< ဧဇရ 4 >
1 ၁ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
Uslyšavše pak nepřátelé Judovi a Beniaminovi, že by ti, kteříž přestěhováni byli, stavěli chrám Hospodinu Bohu Izraelskému,
2 ၂ သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
Přistoupili k Zorobábelovi a k knížatům čeledí otcovských, a řekli jim: Budeme s vámi stavěti; nebo jako i vy hledati budeme Boha vašeho, jemuž i oběti obětujeme ode dnů Esarchaddona krále Assyrského, kterýž nás sem uvedl.
3 ၃ ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
Tedy řekl jim Zorobábel a Jesua i jiná knížata čeledí otcovských z Izraele: Ne vám, ale nám náleží stavěti dům Bohu našemu; nebo my sami stavěti budeme Hospodinu Bohu Izraelskému, jakž přikázal nám král Cýrus, král Perský.
4 ၄ ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
A však lid té krajiny zemdléval ruce lidu Judského, a odhrožovali je, aby nestavěli.
5 ၅ ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။
Anobrž i najímali proti nim rádce, aby rušili rady jejich, po všecky dny Cýra krále Perského, až do kralování Daria krále Perského.
6 ၆ ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
Nebo když kraloval Asverus, při začátku kralování jeho sepsali žalobu proti obyvatelům Judským a Jeruzalémským.
7 ၇ တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
(Tak jako za dnů Artaxerxa psal Bislam, Mitridates, Tabel a jiní tovaryši jeho k Artaxerxovi králi Perskému.) Písmo pak listu toho psáno bylo Syrsky, i vykládáno Syrsky.
8 ၈ ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။
Rechum totiž kancléř a Simsai písař napsali jeden list proti Jeruzalému Artaxerxovi králi, takový:
9 ၉ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
Rechum kancléř a Simsai písař i jiní tovaryši jejich, Dinaiští a Afarsatchaiští, Tarpelaiští, Afarzaiští, Arkevaiští, Babylonští, Susanechaiští, Dehavejští a Elmaiští,
10 ၁၀ ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ''
I jiní národové, kteréž byl převedl Asnapar veliký a slavný, a rozsadil v městech Samařských, a jiní za řekou, i Cheenetští,
11 ၁၁ (စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။) ``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''
(Tento jest přípis listu, kterýž poslali k Artaxerxovi králi), služebníci tvoji, lidé za řekou a Cheenetští.
12 ၁၂ ``အရှင်၏အခြားနယ်မြေများမှ ဤအရပ်သို့လာရောက်ကြသောယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့တွင်အခြေစိုက်နေထိုင်ကာ ထိုဆိုးညစ်ပုန်ကန်တတ်သောမြို့ကိုပြန်လည်တည်ဆောက်လျက်ရှိကြောင်း အရှင့်အားအကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်။ သူတို့သည်မြို့ရိုးများကို ပြန်လည်စတင်ဆောက်လုပ်လျက်နေကြပြီဖြစ်၍မကြာမီပြီးစီးပါမည်။-
Známo buď králi, že Židé, kteříž se vrátili od tebe, přišedše k nám do Jeruzaléma, město odporné a škodlivé stavějí, i zdi dělají, a základy spojují.
13 ၁၃ အရှင်မင်းကြီး၊ ဤမြို့ကိုပြန်လည်တည်ထောင်ကာမြို့ရိုးများကိုလည်းဆောက်လုပ်ပြီးစီးသွားပါက မြို့သူမြို့သားတို့သည်အကောက်အခွန်များကိုပေးဆောင်ကြတော့မည်မဟုတ်ပါ။ သို့ဖြစ်၍အရှင်၏အခွန်တော်လျော့နည်းသွားပါလိမ့်မည်။''
Protož nyní buď vědomo králi, bude-li to město vystaveno, a zdi dodělány, platuť, cla a úroku dávati nebudou, a tak komoře královské újma bude.
14 ၁၄ ``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။-
Nyní tedy poněvadž dobrodiní paláce užíváme, na obnažování krále neslušelo se nám dívati. Tou příčinou poslali jsme a oznámili to králi,
15 ၁၅ ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
Aby dal hledati v knihách kronik otců svých, a najdeš v nich, i zvíš, že město to jest město odporné a škodlivé králům i krajinám, a že se v něm puntovávají od starodávna, pročež to město prvé zkaženo bylo.
16 ၁၆ သို့ဖြစ်၍ဤမြို့နှင့်မြို့ရိုးကိုပြီးစီးအောင်ပြန်လည်တည်ဆောက်ခဲ့လျှင် အရှင်မင်းကြီးသည်ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ကိုထိန်းသိမ်းအုပ်ချုပ်နိုင်တော့မည်မဟုတ်ကြောင်းလျှောက်ထားအပ်ပါသည်'' ဟူ၍တည်း။
Nadto známoť činíme králi, že bude-li to město vystaveno, a zdi dodělány, tedy vládařství za řekou míti nebudeš.
17 ၁၇ မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
Tedy odeslal odpověd král Rechumovi kancléři a Simsaiovi písaři i jiným tovaryšům jejich, kteříž bydlili v Samaří, a jiným za řekou v Selam i v Cheet:
18 ၁၈ ``သင်တို့ပေးပို့လိုက်သောစာကိုဘာသာပြန်၍ ငါ့အားဖတ်ပြကြသည်။-
Psání, kteréž jste k nám poslali, zjevně čteno jest přede mnou.
19 ၁၉ ငါသည်အမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုရာယေရုရှလင်မြို့သည်ရှေးကာလမှအစပြု၍ ဧကရာဇ်မင်းတို့ကိုတော်လှန်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ပုန်ကန်သူများ၊ အနှောင့်အယှက်ပေးတတ်သူများနှင့်ပြည့်နှက်နေကြောင်းကိုလည်းကောင်းတွေ့ရှိရသည်။-
Protož rozkázal jsem, aby hledali. I nalezli, že to město zdávna povstává proti králům, a zprotivování i puntování bývají v něm.
20 ၂၀ တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
Nadto i králové mocní že bývali v Jeruzalémě, a panovali nade vším, co jest za řekou, jimž platové, cla a úrok dáván býval.
21 ၂၁ သို့ဖြစ်၍ငါ၏ထံမှနောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း၊ ထိုမြို့ပြန်လည်တည်ဆောက်မှုကိုရပ်ဆိုင်းထားကြရန်သင်တို့အမိန့်ထုတ်ဆင့်ကြရမည်။-
Protož nyní přikažte, ať jest zastaveno mužům těm, aby to město nebylo staveno, dokudž by ode mne poručeno nebylo.
22 ၂၂ ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
Hleďtež pak, abyste se v té věci nemýlili, a ať skrze to nezroste něco zlého na škodu králům.
23 ၂၃ ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
Když pak ten přípis listu Artaxerxa krále čten byl před Rechumem a Simsaiem písařem a tovaryši jejich, odešli rychle do Jeruzaléma k Židům, a zastavili jim mocí a silou.
24 ၂၄ ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။
A tak přetrženo jest dílo domu Božího, kterýž byl v Jeruzalémě, a stálo tak až do druhého léta kralování Daria krále Perského.