< ထွက်မြောက်ရာ 21 >

1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​ချက်​တို့​ကို​သတ်​မှတ်​ပေး​လော့။-
फिर जो नियम तुझे उनको समझाने हैं वे ये हैं।
2 ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-
“जब तुम कोई इब्री दास मोल लो, तब वह छः वर्ष तक सेवा करता रहे, और सातवें वर्ष स्वतंत्र होकर सेंत-मेंत चला जाए।
3 တစ်​စုံ​တစ်​ယောက်​သည်​ကျွန်​ဖြစ်​ပြီး​မှ​အိမ် ထောင်​ကျ​လျှင်၊ လွတ်​မြောက်​သည့်​အ​ခါ​သူ့ ဇ​နီး​ကို​ခေါ်​ဆောင်​မ​သွား​ရ။ သို့​ရာ​တွင်​သူ သည်​အိမ်​ထောင်​ရှိ​ပြီး​မှ​ကျွန်​ဖြစ်​လာ​လျှင်၊ သူ​လွတ်​မြောက်​သည့်​အ​ခါ​သူ့​ဇ​နီး​လည်း လွတ်​စေ​ရ​မည်။-
यदि वह अकेला आया हो, तो अकेला ही चला जाए; और यदि पत्नी सहित आया हो, तो उसके साथ उसकी पत्नी भी चली जाए।
4 သူ​၏​သ​ခင်​က​မိန်း​မ​နှင့်​စုံ​ဖက်​ပေး​သ​ဖြင့် သား​သ​မီး​များ​မွေး​ဖွား​လျှင်၊ ထို​မိန်း​မ​နှင့် သား​သ​မီး​တို့​ကို​သ​ခင်​ပိုင်​၏။ ထို့​ကြောင့်​သူ တစ်​ယောက်​တည်း​သာ​လွတ်​မြောက်​စေ​ရ​မည်။-
यदि उसके स्वामी ने उसको पत्नी दी हो और उससे उसके बेटे या बेटियाँ उत्पन्न हुई हों, तो उसकी पत्नी और बालक उस स्वामी के ही रहें, और वह अकेला चला जाए।
5 သို့​ရာ​တွင်​ထို​ကျွန်​က​သူ​၏​သ​ခင်၊ သူ​၏ ဇ​နီး​နှင့်​သား​သ​မီး​တို့​ကို​ချစ်​၍​လွတ် မြောက်​ခွင့်​မ​ယူ​လို​ပါ​က၊-
परन्तु यदि वह दास दृढ़ता से कहे, ‘मैं अपने स्वामी, और अपनी पत्नी, और बालकों से प्रेम रखता हूँ; इसलिए मैं स्वतंत्र होकर न चला जाऊँगा;’
6 သ​ခင်​က​သူ့​ကို​ဘု​ရား​ရှိ​ခိုး​ရာ​ဌာ​န​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။ ထို​ကျွန်​အား​တံ​ခါး​သို့​မ​ဟုတ် တံ​ခါး​တိုင်​အ​ထိ​ခေါ်​ဆောင်​ပြီး​လျှင် သူ​၏​နား ရွက်​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​နောက်​သူ​သည် သ​ခင်​ထံ​၌​တစ်​သက်​ပတ်​လုံး​ကျွန်​ခံ​ရ မည်။
तो उसका स्वामी उसको परमेश्वर के पास ले चले; फिर उसको द्वार के किवाड़ या बाजू के पास ले जाकर उसके कान में सुतारी से छेद करें; तब वह सदा उसकी सेवा करता रहे।
7 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​သ​မီး​ကို​ကျွန် အ​ဖြစ်​ရောင်း​လျှင်၊ ထို​ကျွန်​မိန်း​မ​သည်​ကျွန် ယောကျာ်း​တို့​ကဲ့​သို့​လွတ်​မြောက်​ခွင့်​မ​ရ​နိုင်။-
“यदि कोई अपनी बेटी को दासी होने के लिये बेच डालें, तो वह दासी के समान बाहर न जाए।
8 သ​ခင်​က​ထို​မိန်း​မ​ကို​မ​နှစ်​သက်​သ​ဖြင့် မ​ယား​အ​ဖြစ်​မ​ပေါင်း​လို​လျှင်၊ သူ့​ဖ​ခင်​က သူ့​ကို​ပြန်​၍​ရွေး​ယူ​စေ​ရ​မည်။ သ​ခင်​သည် ဝတ္တ​ရား​ပျက်​ကွက်​သ​ဖြင့်​ကျွန်​မ​ကို​အ​ခြား အ​မျိုး​သား​များ​လက်​သို့​ရောင်း​ခွင့်​မ​ရှိ​စေ ရ။-
यदि उसका स्वामी उसको अपनी पत्नी बनाए, और फिर उससे प्रसन्न न रहे, तो वह उसे दाम से छुड़ाई जाने दे; उसका विश्वासघात करने के बाद उसे विदेशी लोगों के हाथ बेचने का उसको अधिकार न होगा।
9 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-
यदि उसने उसे अपने बेटे को ब्याह दिया हो, तो उससे बेटी का सा व्यवहार करे।
10 ၁၀ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-
१०चाहे वह दूसरी पत्नी कर ले, तो भी वह उसका भोजन, वस्त्र, और संगति न घटाए।
11 ၁၁ အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။
११और यदि वह इन तीन बातों में घटी करे, तो वह स्त्री सेंत-मेंत बिना दाम चुकाए ही चली जाए।
12 ၁၂ ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-
१२“जो किसी मनुष्य को ऐसा मारे कि वह मर जाए, तो वह भी निश्चय मार डाला जाए।
13 ၁၃ သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-
१३यदि वह उसकी घात में न बैठा हो, और परमेश्वर की इच्छा ही से वह उसके हाथ में पड़ गया हो, तो ऐसे मारनेवाले के भागने के निमित्त मैं एक स्थान ठहराऊँगा जहाँ वह भाग जाए।
14 ၁၄ သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။
१४परन्तु यदि कोई ढिठाई से किसी पर चढ़ाई करके उसे छल से घात करे, तो उसको मार डालने के लिये मेरी वेदी के पास से भी अलग ले जाना।
15 ၁၅ ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။
१५“जो अपने पिता या माता को मारे-पीटे वह निश्चय मार डाला जाए।
16 ၁၆ ``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။
१६“जो किसी मनुष्य को चुराए, चाहे उसे ले जाकर बेच डाले, चाहे वह उसके पास पाया जाए, तो वह भी निश्चय मार डाला जाए।
17 ၁၇ ``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။
१७“जो अपने पिता या माता को श्राप दे वह भी निश्चय मार डाला जाए।
18 ၁၈ ``လူ​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ရာ​၌​တစ် ယောက်​သော​သူ​က အ​ခြား​တစ်​ယောက်​အား ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ လက်​သီး​နှင့်​ဖြစ်​စေ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​သက်​မ​သေ​ဘဲ၊ အ​ကယ်​၍​အ​ရိုက်​ခံ​ရ​သူ​သည်​အိပ်​ရာ​ထဲ ၌​နေ​ရ​လျှင်​သော်​လည်း​ကောင်း၊-
१८“यदि मनुष्य झगड़ते हों, और एक दूसरे को पत्थर या मुक्के से ऐसा मारे कि वह मरे नहीं परन्तु बिछौने पर पड़ा रहे,
19 ၁၉ ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။
१९तो जब वह उठकर लाठी के सहारे से बाहर चलने फिरने लगे, तब वह मारनेवाला निर्दोष ठहरे; उस दशा में वह उसके पड़े रहने के समय की हानि भर दे, और उसको भला चंगा भी करा दे।
20 ၂၀ ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကျွန်​ယောကျာ်း ကို​ဖြစ်​စေ၊ ကျွန်​မိန်း​မ​ကို​ဖြစ်​စေ​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ထို​ကျွန်​သေ​လျှင်​ထို​သူ​သည် အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။-
२०“यदि कोई अपने दास या दासी को सोंटे से ऐसा मारे कि वह उसके मारने से मर जाए, तब तो उसको निश्चय दण्ड दिया जाए।
21 ၂၁ သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။
२१परन्तु यदि वह दो एक दिन जीवित रहे, तो उसके स्वामी को दण्ड न दिया जाए; क्योंकि वह दास उसका धन है।
22 ၂၂ ``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-
२२“यदि मनुष्य आपस में मारपीट करके किसी गर्भवती स्त्री को ऐसी चोट पहुँचाए, कि उसका गर्भ गिर जाए, परन्तु और कुछ हानि न हो, तो मारनेवाले से उतना दण्ड लिया जाए जितना उस स्त्री का पति पंच की सम्मति से ठहराए।
23 ၂၃ သို့​ရာ​တွင်​မိန်း​မ​အား​အ​နာ​တ​ရ​ဖြစ်​စေ​လျှင် အ​သက်​အ​စား​အ​သက်၊-
२३परन्तु यदि उसको और कुछ हानि पहुँचे, तो प्राण के बदले प्राण का,
24 ၂၄ မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား၊ လက်​အ​စား​လက်၊ ခြေ​အ​စား​ခြေ၊-
२४और आँख के बदले आँख का, और दाँत के बदले दाँत का, और हाथ के बदले हाथ का, और पाँव के बदले पाँव का,
25 ၂၅ မီး​လောင်​ခြင်း​အ​စား​မီး​လောင်​ခြင်း၊ ထိ​ရှ ခြင်း​အ​စား​ထိ​ရှ​ခြင်း၊ ဒဏ်​ရာ​အ​စား​ဒဏ် ရာ​ကို​ခံ​စေ​ရ​မည်။
२५और दाग के बदले दाग का, और घाव के बदले घाव का, और मार के बदले मार का दण्ड हो।
26 ၂၆ ``သ​ခင်​က​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ ၏​မျက်​စိ​ကို​ရိုက်​သ​ဖြင့် မျက်​စိ​ပျက်​လျှင်​မျက်​စိ အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ်​မြောက် ခွင့်​ပေး​စေ။-
२६“जब कोई अपने दास या दासी की आँख पर ऐसा मारे कि फूट जाए, तो वह उसकी आँख के बदले उसे स्वतंत्र करके जाने दे।
27 ၂၇ သ​ခင်​က​ကျွန်​ကို​ရိုက်​၍​ကျွန်​၏​သွား​ကျိုး​လျှင် သွား​အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ် မြောက်​ခွင့်​ပေး​စေ။
२७और यदि वह अपने दास या दासी को मारकर उसका दाँत तोड़ डाले, तो वह उसके दाँत के बदले उसे स्वतंत्र करके जाने दे।
28 ၂၈ ``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-
२८“यदि बैल किसी पुरुष या स्त्री को ऐसा सींग मारे कि वह मर जाए, तो वह बैल तो निश्चय पथरवाह करके मार डाला जाए, और उसका माँस खाया न जाए; परन्तु बैल का स्वामी निर्दोष ठहरे।
29 ၂၉ အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-
२९परन्तु यदि उस बैल की पहले से सींग मारने की आदत पड़ी हो, और उसके स्वामी ने जताए जाने पर भी उसको न बाँध रखा हो, और वह किसी पुरुष या स्त्री को मार डाले, तब तो वह बैल पथरवाह किया जाए, और उसका स्वामी भी मार डाला जाए।
30 ၃၀ အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-
३०यदि उस पर छुड़ौती ठहराई जाए, तो प्राण छुड़ाने को जो कुछ उसके लिये ठहराया जाए उसे उतना ही देना पड़ेगा।
31 ၃၁ နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-
३१चाहे बैल ने किसी बेटे को, चाहे बेटी को मारा हो, तो भी इसी नियम के अनुसार उसके स्वामी के साथ व्यवहार किया जाए।
32 ၃၂ နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။
३२यदि बैल ने किसी दास या दासी को सींग मारा हो, तो बैल का स्वामी उस दास के स्वामी को तीस शेकेल रूपा दे, और वह बैल पथरवाह किया जाए।
33 ၃၃ ``လူ​တစ်​ဦး​သည်​တွင်း​တူး​၍​မ​ဖုံး​ဘဲ​ထား သ​ဖြင့် နွား​သို့​မ​ဟုတ်​မြည်း​တစ်​ကောင်​ထို​တွင်း သို့​ကျ​လျှင်၊-
३३“यदि कोई मनुष्य गड्ढा खोलकर या खोदकर उसको न ढाँपे, और उसमें किसी का बैल या गदहा गिर पड़े,
34 ၃၄ ပိုင်​ရှင်​အား​တိ​ရစ္ဆာန်​အ​သေ​ကောင်​အ​တွက် လျော်​ကြေး​ပေး​ဆောင်​၍​တိ​ရစ္ဆာန်​အ​သေ ကောင်​ကို​ပိုင်​စေ။-
३४तो जिसका वह गड्ढा हो वह उस हानि को भर दे; वह पशु के स्वामी को उसका मोल दे, और लोथ गड्ढेवाले की ठहरे।
35 ၃၅ လူ​တစ်​ဦး​၏​နွား​က​အ​ခြား​လူ​တစ်​ဦး​၏​နွား ကို​ဝှေ့​သတ်​လျှင် အ​သက်​ရှင်​သော​နွား​ကို​ရောင်း ၍​နွား​ပိုင်​ရှင်​နှစ်​ဦး​က​ငွေ​ကို​ခွဲ​ဝေ​ယူ​ရ​မည်။ နွား​သေ​၏​အ​သား​ကို​လည်း​ခွဲ​ဝေ​ယူ​ရ​ကြ မည်။-
३५“यदि किसी का बैल किसी दूसरे के बैल को ऐसी चोट लगाए, कि वह मर जाए, तो वे दोनों मनुष्य जीवित बैल को बेचकर उसका मोल आपस में आधा-आधा बाँट लें; और लोथ को भी वैसा ही बाँटें।
36 ၃၆ သို့​ရာ​တွင်​နွား​ပိုင်​ရှင်​က​မိ​မိ​၏​နွား​သည်​ဝှေ့ တတ်​ကြောင်း​ကို​သိ​လျက်​နှင့် ချည်​နှောင်​၍​မ ထား​ခဲ့​လျှင်​နွား​သေ​အ​တွက်​နွား​တစ်​ကောင် ကို​အ​စား​လျော်​၍​နွား​သေ​ကို​ပိုင်​စေ။
३६यदि यह प्रगट हो कि उस बैल की पहले से सींग मारने की आदत पड़ी थी, पर उसके स्वामी ने उसे बाँध नहीं रखा, तो निश्चय वह बैल के बदले बैल भर दे, पर लोथ उसी की ठहरे।

< ထွက်မြောက်ရာ 21 >