< ကမ္ဘာ​ဦး 11 >

1 အ​စ​ပ​ထ​မ​၌​ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​တို့ သည် ဘာ​သာ​စ​ကား​တစ်​မျိုး​တည်း​ပြော​ကြ ၏။-
HOOKAHI no lehelehe, hookahi hoi olelo a ko ka honua a pau.
2 သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-
A i ko lakou hele ana mai ka hikina mai, loaa ia lakou kahi papu ma ka aina o Sinara; a noho iho la lakou ilaila.
3 ထို​အ​ခါ​သူ​တို့​က``လာ​ကြ၊ ခိုင်​မာ​သော​အုတ် များ​ကို​ဖုတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည် ဆောက်​လုပ်​ရန်​အုတ်​နှင့်​အုတ်​များ ကို​ထိန်း​ထား​ရန်​ကတ္တ​ရာ​ကို​ရ​ရှိ​ကြ​၏။-
Olelo ae la kekahi kanaka i kona hoa, Ina kakou, e hana kakou i na pohaku ula, e kahu a moa loa. O ko lakou pohaku, he pohaku ula, a he bitumena ko lakou puna.
4 သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။
Olelo ae la lakou, Ina kakou, e hana kakou i kulanakauhale no kakou, a me ka halepakui e kiekie ae kona welau i ka lani; a e hookaulana i ko kakou inoa, o hoopuehuia'ku kakou maluna o ka honua a pau.
5 ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-
Iho mai la o Iehova ilalo e nana i ke kulanakauhale a me ka halepakui a na keiki a kanaka i hana'i.
6 ``ယ​ခု​တွင်​ဤ​သူ​တို့​သည်​လူ​မျိုး​တစ်​မျိုး တည်း​ဖြစ်​၍ ဘာ​သာ​စ​ကား​တစ်​ခု​တည်း ကို​ပြော​ဆို​လျက်​ရှိ​ကြ​၏။-
I iho la o Iehova, Aia hoi, hookahi no ka poe kanaka, hookahi hoi ko lakou lehelehe; eia ka lakou e hoomaka nei e hana: a mahope aku, aohe mea keakea ia lakou ke hana i na mea a pau a lakou e manao ai.
7 ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-
Ina kakou, e iho iho kakou, a malaila kakou hookahuli ai i ka lakou olelo, i hoomaopopo ole ai lakou i ka olelo a kekahi.
8 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကမ္ဘာ အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​သ​ဖြင့် လူ​တို့​သည်​မြို့ တည်​ခြင်း​ကို​ရပ်​ဆိုင်း​ထား​ရ​ကြ​လေ​သည်။-
Pela o Iehova i hoopuehu aku ai ia lakou maluna o ka honua a pau: a oki iho la ka lakou hana ana i ua kulanakauhale la.
9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။
No ia mea, ua kapaia ka inoa o ia wahi, o Babela, no ka mea, ilaila o Iehova i hookahuli ai i ka olelo a ko ka honua a pau: a mai ia wahi aku i hoopuehu aku ai o Iehova ia lakou maluna o ka honua a pau.
10 ၁၀ ရှေ​မ​၏​သား​စဉ်​မြေး​ဆက်​များ​တို့​ကို​ဖော်​ပြ ပေ​အံ့။ ရေ​လွှမ်း​မိုး​ပြီး​နောက်​နှစ်​နှစ်​ကြာ​၍​ရှေ​မ သည် အ​သက်​တစ်​ရာ​ပြည့်​သော​အ​ခါ​အာ​ဖာ​ဇဒ် အ​မည်​ရှိ​သား​ကို​ရ​ရှိ​လေ​၏။-
Eia ka mooolelo na Sema: hookani haneri makahiki o Sema, a hanau mai o Arepakada nana, elua makahiki mahope mai o ke kaiakahinalii.
11 ၁၁ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​ငါးရာ​ဆက်​၍​အ​သက် ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ka hanau ana o Arepakada, alima haneri no makahiki o ko Sema ola ana, a nana mai na keikikane a me na kaikamahine.
12 ၁၂ အာ​ဖာ​ဇဒ်​သည်​အ​သက်​သုံး​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ ရှာ​လ​အ​မည်​ရှိ​သား​ကို​ရ​၏။-
He kanakolu na makahiki a me kumamalima o ko Arepakada ola ana, a hanau mai o Sala nana:
13 ၁၃ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ka hanau ana o Sala, aha haneri na makahiki a me kumamakolu o ko Arepakada ola ana, a nana mai na keikikane a me na kaikamahine.
14 ၁၄ ရှာ​လ​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ဟေ​ဗာ​အ​မည်​ရှိ​သား​ကို​ရ​၏။-
He kanakolu na makahiki o ko Sala ola ana, a hanau mai o Ebera nana:
15 ၁၅ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ် ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး ၏။
Mahope mai o ka hanau ana o Ebera, aha haneri na makahiki me kumamakolu o ko Sala ola ana, a nana mai na keikikane a me na kaikamahine.
16 ၁၆ ဟေ​ဗာ​သည်​အ​သက်​သုံး​ဆယ့်​လေး​နှစ်​ရှိ​သော အ​ခါ ဖာ​လက်​အ​မည်​ရှိ​သော​သား​ကို​ရ​၏။-
He kanakolu na makahiki a me kumamaha o ko Ebera ola ana, a hanau mai o Pelega nana:
17 ၁၇ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဆက်​၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ka hanau ana o Pelega, aha haneri na makahiki a me kanakolu o ko Ebera ola ana, a nana mai na keikikane a me na kaikamahine.
18 ၁၈ ဖာ​လက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ရာ​ဂေါ​အ​မည်​ရှိ​သား​ကို​ရ​၏။-
He kanakolu na makahiki o ko Pelega ola ana, a hanau mai o Reu nana:
19 ၁၉ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ့​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ko Reu hanau ana, alua haneri na makahiki a me kumamaiwa o ko Pelega ola ana, a nana mai na keikikane a me na kaikamahine.
20 ၂၀ ရာ​ဂေါ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ စေ​ရောက်​အ​မည်​ရှိ​သား​ကို​ရ​၏။-
He kanakolu na makahiki a me kumamalua o ko Reu ola ana, a hanau mai o Seruga nana:
21 ၂၁ ထို​နောက်​သူ​သည်​နှစ်​ရာ့​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Elua haneri na makahiki a me kumamahiku o ko Reu ola ana mahope mai o ka hanau ana o Seruga, a nana mai na keikikane a me na kaikamahine.
22 ၂၂ စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ နာ​ခေါ်​အ​မည်​ရှိ​သား​ကို​ရ​၏။-
He kanakolu na makahiki o ko Seruga ola ana, a hanau mai o Nahora nana:
23 ၂၃ ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ka hanau ana o Nahora, elua haneri na makahiki o ko Seruga ola ana, a nana mai na keikikane a me na kaikamahine.
24 ၂၄ နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-
He iwakalua na makahiki a me kumamaiwa o ko Nahora ola ana, a hanau mai o Tera nana:
25 ၂၅ ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
Mahope mai o ka hanau ana o Tera, he haneri na makahiki a me ka umikumamaiwa o ko Nahora ola ana, a nana mai na keikikane a me na kaikamahine.
26 ၂၆ တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။
He kanahiku na makahiki o ko Tera ola ana, a hanau mai o Aberama, o Nahora, a o Harana.
27 ၂၇ တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-
Eia ka mooolelo no Tera; na Tera o Aberama, o Nahora, a o Harana; na Harana o Lota.
28 ၂၈ ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-
Make iho la o Harana mamua o kona makuakane o Tera, ma kona aina i hanau ai, ma Ura no ko Kaledea.
29 ၂၉ အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-
Lawe ae la o Aberama laua o Nahora i mau wahine na laua: o Sarai ka inoa o ka wahine a Aberama, a o Mileka ka inoa o ka wahine a Nahora; oia ke kaikamahine a Harana, a ka makuakane o Mileka, a o ka makuakane hoi o Iseka.
30 ၃၀ ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။
A he pa o Sarai; aohe ana keiki.
31 ၃၁ တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-
Lawe ae la o Tera i kana keiki ia Aberama, a me kana moopuna ia Lota, ke keiki a Harana, a me Sarai kana hunonawahine, o ka wahine a kana keiki a Aberama; a haele pu mai la lakou mai Ura mai no ko Kaledea, i ka hele ana ma ka aina o Kanaana: hiki mai la lakou i Harana, a noho iho la ilaila.
32 ၃၂ တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။
O na la o Tera, elua ia haneri makahiki a me kumamalima: a make iho la o Tera ma Harana.

< ကမ္ဘာ​ဦး 11 >