< တရားဟောရာ 28 >
1 ၁ သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
Zgodilo se bo, če boš marljivo prisluhnil glasu Gospoda, svojega Boga, da obeležuješ in da izpolnjuješ vse njegove zapovedi, ki sem ti jih zapovedal ta dan, da te bo Gospod, tvoj Bog, postavil visoko, nad vse narode zemlje
2 ၂ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံလျှင်ကိုယ်တော်သည် အောက်ပါကောင်းချီးမင်္ဂလာအပေါင်းတို့ ကို သင်တို့အားခံစားစေတော်မူမည်။
in vsi ti blagoslovi bodo prišli nadte in te dosegli, če boš prisluhnil glasu Gospoda, svojega Boga.
3 ၃ ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်ယာများကိုကောင်းချီးပေးတော်မူမည်။
Blagoslovljen boš v mestu in blagoslovljen boš na polju.
4 ၄ ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
Blagoslovljen bo sad tvojega telesa in sad tvojih tal in sad tvoje živine, prireja tvojega goveda in tropov tvojih ovc.
5 ၅ ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲ သီးနှံ၊ ၎င်းမှရသောအစားအစာတို့ကို ကောင်းချီးပေးတော်မူမည်။
Blagoslovljena bo tvoja košara in tvoja shramba.
6 ၆ ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ တို့ကိုကောင်းချီးပေးတော်မူမည်။
Blagoslovljen boš, ko prihajaš in blagoslovljen boš, ko odhajaš.
7 ၇ ``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
Gospod bo tvojim sovražnikom, ki se dvignejo zoper tebe, povzročil da bodo udarjeni pred tvojim obrazom. Zoper tebe bodo prišli po eni poti, pred teboj bodo pobegnili po sedmih poteh.
8 ၈ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
Gospod bo zapovedal blagoslov nad teboj v tvojih skladiščih in vsemu temu, česar se loti tvoja roka, in blagoslovil te bo v deželi, ki ti jo daje Gospod, tvoj Bog.
9 ၉ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ၏အမိန့်ကိုနာခံ၍ ပညတ်ရှိသမျှကိုစောင့် ထိန်းလျှင် ကတိတော်အတိုင်းသင်တို့အား ကိုယ်တော်၏လူမျိုးတော်ဖြစ်စေမည်။-
Gospod te bo utrdil sebi za sveto ljudstvo, kakor ti je prisegel, če boš ohranjal zapovedi Gospoda, svojega Boga in hodil po njegovih poteh.
10 ၁၀ ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။-
Vse ljudstvo zemlje bo videlo, da si imenovan po Gospodovem imenu in se te bodo bali.
11 ၁၁ ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။-
Gospod te bo storil obilnega v dobrinah, v sadu tvojega telesa in v prireji tvoje živine in v sadu tvojih tal, v deželi, ki jo je Gospod prisegel tvojim očetom, da ti jo da.
12 ၁၂ ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။-
Gospod ti bo odprl svojo dobro zakladnico, nebo, da daje dež tvoji deželi v svojem obdobju in da blagoslovi vse delo tvoje roke in posojal boš mnogim narodom, ti pa si ne boš izposojal.
13 ၁၃ သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
Gospod te bo naredil za glavo in ne za rep. Ti boš samo zgoraj in ne boš spodaj, če boš prisluhnil zapovedim Gospoda, svojega Boga, ki sem ti jih zapovedal ta dan, da jih obeležuješ in izpolnjuješ
14 ၁၄ ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
in ne boš šel stran od katerekoli izmed besed, ki sem ti jih ta dan zapovedal, ne k desni roki ne k levi, da bi šel za drugimi bogovi, da jim služiš.
15 ၁၅ ``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Temveč se bo zgodilo, če ne boš prisluhnil glasu Gospoda, svojega Boga, da obeležuješ izvrševati vse njegove zapovedi in njegove zakone, ki sem ti jih ta dan zapovedal, da bodo nadte prišla vsa ta prekletstva in te dohitela.
16 ၁၆ ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်များကိုကျိန်စာသင့်စေတော်မူမည်။
Preklet boš v mestu in preklet boš na polju.
17 ၁၇ ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲသီးနှံ နှင့် ၎င်းမှရသောအစားအစာတို့ကိုကျိန်စာ သင့်စေတော်မူမည်။
Preklet bo tvoj koš in tvoja shramba.
18 ၁၈ ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။
Preklet bo sad tvojega telesa in sad tvoje dežele, prirast tvojega goveda in tropov tvojih ovc.
19 ၁၉ ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ ကိုကျိန်စာသင့်စေတော်မူမည်။-
Preklet boš, ko prihajaš in preklet boš, ko odhajaš.
20 ၂၀ ``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
Gospod bo nadte poslal prekletstvo, draženje in grajo v vsem, česar se lotiš s svojo roko, da bi storil, dokler ne boš uničen in dokler hitro ne premineš; zaradi zlobnosti svojih dejanj, s katerimi si me zapustil.
21 ၂၁ သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
Gospod bo storil, da se te bo trdno oklenila kužna bolezen, dokler te ne použije iz dežele, kamor greš, da jo vzameš v last.
22 ၂၂ ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
Gospod te bo udaril s sušico, z vročino, z vnetjem in z izjemno vročico, z mečem, s kvarjenjem in s plesnijo; in preganjale te bodo, dokler ne premineš.
23 ၂၃ မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
Tvoje nebo, ki je nad tvojo glavo, bo bron in zemlja, ki je pod teboj, bo železo.
24 ၂၄ ထာဝရဘုရားသည် မိုးရွာစေမည့်အစား ဖုံမုန်တိုင်း၊ သဲမုန်တိုင်းများကျရောက်စေ သဖြင့်သင်တို့သည်သေကြေပျက်စီးကုန် ကြလိမ့်မည်။
Gospod bo dež tvoje dežele spremenil v prašek in prah. Z neba bo padal nadte, dokler ne boš uničen.
25 ၂၅ ``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
Gospod ti bo povzročil, da boš udarjen pred svojimi sovražniki. Po eni poti boš šel ven zoper njih in po sedmih poteh boš bežal pred njimi in odstranjen boš v vsa kraljestva zemlje.
26 ၂၆ သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။-
Tvoje truplo bo hrana vsej perjadi neba in zemeljskim živalim in noben človek jih ne bo odganjal.
27 ၂၇ အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
Gospod te bo udaril z egiptovskimi mehurji, s hemoroídi, s krasto in s srbečico, od katerih ne moreš biti ozdravljen.
28 ၂၈ သင်တို့တွင်စိတ်ဖောက်ပြန်ခြင်း၊ မျက်စိကွယ် ခြင်း၊ တွေဝေခြင်းစသည့်အဖြစ်ဆိုးများ နှင့်တွေ့ကြုံရလိမ့်မည်။-
Gospod te bo udaril z norostjo, slepoto in osuplostjo srca.
29 ၂၉ နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
Opoldan boš tipal, kakor slepi tipa v temi in ne boš uspeval na svojih poteh in vselej boš samo zatiran in plenjen in noben človek te ne bo rešil.
30 ၃၀ ``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
Zaročil boš žensko, z njo pa bo ležal drug moški. Zgradil boš hišo, pa ne boš prebival v njej. Zasadil boš vinograd, pa ne boš obiral njegovega grozdja.
31 ၃၁ သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
Tvoj vol bo zaklan pred tvojimi očmi, pa od njega ne boš jedel. Tvoj osel bo nasilno vzet izpred tvojega obraza, pa ne bo povrnjen k tebi. Tvoje ovce bodo dane tvojim sovražnikom in nikogar ne boš imel, da jih reši.
32 ၃၂ သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
Tvoji sinovi in tvoje hčere bodo izročeni drugemu ljudstvu in tvoje oči bodo gledale in s hrepenenjem ves dan koprnele po njih, pa v tvoji roki ne bo nobene moči.
33 ၃၃ သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
Sad tvoje dežele in vse tvoje trude bo narod, ki ga ne poznaš, požrl in ti boš vedno samo zatiran in zdrobljen.
34 ၃၄ သင်တို့ခံရသောဆင်းရဲဒုက္ခကြောင့်သင် တို့ရူးသွပ်ကြလိမ့်မည်။-
Tako da boš besen zaradi prizora svojih oči, ki ga boš videl.
35 ၃၅ သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။
Gospod te bo v kolenih in v nogah udaril z bolečimi mehurji, ki ne morejo biti ozdravljeni, od podplata tvojega stopala do vrha tvoje glave.
36 ၃၆ ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Gospod in tvoj kralj, ki si ga boš postavil nadse, te bo privedel k narodu, ki ga nisi poznal niti ti niti tvoji očetje in tam boš služil drugim bogovom, lesu in kamnu.
37 ၃၇ သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
Postal boš osuplost, pregovor in tarča posmeha med vsemi narodi, kamor te bo vodil Gospod.
38 ၃၈ ``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။-
Na polje boš nosil obilje semena, zbral pa ga boš le malo, kajti to bo požrla leteča kobilica.
39 ၃၉ သင်တို့သည်စပျစ်ဥယျာဉ်များစိုက်ပျိုး ပြုစုသော်လည်း စပျစ်နွယ်များကိုပိုးကိုက် သဖြင့်စပျစ်သီးကိုမစားရ။ စပျစ်ရည်ကို လည်းမသောက်ရ။-
Sadil boš vinograde in jih obrezoval, toda niti ne boš pil od vina, niti nabiral grozdja, kajti ličinke jih bodo pojedle.
40 ၄၀ သင်တို့နေထိုင်ရာပြည်တွင်သံလွင်ပင်များ အနှံ့အပြားပေါက်လျက်ရှိမည်ဖြစ်သော် လည်း အသီးများကြွေကျကုန်သဖြင့်သင် တို့သည်သံလွင်သီးကိုမရနိုင်။-
Po vseh svojih pokrajinah boš imel oljke, toda sebe ne boš mazilil z oljem, ker bodo tvoje oljke odvrgle svoj sad.
41 ၄၁ သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
Zaplodil boš sinove in hčere, toda ne boš jih užival, ker bodo šli v ujetništvo.
42 ၄၂ သင်တို့၏သစ်ပင်နှင့်ကောက်ပဲသီးနှံရှိသမျှ တို့သည် ပိုးကျ၍ပျက်စီးကုန်လိမ့်မည်။
Vsa tvoja drevesa in sad tvoje dežele bo požrla leteča kobilica.
43 ၄၃ ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
Tujec, ki je znotraj tebe, se bo zelo visoko povzpel nadte, ti pa se boš spustil zelo nizko.
44 ၄၄ သူတို့သည်သင်တို့အားငွေချေးနိုင်ကြမည် ဖြစ်သော်လည်း သင်တို့၌မူကားသူတို့အား ချေးနိုင်စွမ်းရှိမည်မဟုတ်။ သူတို့သည်သင် တို့၏ခေါင်းဆောင်များဖြစ်၍ သင်တို့သည် သူတို့၏တပည့်များဖြစ်ကြလိမ့်မည်။
Posojal ti bo, ti pa njemu ne boš posojal. On bo glava, ti pa rep.
45 ၄၅ ``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-
Poleg tega bodo nadte prišla vsa ta prekletstva in te zasledovala in dosegla, dokler ne boš uničen, ker nisi prisluhnil glasu Gospoda, svojega Boga, da ohranjaš njegove zapovedi in njegove zakone, ki ti jih je zapovedal.
46 ၄၆ ထိုဘေးဒဏ်အပေါင်းကျရောက်လာလျှင် ယင်း တို့သည်ထာဝရဘုရား၏တရားစီရင်တော် မူချက်ဖြစ်ကြောင်း သင်နှင့်သင်၏အဆက် အနွယ်များအစဉ်အမြဲမှတ်သားထား ရမည်။-
Ta bodo na tebi za znamenje in za čudo in nad tvojim semenom na veke.
47 ၄၇ ထာဝရဘုရားသည်သင်တို့အားကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုချပေးသော်လည်း သင်တို့သည်ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်ရွှင်လန်းစွာမဆောင်ရွက်ကြ။-
Ker zaradi obilja vseh stvari nisi služil Gospodu, svojemu Bogu, z radostjo in z veseljem srca,
48 ၄၈ သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
zato boš služil svojim sovražnikom, ki jih bo Gospod poslal zoper tebe, v lakoti, v žeji, v nagoti in v pomanjkanju vseh stvari in na tvoj vrat bo položil železen jarem, dokler te ne uniči.
49 ၄၉ ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Gospod bo zoper tebe od daleč privedel narod, od konca zemlje, tako naglo, kakor leti orel. Narod, katerega jezika ne boš razumel,
50 ၅၀ သင်တို့အားကြီးငယ်မဟူမည်သူ့ကိုမျှ သနားညှာတာလိမ့်မည်မဟုတ်။-
narod krutega obličja, ki se ne bo oziral na osebo starca niti mladim izkazoval naklonjenosti.
51 ၅၁ သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
Jedel bo sad tvoje živine in sad tvoje dežele, dokler ne boš uničen, ki ti tudi ne bo pustil niti žita, vina ali olja ali prirasta tvojega goveda ali tropov tvojih ovc, dokler te ne uniči.
52 ၅၂ သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
Oblegal te bo v vseh tvojih velikih vratih, dokler se tvoji visoki in mogočni utrjeni zidovi, v katere si zaupal, ne zrušijo po vsej tvoji deželi in oblegal te bo v vseh tvojih velikih vratih, po vsej tvoji deželi, ki ti jo je dal Gospod, tvoj Bog.
53 ၅၃ ``ရန်သူတို့သည် သင်တို့၏မြို့များကိုဝိုင်း၍ တပ်ချထားသောအခါ သင်တို့သည်ဆာလောင် ငတ်မွတ်လှသဖြင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောသား သမီးများ၏အသားကိုပင်လျှင်စားကြ လိမ့်မည်။-
Jedel boš sad svojega lastnega telesa, meso svojih sinov in svojih hčera, ki ti jih je dal Gospod, tvoj Bog, ob obleganju in v tesnobi, s katero te bodo stiskali tvoji sovražniki,
54 ၅၄ ယင်းသို့မြို့ကိုရန်သူပိုင်ထားစဉ်ဆာလောင် ငတ်မွတ်သောသူသည် ယဉ်ကျေးသောသူပင် ဖြစ်လင့်ကစား မိမိသားသမီး၏အသား ကိုစားလိမ့်မည်။ သူသည်မိမိညီအစ်ကို၊ ချစ် သောဇနီး၊ ကျန်သောသားသမီးတို့အား ထိုအသားကိုဝေမျှ၍စားမည်မဟုတ်။-
tako da bo oko moža, ki je med vami nežen in zelo prefinjen, hudobno proti svojemu bratu in proti ženi svojega naročja in proti preostanku svojih otrok, ki jih bo pustil,
tako da nikomur izmed njih ne bo dal mesa svojih otrok, ki jih bo jedel, ker mu ob obleganju in v tesnobi, s katero te bodo stiskali tvoji sovražniki in vznemirjali v vseh tvojih velikih vratih, ničesar ne bo preostalo.
56 ၅၆ ယဉ်ကျေးသိမ်မွေ့၍ဥစ္စာပစ္စည်းကြွယ်ဝသဖြင့် မြေကိုခြေနှင့်မနင်းဘူးသောအမျိုးသမီး သည်ပင် မြို့ကိုရန်သူများဝိုင်း၍အစားအစာ ပြတ်လပ်သောအခါ မိမိမွေးစကလေး၏ အသားနှင့်အချင်းကိုလျှို့ဝှက်စွာစားကြ လိမ့်မည်။ ထိုကလေး၏အသားနှင့်အချင်း ကို မိမိချစ်သောခင်ပွန်းနှင့်သားသမီး တို့အားဝေမျှ၍စားမည်မဟုတ်၊
Oko nežne in prefinjene ženske med vami, ki zaradi prefinjenosti in nežnosti ne bi niti poskusila postaviti podplata svojega stopala na tla, bo hudobno napram soprogu svojega naročja in napram svojemu sinu in napram svoji hčeri
in napram svojemu otročičku, ki pride ven izmed njenih stopal in napram svojim otrokom, ki jih bo nosila, kajti na skrivaj jih bo jedla zaradi pomanjkanja vseh stvari, ob obleganju in tesnobi, s katero te bo tvoj sovražnik stiskal znotraj tvojih velikih vrat.
58 ၅၈ ``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-
Če ne boš obeleževal, da storiš vse besede te postave, ki so zapisane v tej knjigi, da bi se lahko bal tega slavnega in strašnega imena, GOSPODA, SVOJEGA BOGA,
59 ၅၉ ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။-
tedaj bo Gospod naredil tvoje nadloge in nadloge tvojega semena težke, celó velike nadloge in dolgo trajajoče in boleče bolezni in dolgo trajajoče.
60 ၆၀ အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။-
Poleg tega bo nadte privedel vse egiptovske bolezni, ki si se jih bal in te se te bodo trdno držale.
61 ၆၁ ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
Prav tako vsako bolezen in vsako nadlogo, ki ni zapisana v knjigi te postave, tudi te bo Gospod privedel nadte, dokler ne boš uničen.
62 ၆၂ သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-
Vas pa bo ostalo le malo po številu, medtem ko vas je bilo zaradi množice kakor zvezd neba, ker nisi hotel ubogati glasu Gospoda, svojega Boga.
63 ၆၃ ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
Zgodilo se bo, da kakor se je Gospod nad vami veselil, da vam stori dobro in vas množi, tako se bo Gospod nad vami veselil, da vas uniči in da vas privede v nič in vi boste izruvani iz dežele, kamor greš, da jo vzameš v last.
64 ၆၄ ``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
Gospod te bo razkropil med vsa ljudstva, od enega konca zemlje, celo do drugega in tam boš služil drugim bogovom, ki jih nisi poznal ne ti ne tvoji očetje, celó lesu in kamnu.
65 ၆၅ သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
Med tistimi narodi ne boš našel nobenega olajšanja niti podplat tvojega stopala ne bo imel počitka, temveč ti bo tam Gospod dal trepetajoče srce, pešajoče oči in umsko bolest
66 ၆၆ သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
in tvoje življenje bo pred teboj viselo v dvomu in bal se boš podnevi in ponoči in nobene gotovosti svojega življenja ne boš imel.
67 ၆၇ သင်တို့တွေ့မြင်နေရသမျှတို့ကြောင့် စိတ်တုန်လှုပ်ချောက်ချားလျက်ရှိလိမ့်မည်။ နံနက်တိုင်းသင်တို့သည်ညအချိန်ရောက် ပါစေဟူ၍လည်းကောင်း၊ ညနေတိုင်း၌ လည်းနံနက်အချိန်ရောက်ပါစေဟူ၍ လည်းကောင်းတမ်းတကြလိမ့်မည်။-
Zjutraj boš rekel: »Da bi Bog dal, da bi bil večer!« In zvečer boš rekel: »Da bi Bog dal, da bi bilo jutro!« Zaradi strahu svojega srca, s katerim se boš bal, in zaradi pogleda svojih oči, ki ga boš gledal.
68 ၆၈ ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။
Gospod te bo z ladjami ponovno privedel v Egipt, po poti, o kateri sem ti govoril: »Ne boš je več videl.« Tam boste prodani svojim sovražnikom za sužnje in sužnjice in noben mož vas ne bo kupil.