< ယေဇကျေလ 10 >

1 ငါ​သည်​အ​သက်​ရှင်​သော​သတ္တ​ဝါ တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​ကို​ကြည့် လိုက်​ရာ နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​သော​အ​ရာ​ကို​မြင်​ရ​၏။-
Et je vis, et voici que sur le firmament qui était au-dessus de la tête des Chérubins, il y avait comme une pierre de saphir; quelque chose paraissant ressembler à un trône apparut au-dessus d'eux.
2 ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-
Et il dit à l'homme vêtu de lin: " Va dans les intervalles des roues, sous les Chérubins; remplis tes mains de charbons ardents pris d'entre les Chérubins, et répands-les sur la ville. " Et il y alla devant mes yeux.
3 သူ​ဝင်​လာ​သော​အ​ခါ​သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​၏​တောင်​ဘက်​တွင်​ရပ်​နေ​ကြ​၏။ ဗိမာန် တော်​အ​တွင်း​တံ​တိုင်း​သည်​လည်း​မိုး​တိမ် ဖြင့်​ပြည့်​၏။-
Or les Chérubins se tenaient à droite de la maison quand l'homme y alla, et la nuée remplit le parvis intérieur.
4 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။-
Et la gloire de Yahweh s'éleva de dessus les Chérubins et vint sur le seuil de la maison; la maison fut remplie de la nuée, et le parvis était plein de l'éclat de la gloire de Yahweh.
5 သတ္တ​ဝါ​တို့​၏​တောင်​ပံ​ခတ်​သံ​ကို​အ​ပြင် တံ​တိုင်း​မှ​ပင်​ကြား​ရ​၏။ ထို​အ​သံ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​မိန့်​မြွက် တော်​မူ​သော​အ​သံ​နှင့်​တူ​၏။
Le bruit des ailes des Chérubins se fit entendre jusqu'au parvis extérieur, comme la voix du Dieu tout-puissant quand il parle.
6 ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​သူ​အား ထာ ဝ​ရ​ဘု​ရား​က​သတ္တ​ဝါ​များ​၏​အောက်​၌ ရှိ​သော​ရ​ထား​ဘီး​များ​အ​ကြား​မှ မီး​ကျီး ခဲ​အ​ချို့​ကို​ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​သော အ​ခါ​ထို​သူ​သည်​ဝင်​၍​ဘီး​တစ်​ခု​အ​နီး ၌​ရပ်​လေ​၏။-
Quand il eut donné cet ordre à l'homme vêtu de lin: " Prends du feu dans l'intervalle des roues, entre les Chérubins, " l'homme vint se tenir à côté des roues.
7 သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။
Et le Chérubin avança la main entre les Chérubins, vers le feu qui était entre les Chérubins; il en prit et le mit dans les mains de l'homme vêtu de lin, qui le prit et sortit.
8 သတ္တ​ဝါ​တိုင်း​၏​တောင်​ပံ​များ​အောက်​၌ လူ လက်​နှင့်​တူ​သော​လက်​တစ်​ခု​စီ​ရှိ​သည်​ကို လည်း​ကောင်း၊-
Or on voyait aux Chérubins une forme de main d'homme sous leurs ailes.
9 ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-
Et je vis, et voici quatre roues auprès des Chérubins, une roue à côté de chaque Chérubin, et l'aspect des roues était comme celui de la pierre de Tharsis.
10 ၁၀
Et quant à leur aspect, toutes quatre étaient semblables, comme si une roue était au milieu d'une autre roue.
11 ၁၁ ထို​ဘီး​တို့​လှုပ်​ရှား​ရာ​၌​ဘီး​တို့​သည်​မ​လှည့် ဘဲ သတ္တ​ဝါ​များ​သွား​သည့်​အ​တိုင်း​သူ​တို့ မျက်​နှာ​မူ​ရာ​အ​ရပ်၊ မည်​သည့်​အ​ရပ်​သို့ မ​ဆို​သွား​လာ​နိုင်​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​လှည့်​နေ​ရန်​မ​လို​ဘဲ အား​လုံး တ​ညီ​တ​ညာ​တည်း​မိ​မိ​တို့​သွား​လို​ရာ ဘက်​သို့​သွား​နိုင်​ကြ​၏။-
En avançant, elles allaient sur leurs quatre côtés, et ne se retournaient pas dans leur marche; car vers le lieu où se tournait la tête elles allaient, et elles ne se retournaient pas dans leur marche.
12 ၁၂ သူ​တို့​ကိုယ်​ခန္ဓာ​များ၊ ကျော​ကုန်း​များ၊ လက် များ၊ တောင်​ပံ​များ​နှင့်​ဘီး​များ​သည်​မျက်​စိ များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။-
Et tout le corps des Chérubins, leur dos, leurs mains et leurs ailes, ainsi que les roues, étaient remplies d'yeux tout autour; tous les quatre avaient leurs roues.
13 ၁၃ ထို​ဘီး​တို့​ကို``စ​ကြာ​ဘီး​များ'' ဟု​ခေါ်​ဆို သည်​ကို​ငါ​ကြား​ရ​၏။
Quant aux roues, on les appelait " agiles. "
14 ၁၄ ထို​သတ္တ​ဝါ​တစ်​ပါး​လျှင်​မျက်​နှာ​လေး​ခု​ရှိ​၍ ပ​ထ​မ​မျက်​နှာ​သည်​ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ မှာ​လူ​မျက်​နှာ၊ တ​တိ​ယ​ကား​ခြင်္သေ့​မျက်​နှာ၊ စ​တုတ္ထ​မှာ​လင်း​ယုန်​မျက်​နှာ​ဖြစ်​၏။-
Chacun des Chérubins avait quatre faces: la face du premier était la face de chérubin; la face du second était une face d'homme; celle du troisième, une face de taureau, et celle du quatrième, une face d'aigle.
15 ၁၅ သူ​တို့​သည်​လေ​ထဲ​သို့​ပျံ​တတ်​ကြ​၏။ (ထို သတ္တဝါ​တို့​ကား​ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ တွေ့​မြင်​ခဲ့​ရ​သော​သတ္တဝါ​များ​ပင်​ဖြစ်​၏။-)
Et les chérubins s'élevèrent; c'était l'être vivant que j'avais vu au fleuve Chobar.
16 ၁၆ သတ္တ​ဝါ​တို့​လှုပ်​ရှား​သော​အ​ခါ​သူ​တို့​အ​နီး ရှိ​ဘီး​တို့​သည်​လည်း​လှုပ်​ရှား​ကြ​၏။ သူ​တို့ ပျံ​ရန်​အ​တောင်​ကို​ဖြန့်​ကြ​သော​အ​ခါ ဘီး တို့​သည်​လည်း​လိုက်​၍​သွား​ကြ​၏။-
Quand les Chérubins allaient, les roues allaient aussi à côté d'eux; et quand les Chérubins dressaient leurs ailes pour s'élever de terre, les roues ne se détournaient pas, elles non plus, d'à côté d'eux.
17 ၁၇ ထို​သတ္တ​ဝါ​တို့​ရပ်​ကြ​သော​အ​ခါ​ဘီး​တို့ သည်​လည်း​ရပ်​၏။ သတ္တ​ဝါ​တို့​ပျံ​သန်း​ကြ သော​အ​ခါ​ဘီး​တို့​သည်​လည်း​လိုက်​၍​သွား ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သတ္တ​ဝါ များ​၏​ဝိ​ညာဉ်​က​ဘီး​တို့​ကို​ချုပ်​ကိုင်​၍ ထား​သော​ကြောင့်​ဖြစ်​၏။
Quand ils s'arrêtaient, elles s'arrêtaient; quand ils s'élevaient, elles s'élevaient avec eux; car l'Esprit de l'être vivant était en elles.
18 ၁၈ ထို​နောက်​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည် ဗိ​မာန်​တော်​အ​ဝင်​ဝ​မှ ထွက်​ခွာ​၍​သတ္တ​ဝါ​တို့​၏​အ​ထက်​သို့​ရွေ့ လျား​သွား​တော်​မူ​၏။-
La gloire de Yahweh se retira de dessus le seuil de la maison et s'arrêta sur les Chérubins.
19 ၁၉ သူ​တို့​သည်​မိ​မိ​တို့​တောင်​ပံ​များ​ကို​ဖြန့်​၍ ငါ​၏​မျက်​မှောက်​၌​ပင်​ကမ္ဘာ​မြေ​ကြီး​မှ​အ​ထက် သို့​ပျံ​တက်​ကြ​၏။ ထို​အ​ခါ​ဘီး​တို့​သည်​လည်း လိုက်​ပါ​သွား​ကြ​၏။ သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​အ​ရှေ့​တံ​ခါး​တွင်​ရပ်​နား​ကြ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် လည်း​သူ​တို့​အ​ပေါ်​၌​တည်​လေ​၏။-
Les Chérubins dressèrent leurs ailes et s'élevèrent de terre à mes yeux, quand ils partirent et les roues avec eux. Ils s'arrêtèrent à l'entrée de la porte orientale de la maison de Yahweh; et la gloire du Dieu d'Israël reposait sur eux par-dessus.
20 ၂၀ ဤ​သတ္တ​ဝါ​တို့​သည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အောက်​တွင် ငါ​မြင်​ခဲ့​ရ​သော သတ္တ​ဝါ​များ​ပင်​ဖြစ်​ကြောင်း​ငါ​သိ​၏။
C'était l'être vivant que j'avais vu au-dessous du Dieu d'Israël, au fleuve Chobar; et je sus que c'étaient des Chérubins.
21 ၂၁ သူ​တို့​တစ်​ပါး​စီ​တွင်​မျက်​နှာ​လေး​ခု၊ တောင်​ပံ လေး​ဘက်​နှင့်​ထို​တောင်​ပံ​များ​၏​အောက်​တွင် လူ့​လက်​နှင့်​တူ​သော​လက်​တစ်​ဖက်​စီ​ရှိ​၏။-
Chacun avait quatre faces et chacun avait quatre ailes, et une ressemblance de mains d'hommes était sous leurs ailes.
22 ၂၂ သူ​တို့​၏​မျက်​နှာ​များ​သည်​ခေ​ဗာ​မြစ်​အ​နီး တွင် ငါ​တွေ့​မြင်​ခဲ့​ရ​သော​မျက်​နှာ​များ​နှင့် တ​ထေ​ရာ​တည်း​ဖြစ်​၍​နေ​၏။ ထို​သတ္တ​ဝါ အား​လုံး​ပင်​ရှေ့​သို့​တည့်​တည့်​ရွေ့​လျား သွား​တတ်​ကြ​၏။
Et quant à la ressemblance de leurs faces, c'étaient les faces que j'avais vues près du fleuve Chobar; c'était le même aspect, c'étaient eux-mêmes. Chacun allait droit devant soi.

< ယေဇကျေလ 10 >