< ထွက်မြောက်ရာ 5 >

1 ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဖာ​ရော ဘု​ရင်​ထံ​သို့​ဝင်​ရောက်​၍``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော ကန္တာ​ရ​တွင်​ဘု​ရား​ပွဲ​တော်​ကျင်း​ပ​နိုင်​ရန် သူ​တို့​ကို​သွား​ခွင့်​ပေး​လော့' ဟု​မိန့်​တော်​မူ ပါ​သည်'' ဟူ​၍​လျှောက်​ထား​ကြ​၏။
And afterward Moses and Aaron came, and said unto Pharaoh, Thus saith Jehovah, the God of Israel, Let my people go, that they may hold a feast unto me in the wilderness.
2 ဖာ​ရော​ဘု​ရင်​က``ထို​ဘု​ရား​သည်​မည်​သူ​နည်း။ ငါ​သည်​အ​ဘယ်​ကြောင့်​ထို​ဘု​ရား​၏​စ​ကား ကို​နာ​ခံ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လွှတ်​ရ​မည်​နည်း။ ငါ​သည်​ထို​ဘု​ရား​ကို​မ​သိ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ လွှတ်​နိုင်'' ဟု​ဆို​လေ​၏။
And Pharaoh said, Who is Jehovah, that I should hearken unto his voice to let Israel go? I know not Jehovah, and moreover I will not let Israel go.
3 သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
And they said, The God of the Hebrews hath met with us: let us go, we pray thee, three days’ journey into the wilderness, and sacrifice unto Jehovah our God, lest he fall upon us with pestilence, or with the sword.
4 ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``ဤ​သူ​တို့​ကို​အ​ဘယ်​ကြောင့်​အ​လုပ် ပျက်​အောင်​ပြု​လို​ကြ​သ​နည်း။ အ​လုပ်​ခွင် သို့​ပြန်​ကြ​စေ။-
And the king of Egypt said unto them, Wherefore do ye, Moses and Aaron, loose the people from their works? get you unto your burdens.
5 သင်​တို့​လူ​မျိုး​သည်​အီ​ဂျစ်​လူ​မျိုး​တို့​ထက် များ​ပြား​လာ​ကြ​လေ​ပြီ။ ယ​ခု​သင်​တို့​အ​လုပ် မှ​ရပ်​နား​လို​ကြ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
And Pharaoh said, Behold, the people of the land are now many, and ye make them rest from their burdens.
6 ထို​နေ့​၌​ပင်​ဖာ​ရော​ဘု​ရင်​သည် အီ​ဂျစ်​အ​မျိုး သား​အုပ်​ချုပ်​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​အား၊-
And the same day Pharaoh commanded the taskmasters of the people, and their officers, saying,
7 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အုတ်​ဖုတ် ရန်​အ​တွက် ကောက်​ရိုး​ကို​ယ​ခင်​က​ကဲ့​သို့ မ​ပေး​ရ။ သူ​တို့​ကိုယ်​တိုင်​ရှာ​ယူ​ကြ​စေ။-
Ye shall no more give the people straw to make brick, as heretofore: let them go and gather straw for themselves.
8 သို့​ရာ​တွင်​သူ​တို့​ဖုတ်​ရ​မည့်​အုတ်​အ​ရေ အ​တွက်​မှာ ယ​ခင်​က​ထက်​မ​နည်း​စေ​ရ။ မည် သည့်​အ​ကြောင်း​ကြောင့်​မျှ​အ​ရေ​အ​တွက် မ​လျော့​စေ​ရ။ သူ​တို့​သည်​ပျင်း​၏။ ထို့​ကြောင့် သူ​တို့​က`ငါ​တို့​၏​ဘု​ရား​အား​ယဇ်​ပူ​ဇော် ရန်​သွား​ခွင့်​ပေး​ပါ' ဟု​တောင်း​ဆို​၏။-
And the number of the bricks, which they did make heretofore, ye shall lay upon them; ye shall not diminish aught thereof: for they are idle; therefore they cry, saying, Let us go and sacrifice to our God.
9 သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။
Let heavier work be laid upon the men, that they may labor therein; and let them not regard lying words.
10 ၁၀ အုပ်​ချုပ်​သူ​တို့​နှင့်​ဣ​သ​ရေ​လ​အ​လုပ်​ကြပ် တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​၍``ဖာ​ရော​ဘု​ရင်​က`ငါ​သည်​သင် တို့​အား​ကောက်​ရိုး​ကို​ပေး​တော့​မည်​မ​ဟုတ်။-
And the taskmasters of the people went out, and their officers, and they spake to the people, saying, Thus saith Pharaoh, I will not give you straw.
11 ၁၁ သင်​တို့​ကိုယ်​တိုင်​ကောက်​ရိုး​ရ​နိုင်​မည့်​အ​ရပ်​မှ ကောက်​ရိုး​ကို​ရှာ​ယူ​ရ​မည်။ သို့​ရာ​တွင်​သင်​တို့ ဖုတ်​ရ​မည့်​အုတ်​အ​ရေ​အ​တွက်​မှာ ယ​ခင်​က ထက်​မ​နည်း​စေ​ရ' ဟု​မိန့်​ကြား​တော်​မူ​သည်'' ဟူ​၍​ပြော​လေ​၏။-
Go yourselves, get you straw where ye can find it: for nought of your work shall be diminished.
12 ၁၂ ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-
So the people were scattered abroad throughout all the land of Egypt to gather stubble for straw.
13 ၁၃ အုပ်​ချုပ်​သူ​တို့​က``သင်​တို့​သည်​ကောက်​ရိုး​ရ စဉ်​က နေ့​စဉ်​ဖုတ်​ပြီး​သ​မျှ​အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း ယ​ခု​လည်း​ပြီး​စီး​စေ​ရ​မည်'' ဟု ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​သော့​ခိုင်း​လေ​၏။-
And the taskmasters were urgent saying, Fulfil your works, [your] daily tasks, as when there was straw.
14 ၁၄ အီ​ဂျစ်​အ​မျိုး​သား​အုပ်​ချုပ်​သူ​တို့​က ဣ​သ ရေ​လ​အ​မျိုး​သား​အ​လုပ်​ကြပ်​တို့​ကို​ရိုက် နှက်​လျက်``ယ​နေ့​သင်​တို့​သည်​အ​ဘယ်​ကြောင့် ယ​ခင်​အုတ်​အ​ရေ​အ​တွက်​နှုန်း​ကို​မီ​အောင် မ​ထုတ်​နိုင်​သ​နည်း'' ဟု​မေး​ကြ​၏။
And the officers of the children of Israel, whom Pharaoh’s taskmasters had set over them, were beaten, and demanded, Wherefore have ye not fulfilled your task both yesterday and to-day, in making brick as heretofore?
15 ၁၅ ထို​အ​ခါ​အ​လုပ်​ကြပ်​တို့​သည်​ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် တို့​အား​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ပါ​သ​နည်း။-
Then the officers of the children of Israel came and cried unto Pharaoh, saying, Wherefore dealest thou thus with thy servants?
16 ၁၆ ကိုယ်​တော်​ကျွန်​တို့​အား​ကောက်​ရိုး​ကို​မ​ပေး​ဘဲ အုတ်​ဖုတ်​ရ​မည်​ဟု​အ​မိန့်​ပေး​ပါ​သည်။ ကိုယ် တော်​ကြောင့်​ယ​ခု​ကိုယ်​တော်​ကျွန်​တို့​အ​ရိုက် အ​နှက်​ခံ​နေ​ရ​ပါ​သည်'' ဟု​လျှောက်​ထား ကြ​၏။
There is no straw given unto thy servants, and they say to us, Make brick: and, behold, thy servants are beaten; but the fault is in thine own people.
17 ၁၇ ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က``သင်​တို့​သည်​ပျင်း​၏။ အ​လွန်​ပျင်း​သော​ကြောင့်​သင်​တို့​က`အ​ကျွန်ုပ်​တို့ ၏​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ပါ ရ​စေ' ဟု​တောင်း​လျှောက်​ကြ​၏။-
But he said, Ye are idle, ye are idle: therefore ye say, Let us go and sacrifice to Jehovah.
18 ၁၈ အ​လုပ်​ခွင်​သို့​ပြန်​သွား​ကြ။ သင်​တို့​အား​ကောက် ရိုး​ပေး​မည်​မ​ဟုတ်။ သို့​သော်​ယ​ခင်​အုတ်​အ​ရေ အ​တွက်​နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်'' ဟု​မိန့် ကြား​လေ​၏။-
Go therefore now, and work; for there shall no straw be given you, yet shall ye deliver the number of bricks.
19 ၁၉ ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။
And the officers of the children of Israel did see that they were in evil case, when it was said, Ye shall not diminish aught from your bricks, [your] daily tasks.
20 ၂၀ သူ​တို့​သည်​ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ခွာ​လာ ကြ​သော​အ​ခါ သူ​တို့​အား​စောင့်​နေ​သော မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​တွေ့​လျှင်၊-
And they met Moses and Aaron, who stood in the way, as they came forth from Pharaoh:
21 ၂၁ ``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
and they said unto them, Jehovah look upon you, and judge: because ye have made our savor to be abhorred in the eyes of Pharaoh, and in the eyes of his servants, to put a sword in their hand to slay us.
22 ၂၂ ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့``အို အ​ရှင်​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သူ​တို့ ကို​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​စေ​လွှတ်​တော်​မူ​ပါ​သ​နည်း။-
And Moses returned unto Jehovah, and said, Lord, wherefore hast thou dealt ill with this people? why is it that thou hast sent me?
23 ၂၃ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ ဖာ​ရော​ဘု​ရင်​ထံ​လျှောက်​ထား​သည့်​အ​ချိန်​မှ စ​၍ သူ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိပ် စက်​ခဲ့​ပါ​ပြီ။ သို့​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​မည်​သည့်​အ​ကူ​အ​ညီ​ကို​မျှ မ​ပေး​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။
For since I came to Pharaoh to speak in thy name, he hath dealt ill with this people; neither hast thou delivered thy people at all.

< ထွက်မြောက်ရာ 5 >