< ထွက်မြောက်ရာ 39 >

1 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။
그들이 여호와께서 모세에게 명하신대로 청색, 자색, 홍색실로 성소에서 섬기기 위한 정교한 옷을 만들고 또 아론을 위한 거룩한 옷을 만들었더라
2 ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ပိတ်​ချော၊ အ​ပြာ ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​နှင့်​ရွှေ ချည်​တို့​ဖြင့်​ရက်​လုပ်​၏။-
그가 또 금실과, 청색, 자색, 홍색실과, 가늘게 꼰 베실로 에봇을 만들었으되
3 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​တွင်​အ​ပြား​ခတ်​ထား​သော​ရွှေ မှ​လှီး​သော​ရွှေ​ကြိုး​များ​ဖြင့်​ရက်​လုပ်​ထား​၏။-
금실을 얇게 쳐서 오려서 실을 만들어 청색, 자색, 홍색실과, 가는 베실에 섞어 공교히 짜고
4 သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-
에봇을 위하여 견대를 만들어 그 두 끝에 달아 서로 연하게 하고
5 ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-
에봇 위에 에봇을 매는 띠를 에봇과 같은 모양으로 금실과, 청색, 자색, 홍색실과, 가늘게 꼰 베실로 에봇에 붙여 짰으니 여호와께서 모세에게 명하신대로 하였더라
6 သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-
그들이 또 호마노를 깎아 금테에 물려 인을 새김 같이 이스라엘의 아들들의 이름을 그것에 새겨
7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ့် နှစ်​မျိုး​တို့​ကို​ကိုယ်​စား​ပြု​ရန်၊ ထို​ကျောက် များ​ကို​ပ​ခုံး​သိုင်း​ကြိုး​များ​ပေါ်​တွင်​တပ် ဆင်​ထား​ကြ​၏။
에봇 견대에 달아 이스라엘 자손의 기념 보석을 삼았으니 여호와께서 모세에게 명하신대로 하였더라
8 သူ​တို့​သည်​ရင်​ဖုံး​ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း များ​နှင့်​ချုပ်​၍ အ​လား​တူ​ပန်း​ထိုး​ထား​ကြ သည်။-
그가 또 흉패를 공교히 짜되 에봇과 같은 모양으로 금실과, 청색, 자색, 홍색실과, 가늘게 꼰 베실로 하였으니
9 ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား၊ အနံ မှာ​ကိုး​လက်​မ​စီ​ရှိ​သည်။-
그것의 장이 한 뼘, 광이 한 뼘으로 네모 반듯하고 두 겹이며
10 ၁၀ သူ​တို့​သည်​ထို​ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက် လေး​တန်း​တပ်​ဆင်​ထား​၏။ ပ​ထ​မ​အ​တန်း တွင်​ပတ္တမြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
그것에 네 줄 보석을 물렸으니 곧 홍보석, 황옥, 녹주옥이 첫 줄이요
11 ၁၁ ဒု​တိ​ယ​အ​တန်း​တွင်​မြ၊ နီ​လာ၊ စိန်၊
둘째 줄은 석류석, 남보석, 홍마노요
12 ၁၂ တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊
세째 줄은 호박, 백마노, 자수정이요
13 ၁၃ စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-
네째 줄은 녹보석, 호마노, 벽옥이라 다 금테에 물렸으니
14 ၁၄ ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-
이 보석들은 이스라엘 아들들의 이름 곧 그들의 이름대로 열 둘이라 인을 새김 같이 그 열 두 지파의 각 이름을 새겼으며
15 ၁၅ သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-
그들이 또 정금으로 사슬을 노끈처럼 땋아 흉패에 붙이고
16 ၁၆ ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-
또 금테 둘과 금고리 둘을 만들어 그 두 고리를 흉패 두 끝에 달고
17 ၁၇ ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-
그 두 땋은 금사슬을 흉패 끝 두 고리에 꿰어 매었으며
18 ၁၈ အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-
그 땋은 두 사슬의 다른 두 끝을 에봇 앞 두 견대의 금테에 매고
19 ၁၉ သူ​တို့​သည်​နောက်​ထပ်​ရွှေ​ကွင်း​ကို​ပြု​လုပ်​၍၊ သင်​တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက် ထောင့်​အ​တွင်း​နား​တွင်​တပ်​ထား​၏။-
또 금고리 둘을 만들어 흉패 두 끝에 달았으니 곧 그 에봇에 대한 안쪽 가에 달았으며
20 ၂၀ သူ​တို့​သည်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု လုပ်​၍၊ လှ​ပ​စွာ​ရက်​ထား​သော​ရင်​စည်း အ​ထက်၊ သင်​တိုင်း​၏​ပ​ခုံး​ကြိုး​နှစ်​ခု​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ထား​၏။-
또 금고리 둘을 만들어 에봇 앞 두 견대 아래 매는 자리 가까운편 곧 공교히 짠 에봇띠 윗편에 달고
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။
청색 끈으로 흉패 고리와 에봇 고리에 꿰어 흉패로 공교히 짠 에봇 띠 위에 붙여서 에봇을 떠나지 않게 하였으니 여호와께서 모세에게 명하신대로 하였더라
22 ၂၂ သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-
그가 에봇 받침 긴 옷을 전부 청색으로 짜서 만들되
23 ၂၃ ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-
그 옷의 두 어깨 사이에 구멍을 내고 갑옷 깃 같이 그 구멍 주위에 깃을 짜서 찢어지지 않게 하고
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း ဝတ်​ရုံ​၏​အောက်​နား​ပတ်​လည် တွင်​ပိတ်​ချော၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ ဆည်း​လည်း​များ​ကို​တစ်​လုံး​ကျော်​စီ​တပ် ဆင်​ထား​သည်။
청색, 자색, 홍색실과, 가는 베실로 그 옷 가장자리에 석류를 수 놓고
25 ၂၅
정금으로 방울을 만들어 그 옷 가장자리로 돌아가며 석류 사이 사이에 달되
26 ၂၆
방울과 석류를 서로 간격하여 공직하는 그 옷 가장자리로 돌아가며 달았으니 여호와께서 모세에게 명하신대로 하였더라
27 ၂၇ သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-
그들이 또 직조한 가는 베로 아론과 그 아들들을 위하여 속옷을 짓고
28 ၂၈ ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊
세마포로 두건을 짓고 세마포로 빛난 관을 만들고 가는 베실로 짜서 세마포 고의들을 만들고
29 ၂၉ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-
가는 베실과, 청색, 자색, 홍색실로 수 놓아 띠를 만들었으니 여호와께서 모세에게 명하신대로 하였더라
30 ၃၀ သူ​တို့​သည် ``ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ် ထား​သည်'' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ထွင်း ထား​သည်​ရွှေ​န​ဖူး​စည်း​ကို​ပြု​လုပ်​ကြ​၏။-
그들이 또 정금으로 거룩한 패를 만들고 인을 새김 같이 그 위에 여호와께 성결이라 새기고
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ထို​န​ဖူး​စည်း​ကို​ခေါင်း​ပေါင်း အ​ပေါ်​တွင်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ကြ​၏။
그 패를 청색 끈으로 관 전면에 달았으니 여호와께서 모세에게 명하신 대로 하였더라
32 ၃၂ နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​ဆိုင်​ရာ​လုပ်​ငန်း​အား​လုံး​ပြီး​စီး လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဆောင်​ရွက်​ကြ​၏။-
이스라엘 자손이 이와 같이 성막 곧 회막의 모든 역사를 준공하여 여호와께서 모세에게 명하신대로 다 행하고
33 ၃၃ သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-
그들이 성막을 모세에게로 가져왔으니 곧 막과, 그 모든 기구와, 그 갈고리들과, 그 널판들과, 그 띠들과, 그 기둥들과, 그 받침들과,
34 ၃၄ အ​နီ​ရောင်​ဆိုး​သိုး​ထီး​သား​ရေ​အ​မိုး၊ သား​ရေ​ချော​အ​မိုး​ကာ​ရန်​ကန့်​လန့်​ကာ၊-
붉은 물 들인 수양의 가죽 덮개와, 해달의 가죽 덮개와, 가리우는 장과,
35 ၃၅ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ် သေတ္တာ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏ ထမ်း​ပိုး​နှင့်​အ​ဖုံး​တို့​ကို​လည်း​ကောင်း၊-
증거궤와, 그 채들과, 속죄소와,
36 ၃၆ စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-
상과, 그 모든 기구와, 진설병과,
37 ၃၇ ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-
정금 등대와, 그 잔 곧 벌여놓은 등잔과, 그 모든 기구와, 등유와,
38 ၃၈ ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-
금단과, 관유와, 향기로운 향과, 장막 문장과,
39 ၃၉ ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-
놋단과, 그 놋 그물과, 그 채들과, 그 모든 기구와, 물두멍과, 그 받침과,
40 ၄၀ တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-
뜰의 포장들과, 그 기둥들과, 그 받침들과, 뜰문의 장과, 그 줄들과, 그 말뚝들과, 회막의 소용 곧 성막의 모든 기구와,
41 ၄၁ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-
성소에서 섬기기 위한 정교한 옷 곧 제사 직분을 행할 때에 입는 제사장 아론의 거룩한 옷과 그 아들들의 옷이라
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-
여호와께서 모세에게 명하신대로 이스라엘 자손이 모든 역사를 필하매
43 ၄၃ မော​ရှေ​သည်​သူ​တို့​လုပ်​ပြီး​သ​မျှ​ကို​စစ် ဆေး​၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လုပ်​ဆောင်​ကြ​ကြောင်း​တွေ့​မြင်​ရ​၏။ ထို့​ကြောင့်​မော​ရှေ​သည်​သူ​တို့​အား​ကောင်း​ချီး ပေး​လေ​၏။
모세가 그 필한 모든 것을 본즉 여호와께서 명하신대로 되었으므로 그들에게 축복하였더라

< ထွက်မြောက်ရာ 39 >