< ထွက်မြောက်ရာ 28 >
1 ၁ ``သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများဖြစ် သောနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ အထဲကရွေးထုတ်လော့။-
"Ja kutsu eteesi israelilaisten joukosta veljesi Aaron poikineen, että he pappeina palvelisivat minua, Aaron ja hänen poikansa Naadab ja Abihu, Eleasar ja Iitamar.
2 ၂ သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
Ja teetä veljellesi Aaronille pyhät vaatteet, kunniaksi ja kaunistukseksi.
3 ၃ အာရုန်သည်ငါ့ထံ၌ယဇ်ပုရောဟိတ်အဖြစ် ဆက်ကပ်၍ အမှုတော်ကိုထမ်းဆောင်နိုင်စေရန်၊ ငါကျွမ်းကျင်မှုပညာပေးထားသူတို့ကိုဆင့် ခေါ်၍သူ့အတွက်ဝတ်စုံကိုချုပ်စေရမည်။-
Ja puhuttele kaikkia taidollisia miehiä, jotka minä olen täyttänyt taidollisuuden hengellä, että he tekevät vaatteet Aaronille, jotta hänet pyhitettäisiin pappina palvelemaan minua.
4 ၄ ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
Ja nämä ovat ne vaatteet, jotka heidän on tehtävä: rintakilpi, kasukka, viitta, ruutuinen ihokas, käärelakki ja vyö. Ja he tehkööt sinun veljellesi Aaronille ja hänen pojilleen pyhät vaatteet, että he pappeina palvelisivat minua.
5 ၅ အတတ်ပညာရှင်တို့သည်ချုပ်လုပ်ရာ၌ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ရွှေချည်၊ ပိတ်ချော၊ တို့ကိုအသုံးပြုရမည်။
Ja he ottakoot tätä varten kultaa sekä punasinisiä, purppuranpunaisia ja helakanpunaisia lankoja ja valkoisia pellavalankoja.
6 ၆ ``သင်တိုင်းကိုအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေး၊ ရွှေချည်၊ ပိတ်ချောတို့နှင့်ချုပ် ၍ပန်းဖော်ထားရမည်။-
Kasukan he tehkööt kullasta sekä punasinisistä, purppuranpunaisista ja helakanpunaisista langoista ja kerratuista valkoisista pellavalangoista, taidokkaasti kutomalla.
7 ၇ သင်တိုင်းနှစ်စွန်းကိုဆက်စပ်ရန်ပခုံးသိုင်း ကြိုးနှစ်ပင်ရှိရမည်။-
Siinä olkoon kaksi yhdistettävää olkakappaletta, ja se kiinnitettäköön niihin molemmista päistään.
8 ၈ ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။-
Ja vyö, jolla kasukka kiinnitetään, olkoon tehty samalla tavalla ja samasta kappaleesta kuin se: kullasta sekä punasinisistä, purppuranpunaisista ja helakanpunaisista langoista ja kerratuista valkoisista pellavalangoista.
9 ၉ မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။-
Ota sitten kaksi onyks-kiveä ja kaiverra niihin Israelin poikien nimet,
10 ၁၀ တစ်လုံးပေါ်တွင်သားခြောက်ယောက်၏နာမည် များကိုကြီးစဉ်ငယ်လိုက်ထွင်း၍၊ အခြား ကျောက်တစ်လုံးပေါ်တွင် ကျန်သောသားခြောက် ယောက်၏နာမည်ကိုထွင်းရမည်။-
kuusi heidän nimeään toiseen kiveen ja toiset kuusi nimeä toiseen kiveen siinä järjestyksessä, kuin he ovat syntyneet.
11 ၁၁ ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
Niinkuin taidokkaasti hiotaan kiveä, kaiverretaan sinettisormuksia, niin kaiverra Israelin poikien nimet niihin kahteen kiveen. Ja kehystettäköön ne kultapalmikoimilla.
12 ၁၂ ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
Ja pane molemmat kivet kasukan olkakappaleihin kiviksi, jotka johdattavat muistoon israelilaiset; näin Aaron kantakoon heidän nimiänsä molemmilla olkapäillään Herran kasvojen edessä, että heitä muistettaisiin.
13 ၁၃ ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊-
Ja tee kultapalmikoimia
14 ၁၄ ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။
ja kahdet käädyt puhtaasta kullasta; tee ne punomalla, niinkuin punonnaista tehdään, ja kiinnitä punotut käädyt palmikoimiin.
15 ၁၅ ``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-
Ja jumalanvastausten rintakilpi tee taidokkaasti kutomalla; tee sekin samalla tavalla, kuin kasukka on tehty: tee se kullasta sekä punasinisistä, purppuranpunaisista ja helakanpunaisista langoista ja kerratuista valkoisista pellavalangoista.
16 ၁၆ ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။-
Se olkoon neliskulmainen ja taskun muotoon tehty, vaaksan pituinen ja vaaksan levyinen.
17 ၁၇ ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
Ja kiinnitä sen pintaan kiviä yliyltään, neljään riviin: ensimmäiseen riviin karneoli, topaasi ja smaragdi;
18 ၁၈ ဒုတိယအတန်းတွင် မြ၊ နီလာ၊ စိန်၊-
toiseen riviin rubiini, safiiri ja jaspis;
19 ၁၉ တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊-
kolmanteen riviin hyasintti, akaatti ja ametisti;
20 ၂၀ စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
ja neljänteen riviin krysoliitti, onyks ja berylli. Kultapalmikoimilla kehystettyinä kiinnitettäköön ne paikoilleen.
21 ၂၁ ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
Kiviä olkoon Israelin poikain nimien mukaan kaksitoista, yksi kutakin nimeä kohti; kussakin kivessä olkoon yksi kahdentoista sukukunnan nimistä, kaiverrettuna samalla tavalla, kuin kaiverretaan sinettisormuksia.
22 ၂၂ ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။-
Ja tee rintakilpeen puhtaasta kullasta käädyt, punotut, niinkuin punonnaista tehdään.
23 ၂၃ ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-
Ja tee rintakilpeen kaksi kultarengasta ja kiinnitä molemmat renkaat rintakilven kahteen yläkulmaan.
24 ၂၄ ရွှေကြိုးအစနှစ်စကိုကွင်းနှစ်ကွင်းတွင်တပ် ထားရမည်။-
Ja kiinnitä ne molemmat kultapunonnaiset kahteen renkaaseen rintakilven yläkulmiin.
25 ၂၅ အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။-
Ja kiinnitä molempien punonnaisten toiset kaksi päätä kahteen palmikoimaan ja kiinnitä nämä kasukan olkakappaleihin, sen etupuolelle.
26 ၂၆ ထိုနောက်ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်၍ သင် တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက်ထောင့် အတွင်းနားတွင်တပ်ဆင်ထားရမည်။-
Ja tee vielä kaksi kultarengasta ja pane ne rintakilven molempiin alakulmiin, sen sisäpuoliseen, kasukkaa vasten olevaan reunaan.
27 ၂၇ ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။-
Ja tee vieläkin kaksi kultarengasta ja kiinnitä ne kasukan molempiin olkakappaleihin, niiden alareunaan, etupuolelle, sauman kohdalle, kasukan vyön yläpuolelle.
28 ၂၈ ရင်ဖုံးမှကွင်းများကိုသင်တိုင်းမှကွင်းများ နှင့်ကြိုးပြာဖြင့်ချည်ထားသဖြင့်၊ ရင်ဖုံးသည် လျှောမကျဘဲရင်စည်းအထက်တွင်တည်မြဲ နေမည်။
Ja rintakilpi solmittakoon renkaistaan punasinisellä nauhalla kasukan renkaisiin, niin että se on kasukan vyön yläpuolella; näin rintakilpi ei irtaudu kasukasta.
29 ၂၉ ``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
Ja niin Aaron kantakoon jumalanvastausten rintakilvessä sydämensä päällä, astuessaan pyhäkköön, Israelin poikain nimet, että heidät alati johdatettaisiin muistoon Herran edessä.
30 ၃၀ အာရုန်သည်ငါ၏ရှေ့တော်သို့ဝင်သောအခါ ဥရိမ်နှင့်သုမိမ် ပါဆောင်လျက်ဝင်နိုင်စေရန်၊ သူ၏ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ်ကိုထည့်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ငါ၏အလိုတော် မည်သို့ရှိသည်ကို သိနိုင်ရန်အာရုန်သည်ငါ ၏ရှေ့တော်သို့ဝင်လာသောအခါတိုင်းဤ ရင်ဖုံးကိုဝတ်ဆင်ထားရမည်။
Ja pane jumalanvastausten rintakilpeen uurim ja tummim, niin että ne ovat Aaronin sydämen päällä, hänen astuessaan Herran eteen. Ja niin kantakoon Aaron Jumalan vastaukset israelilaisille sydämensä päällä aina Herran edessä ollessaan.
31 ၃၁ ``သင်တိုင်းပေါ်တွင်ဝတ်ရသောဝတ်ရုံကို သိုးမွေးအပြာဖြင့်ချုပ်လုပ်ရမည်။-
Kasukan viitta tee kokonaan punasinisistä langoista;
32 ၃၂ ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
ja sen keskellä olkoon pääntie, ja tämä pääntie ympäröitäköön kudotulla päärmeellä niinkuin haarniskan aukko, ettei se repeäisi.
33 ၃၃ ဝတ်ရုံအောက်နားပတ်လည်တစ်လျှောက်တွင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး သလဲသီးလုံးများနှင့်ရွှေဆည်းလည်းများ ကိုတစ်လုံးကျော်စီတပ်ဆင်ထားရမည်။-
Ja tee sen helmaan granaattiomenia punasinisistä, purppuranpunaisista ja helakanpunaisista langoista, ja kiinnitä ne helmaan ympärinsä ja niiden väliin kultatiukuja yltympäri,
vuorotellen kultatiuku ja granaattiomena, viitan helmaan ympärinsä.
35 ၃၅ အာရုန်သည်ယဇ်ပုရောဟိတ်အမှုကိစ္စကို ဆောင်ရွက်ရသည့်အခါ၌ ဤဝတ်ရုံကိုဝတ် ဆင်ရမည်။ သူသည်သန့်ရှင်းရာဌာနအတွင်း ငါ၏ရှေ့တော်သို့ဝင်သည့်အခါဖြစ်စေ၊ ထို နေရာမှထွက်လာသည့်အခါ၌ဖြစ်စေ ဆည်းလည်းသံများကိုကြားရမည်ဖြစ် သဖြင့်သူသည်သေဘေးမှလွတ်လိမ့်မည်။
Ja Aaron pitäköön sen yllään toimittaessaan virkaansa, niin että kuuluu, kun hän menee pyhäkköön Herran eteen ja tulee sieltä ulos, ettei hän kuolisi.
36 ၃၆ ``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
Tee myös otsakoriste puhtaasta kullasta ja kaiverra siihen, niinkuin sinettisormusta kaiverretaan, sanat: 'Herralle pyhitetty'.
37 ၃၇ နဖူးအထက်ခေါင်းပေါင်းပေါ်တွင်ထိုရွှေ ပြားကိုကြိုးပြာဖြင့်ချည်ထားရမည်။-
Ja sido se punasinisellä nauhalla, niin että se on kiinni käärelakissa; etupuolella käärelakkia se olkoon.
38 ၃၈ ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
Ja se olkoon Aaronin otsalla, niin että Aaron kantaa kaiken sen, mitä israelilaiset rikkovat uhratessaan pyhiä uhrejansa ja antaessaan pyhiä lahjojansa; ja se olkoon alati hänen otsallaan, että Herran mielisuosio tulisi heidän osaksensa.
39 ၃၉ ``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
Kudo myös ruutuinen ihokas valkoisista pellavalangoista, ja tee käärelakki valkoisista pellavalangoista, ja tee vyö kirjokudoksesta.
40 ၄၀ ``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။-
Ja Aaronin pojille tee ihokkaat ja vyöt; ja tee heille päähineet kunniaksi ja kaunistukseksi.
41 ၄၁ ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
Ja pue ne veljesi Aaronin ja hänen poikiensa ylle; ja voitele heidät ja vihi heidät virkaansa ja pyhitä heidät pappeina palvelemaan minua.
42 ၄၂ သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
Ja tee heille pellavakaatiot hävyn peitteeksi; ulottukoot ne lanteilta reisiin asti.
43 ၄၃ အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
Ja Aaron ja hänen poikansa pitäkööt ne yllään mennessänsä ilmestysmajaan, tahi kun he lähestyvät alttaria tehdäkseen palvelusta pyhäkössä, etteivät he joutuisi syynalaisiksi ja kuolisi. Tämä olkoon ikuinen säädös hänelle ja hänen jälkeläisilleen."