< ထွက်မြောက်ရာ 19 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။-
이스라엘 자손이 애굽 땅에서 나올 때부터 제 삼월 곧 그 때에 그들이 시내 광야에 이르니라
2 သူ​တို့​သည်​ရေ​ဒိမ်​အ​ရပ်​မှ​ထွက်​ခွာ​လာ​ပြီး နောက် သိ​နာ​တော​ကန္တာ​ရ​သို့​ဝင်​ရောက်​ကြ ပြီး​တောင်​ခြေ​ရင်း​တွင်​စ​ခန်း​ချ​ကြ​သည်။-
그들이 르비딤을 떠나 시내 광야에 이르러 그 광야에 장막을 치되 산 앞에 장막을 치니라
3 မော​ရှေ​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန် တောင်​ပေါ်​သို့​တက်​လေ​၏။ တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ ကို​ခေါ်​၍၊ ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ခိုင်း သည်​ကား၊-
모세가 하나님 앞에 올라가니 여호와께서 산에서 그를 불러 가라사대 너는 이같이 야곱 족속에게 이르고 이스라엘 자손에게 고하라
4 ``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-
나의 애굽 사람에게 어떻게 행하였음과 내가 어떻게 독수리 날개로 너희를 업어 내게로 인도하였음을 너희가 보았느니라
5 သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-
세계가 다 내게 속하였나니 너희가 내 말을 잘 듣고 내 언약을 지키면 너희는 열국 중에서 내 소유가 되겠고
6 သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
너희가 내게 대하여 제사장 나라가 되며 거룩한 백성이 되리라 너는 이 말을 이스라엘 자손에게 고할지니라!
7 သို့​ဖြစ်​၍​မော​ရှေ​သည်​တောင်​ပေါ်​က​ဆင်း​လာ ခဲ့​ပြီး​လျှင် ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ပြော​ကြား​လေ​၏။-
모세가 와서 백성의 장로들을 불러 여호와께서 자기에게 명하신 그 모든 말씀을 그 앞에 진술하니
8 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​လိုက် နာ​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ်​တည်း​ပြော​ကြား ကြ​၏။ မော​ရှေ​သည်​လည်း​လူ​အ​ပေါင်း​တို့​၏ ဖြေ​ကြား​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက် ထား​လေ​၏။
백성이 일제히 응답하여 가로되 `여호와의 명하신대로 우리가 다 행하리이다!' 모세가 백성의 말로 여호와께 회보하매
9 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-
여호와께서 모세에게 이르시되 내가 빽빽한 구름 가운데서 네게 일함은 내가 너와 말하는 것을 백성으로 듣게하며 또한 너를 영원히 믿게 하려함이니라 모세가 백성의 말로 여호와께 고하였으므로
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-
여호와께서 모세에게 이르시되 너는 백성에게로 가서 오늘과 내일 그들을 성결케 하며 그들로 옷을 빨고
11 ၁၁ တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-
예비하여 제 삼일을 기다리게 하라 이는 제 삼일에 나 여호와가 온 백성의 목전에 시내산에 강림할 것임이니
12 ၁၂ သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။-
너는 백성을 위하여 사면으로 지경을 정하고 이르기를 너희는 삼가 산에 오르거나 그 지경을 범하지 말지니 산을 범하는 자는 정녕 죽임을 당할 것이라
13 ၁၃ ထို​သူ​ကို​မည်​သူ​မျှ​လက်​နှင့်​မ​ထိ​ရ​ဘဲ ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ မြား​နှင့်​ဖြစ်​စေ​ပစ်​၍ သတ်​ရ​မည်။ အ​ဆို​ပါ​ပ​ညတ်​ချက်​ကို​ကူး လွန်​ခဲ့​လျှင်​လူ​သော်​လည်း​ကောင်း၊ တိ​ရစ္ဆာန် သော်​လည်း​ကောင်း​သေ​ဒဏ်​ခံ​ရ​မည်။ တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​သော​အ​ခါ​လူ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်'' ဟု​မိန့်​တော်​မူ ၏။
손을 그에게 댐이 없이 그런 자는 돌에 맞아 죽임을 당하거나 살에 쐬어 죽임을 당하리니 짐승이나 사람을 무론하고 살지 못하리라 나팔을 길게 불거든 산 앞에 이를 것이니라 하라
14 ၁၄ ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-
모세가 산에서 내려 백성에게 이르러 백성으로 성결케 하니 그들이 자기 옷을 빨더라
15 ၁၅ မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။
모세가 백성에게 이르되 `예비하여 제 삼일을 기다리고 여인을 가까이 말라' 하니라
16 ၁၆ တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-
제 삼일 아침에 우뢰와 번개와 빽빽한 구름이 산 위에 있고 나팔소리가 심히 크니 진중 모든 백성이 다 떨더라
17 ၁၇ ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန်​မော​ရှေ​သည် လူ​တို့​ကို​စ​ခန်း​မှ​ခေါ်​ဆောင်​လာ​သ​ဖြင့်၊ သူ​တို့​သည်​တောင်​ခြေ​၌​ရပ်​နေ​ကြ​၏။-
모세가 하나님을 맞으려고 백성을 거느리고 진에서 나오매 그들이 산 기슭에 섰더니
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-
시내산에 연기가 자욱하니 여호와께서 불 가운데서 거기 강림하심이라 그 연기가 옹기점 연기 같이 떠오르고 온 산이 크게 진동하며
19 ၁၉ တံ​ပိုး​မှုတ်​သံ​သည်​လည်း​ပို​၍​ကျယ်​လာ​၏။ မော​ရှေ​လျှောက်​ဆို​သည့်​အ​ခါ ဘု​ရား​သခင် သည်​မိုး​ကြိုး​သံ​ဖြင့်​ဖြေ​ကြား​တော်​မူ​၏။-
나팔 소리가 점점 커질 때에 모세가 말한즉 하나님이 음성으로 대답하시더라
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ထိပ်​ပေါ် သို့​ကြွ​ဆင်း​လာ​၍ မော​ရှေ​အား​တောင်​ထိပ် ပေါ်​သို့​ခေါ်​တော်​မူ​လျှင်​မော​ရှေ​တက်​သွား လေ​၏။-
여호와께서 시내산 곧 그 산꼭대기에 강림하시고 그리로 모세를 부르시니 모세가 올라 가매
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က​မောရှေ​အား``သင်​သည် တောင်​အောက်​သို့​ဆင်း​၍၊ လူ​တို့​ငါ့​ကို​ဖူး မြင်​ရန်​သတ်​မှတ်​ထား​သော​စည်း​ကို​ကျော် ဖြတ်​၍​မ​လာ​ရန်​သ​တိ​ပေး​လော့။ ဖြတ် ကျော်​လျှင်​လူ​အ​များ​သေ​ကြ​လိမ့်​မည်။-
여호와께서 모세에게 이르시되 내려가서 백성을 신칙하라 백성이 돌파하고 나 여호와께로 와서 보려고 하다가 많이 죽을까 하노라
22 ၂၂ ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
또 여호와께 가까이 하는 제사장들로 그 몸을 성결히 하게 하라 나 여호와가 그들을 돌격할까 하노라
23 ၂၃ ထို​အ​ခါ​မော​ရှေ​က ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော်​သည်​တောင်​ကို​သန့်​ရှင်း​ရာ​ဌာ​န​အ​ဖြစ် သတ်​မှတ်​၍ ပတ်​လည်​တွင်​စည်း​တား​ထား​စေ သော​ကြောင့်​လူ​တို့​သည်​တောင်​ပေါ်​သို့​မ​တက် နိုင်​ကြ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
모세가 여호와께 고하되 `주께서 우리에게 명하여 이르시기를 산사면에 지경을 세워 산을 거룩하게 하라 하셨사온즉 백성이 시내산에 오르지 못하리이다'
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​တောင်​အောက် သို့​ဆင်း​၍ အာ​ရုန်​ကို​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လူ​တို့​ကို​မူ​ကား ငါ့​ထံ သို့​ဝင်​ခြင်း​ငှာ​စည်း​ကို​မ​ဖြတ်​ကျော်​စေ​ရ။ စည်း​ကို​ဖောက်​ဖျက်​လျှင်​သူ​တို့​ကို​ဒဏ်​ခတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
여호와께서 그에게 이르시되 가라 너는 내려가서 아론과 함께 올라오고 제사장들과 백성에게는 돌파하고 나 여호와에게로 올라오지 못하게 하라 내가 그들을 돌격할까 하노라
25 ၂၅ ထို​အ​ခါ​မော​ရှေ​သည်​တောင်​အောက်​သို့​ဆင်း ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ​ကို​လူ​တို့ အား​ပြော​ကြား​လေ​၏။
모세가 백성에게 내려가서 그들에게 고하니라

< ထွက်မြောက်ရာ 19 >