၆ ထိုနောက်ဖခင်က``ငါ့သား၊ အနားသို့တိုး လာ၍ငါ့ကိုနမ်းလော့ဟုခိုင်း၏။-
Olelo mai la kona makuakane o Isaaka ia ia, E hele mai oe a honi ia'u, e kuu keiki.
27 ၂၇ ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
Hele aku la o Iakoba, a honi ae la ia ia: honi iho la o Isaaka i ke ala o kona aahu, hoomaikai mai la ia ia, i mai la, Aia, o ke ala o kuu keiki, ua like me ke ala o ka mahinaai a Iehova i hoomaikai ai:
28 ၂၈ ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။-
E haawi mai ke Akua ia oe i ka hau no ka lani mai, me ka momona o ka honua, a me ka palaoa a me ka waina he nui:
29 ၂၉ တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
E hookauwa mai na kanaka nau, a e moe iho na lahuikanaka imua ou, o lilo oe i haku maluna o kou poe hoahanau, a e moe iho na keiki o kou makuwahine imua ou: e hoinoia'ku na mea a pau e hoino mai ia oe, a e hoopomaikaiia'ku ka mea hoomaikai ia oe.
30 ၃၀ ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။-
A oki ae la ka hoomaikai ana mai a Isaaka ia Iakoba, aneane hoi ole mai o Iakoba mai ke alo mai o Isaaka o kona makuakane, puka mai la hoi o Esau o kona kaikuaana mai kona imi mea hihiu ana.
31 ၃၁ သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။
Hana no hoi oia i ka mea ono, a lawe mai hoi ia mea i kona makuakane, i aku la ia i kona makuakane, E ala mai oe, e kuu makuakane, a e ai iho i ka io mea hihia a kana keiki, i hoomaikai mai kou uhane ia'u.
32 ၃၂ ဣဇာက်က``သင်မည်သူနည်း'' ဟုမေး၏။ ဧသောက``ကျွန်တော်သည်ဖခင်၏သားကြီး ဧသောဖြစ်ပါသည်'' ဟုပြန်ဖြေ၏။
Ninau mai la o Isaaka o kona makuakane ia ia, Owai oe? I aku la kela, Owau no o kau keiki, o kau makahiapo, o Esau.
33 ၃၃ ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။
Haalulu nui loa iho la o Isaaka, i mai la, Owai? auhea hoi ka mea i kii i ka io mea hihiu, a i lawe mai hoi io'u nei, a ua ai iho nei au a pau, mamua o kou hiki ana mai, a ua hoomaikai au ia ia? Oiaio, oia ke hoomaikaiia.
34 ၃၄ ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
A lohe ae la o Esau i ka olelo a kona makuakane, uwe iho la ia me ka uwe nui loa, i aku la ia i kona makuakane, E hoomaikai mai ia'u, ia'u hoi, e kuu makuakane,
35 ၃၅ ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။
I mai la kela, Ua hele mai nei kou kaikaina me ka maalea, a ua lawe aku i kou hoomaikaiia,
36 ၃၆ ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။
I aku la oia, Aole anei i pono ke kapa ana ia ia o Iakoba? no ka mea, eia ka lua o kona kaili ana i ko'u pono: kaili aku la oia i ko ka hanaumua pono o'u; eia hoi, ano, ua kaili ae la oia i ko'u hoomaikaiia. I aku la hoi o Esau, Aole anei oe i malama no'u kekahi hoomaikai ana?
37 ၃၇ ဣဇာက်က``ငါသည်သူ့အားသင်၏အရှင်သခင် ဖြစ်စေပြီ။ ဆွေမျိုးသားချင်းအပေါင်းတို့ကို လည်းသူ၏အစေကိုခံစေပြီ။ သူ့အားကောက်ပဲ သီးနှံနှင့်စပျစ်ရည်တို့ဖြင့်ကြွယ်ဝပြည့်စုံစေ ပြီ။ သို့ဖြစ်လျှင်ငါ့သားသင့်အတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း'' ဟုပြန်ဖြေလေ ၏။
Olelo mai la o Isaaka ia Esau, Aia hoi, ua hoolilo aku au ia ia i haku nou, a ua haawi aku no wau i kona poe hoahanau a pau i poe kauwa nana; ua malama aku hoi au ia ia i ka palaoa a me ka waina: a heaha ka'u e hana aku ai nau, e kuu keiki?
38 ၃၈ ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။
I aku la o Esau i kona makuakane, Hookahi wale no anei au hoomaikai ana, e kuu makuakane? e hoomaikai mai oe ia'u hoi, e kuu makuakane. Hookiekie ae la o Esau i kona leo, a uwe iho la.
39 ၃၉ ထိုအခါဣဇာက်က၊ ``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။
Olelo mai la o Isaaka, kona makuakane, i mai la ia ia, Aia hoi, ma ka aina momona kou noho ana, a ma kahi o ka hau o ka lani mai luna iho.
40 ၄၀ သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
I kau pahikaua e ola auanei oe, a e hookauwa aku oe na kou kaikaina: a i ka manawa e loaa'i ia oe ke alii ana, alaila e haihai iho oe i kana anamo ma kou a-i.
41 ၄၁ ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
Inaina aku la o Esau ia Iakoba, no ka hoomaikai ana a kona makuakane i hoomaikai aku ai ia ia: i iho la o Esau iloko o kona naau, Ua kokoke mai na la e kanikau ai i kuu makuakane; alaila au e pepehi ai i kuu kaikaina ia Iakoba.
42 ၄၂ ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။-
Ua haiia'ku keia olelo ana a Esau ia Rebeka: hoouna aku la ia e hea ia Iakoba i kana keiki muli iho, i aku la ia ia, Aia hoi, o kou kaikuaana o Esau, e hooluolu ana oia ia ia iho nou, e pepehi iho ia oe.
43 ၄၃ ငါ့သား၊ ငါပြောသည့်အတိုင်းပြုလုပ်လော့။ ခါရန် မြို့၌နေထိုင်သောငါ၏အစ်ကိုလာဗန်ထံသို့ ယခုချက်ချင်းသွားရန်ပြင်လော့။-
Ano hoi, e kuu keiki, e hoolohe mai oe i kuu lee; e ku ae oe, e holo aku io Labana la, i kuu kaikunane ma Harana:
44 ၄၄ သင်၏အစ်ကိုစိတ်ပြေ၍သင်သူ့အားပြုမိ သမျှကိုမေ့ပျောက်သည့်အချိန်အထိသူ့ထံ ၌ခေတ္တတည်းခိုနေထိုင်လော့။-
E noho me ia i kekahi mau la, a huli ae ka inaina o kou kaikuaana mai ou aku la;
45 ၄၅ ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။
A huli ae ka inaina o kou kaikuaana mai ou aku la, a poina ia ia kau mea i hana aku ai ia ia: alaila e hoouna aku no wau e hoihoi mai ia oe: no ke aha la e hooneleia mai au ia olua a elua i ka la hookahi?
46 ၄၆ ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
Olelo aku la o Rebeka ia Isaaka, Ua pauaho no wau i kuu ola ana, no na kaikamahine a ka Heta: ina e lawe o Iakoba i kekahi kaikamahine a ka Heta i wahine nana, e like me na kaikamahine o ka aina, pehea la wau e pono ai i kuu ola aua?