< ကမ္ဘာ​ဦး 11 >

1 အ​စ​ပ​ထ​မ​၌​ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​တို့ သည် ဘာ​သာ​စ​ကား​တစ်​မျိုး​တည်း​ပြော​ကြ ၏။-
E era toda a terra de uma mesma língua, e de uma mesma fala.
2 သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-
E aconteceu que, partindo eles do Oriente, acharam um vale na terra de Shinar; e habitaram ali.
3 ထို​အ​ခါ​သူ​တို့​က``လာ​ကြ၊ ခိုင်​မာ​သော​အုတ် များ​ကို​ဖုတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည် ဆောက်​လုပ်​ရန်​အုတ်​နှင့်​အုတ်​များ ကို​ထိန်း​ထား​ရန်​ကတ္တ​ရာ​ကို​ရ​ရှိ​ကြ​၏။-
E disseram uns aos outros: Eia, façamos tijolos, e queimê-mo-los bem. E foi-lhes o tijolo por pedra, e o betume por cal.
4 သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။
E disseram: Eia, edifiquemos nós uma cidade e uma torre cujo cume toque nos céus, e façamo-nos um nome, para que não sejamos espalhados sobre a face de toda a terra.
5 ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-
Então desceu o Senhor para ver a cidade e a torre que os filhos dos homens edificavam;
6 ``ယ​ခု​တွင်​ဤ​သူ​တို့​သည်​လူ​မျိုး​တစ်​မျိုး တည်း​ဖြစ်​၍ ဘာ​သာ​စ​ကား​တစ်​ခု​တည်း ကို​ပြော​ဆို​လျက်​ရှိ​ကြ​၏။-
E disse. Eis que o povo é um, e todos tem uma mesma língua; e isto é o que começam a fazer: e agora, não haverá restrição para tudo o que eles intentarem fazer?
7 ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-
Eia, desçamos, e confundamos ali a sua língua, para que não entenda um a língua do outro.
8 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကမ္ဘာ အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​သ​ဖြင့် လူ​တို့​သည်​မြို့ တည်​ခြင်း​ကို​ရပ်​ဆိုင်း​ထား​ရ​ကြ​လေ​သည်။-
Assim o Senhor os espalhou dali sobre a face de toda a terra: e cessaram de edificar a cidade.
9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။
Por isso se chamou o seu nome Babel, porquanto ali confundiu o Senhor a língua de toda a terra, e dali os espalhou o Senhor sobre a face de toda a terra.
10 ၁၀ ရှေ​မ​၏​သား​စဉ်​မြေး​ဆက်​များ​တို့​ကို​ဖော်​ပြ ပေ​အံ့။ ရေ​လွှမ်း​မိုး​ပြီး​နောက်​နှစ်​နှစ်​ကြာ​၍​ရှေ​မ သည် အ​သက်​တစ်​ရာ​ပြည့်​သော​အ​ခါ​အာ​ဖာ​ဇဒ် အ​မည်​ရှိ​သား​ကို​ရ​ရှိ​လေ​၏။-
Estas são as gerações de Sem: Sem era da idade de cem anos, e gerou a Arpachshad, dois anos depois do dilúvio.
11 ၁၁ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​ငါးရာ​ဆက်​၍​အ​သက် ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Sem, depois que gerou a Arpachshad, quinhentos anos; e gerou filhos e filhas.
12 ၁၂ အာ​ဖာ​ဇဒ်​သည်​အ​သက်​သုံး​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ ရှာ​လ​အ​မည်​ရှိ​သား​ကို​ရ​၏။-
E viveu Arpachshad trinta e cinco anos, e gerou a Selah.
13 ၁၃ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Arpachshad depois que gerou a Selah, quatrocentos e três anos; e gerou filhos e filhas.
14 ၁၄ ရှာ​လ​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ဟေ​ဗာ​အ​မည်​ရှိ​သား​ကို​ရ​၏။-
E viveu Selah, trinta anos, e gerou a Eber:
15 ၁၅ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ် ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး ၏။
E viveu Selah, depois que gerou a Eber, quatrocentos e três anos, e gerou filhos e filhas.
16 ၁၆ ဟေ​ဗာ​သည်​အ​သက်​သုံး​ဆယ့်​လေး​နှစ်​ရှိ​သော အ​ခါ ဖာ​လက်​အ​မည်​ရှိ​သော​သား​ကို​ရ​၏။-
E viveu Eber trinta e quatro anos e gerou a Peleg:
17 ၁၇ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဆက်​၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Eber, depois que gerou a Peleg, quatrocentos e trinta anos, e gerou filhos e filhas.
18 ၁၈ ဖာ​လက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ရာ​ဂေါ​အ​မည်​ရှိ​သား​ကို​ရ​၏။-
E viveu Peleg trinta anos, e gerou a Rehu:
19 ၁၉ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ့​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Peleg, depois que gerou a Rehu, duzentos e nove anos, e gerou filhos e filhas.
20 ၂၀ ရာ​ဂေါ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ စေ​ရောက်​အ​မည်​ရှိ​သား​ကို​ရ​၏။-
E viveu Rehu, trinta e dois anos, e gerou a Serug:
21 ၂၁ ထို​နောက်​သူ​သည်​နှစ်​ရာ့​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Rehu, depois que gerou a Serug, duzentos e sete anos e gerou filhos e filhas.
22 ၂၂ စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ နာ​ခေါ်​အ​မည်​ရှိ​သား​ကို​ရ​၏။-
E viveu Serug trinta anos, e gerou a Nahor:
23 ၂၃ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Serug, depois que gerou a Nahor, duzentos anos, e gerou filhos e filhas.
24 ၂၄ နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-
E viveu Nahor vinte e nove anos, e gerou a Terah:
25 ၂၅ ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
E viveu Nahor, depois que gerou a Terah, cento e dezenove anos, e gerou filhos e filhas.
26 ၂၆ တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။
E viveu Terah, setenta anos, e gerou a Abrão, a Nahor, e a Haran.
27 ၂၇ တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-
E estas são as gerações de Terah: Terah gerou a Abrão, a Nahor, e a Haran: e Haran gerou a Lot
28 ၂၈ ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-
E morreu Haran estando seu pai Terah, ainda vivo, na terra do seu nascimento, em Ur dos caldeus.
29 ၂၉ အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-
E tomaram Abrão e Nahor mulheres para si: o nome da mulher de Abrão era Sarai, e o nome da mulher de Nahor era Milcah, filha de Haran, pai de Milcah, e pai de Iscah.
30 ၃၀ ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။
E Sarai foi estéril, e não tinha filhos.
31 ၃၁ တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-
E tomou Terah a Abrão seu filho, e a Lot filho de Haran, filho de seu filho, e a Sarai sua nora, mulher de seu filho Abrão, e saiu com eles de Ur dos caldeus, para ir à terra de Canaan; e vieram até Haran, e habitaram ali
32 ၃၂ တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။
E foram os dias de Terah duzentos e cinco anos: e morreu Terah em Haran.

< ကမ္ဘာ​ဦး 11 >