< တရားဟောရာ 22 >

1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​၏ နွား​သို့​မ​ဟုတ်​သိုး​တစ်​ကောင်​သည် မျက်​စိ လည်​လမ်း​မှား​နေ​သည်​ကို​တွေ့​ရ​လျှင် မ​မြင် ယောင်​ဆောင်​၍​မ​နေ​ဘဲ​ပိုင်​ရှင်​ထံ​သို့​ပြန် ပို့​ရ​မည်။-
Thou shalt not pass by if thou seest thy brother’s ox, or his sheep go astray: but thou shalt bring them back to thy brother.
2 ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-
And if thy brother be not nigh, or thou know him not: thou shalt bring them to thy house, and they shall be with thee until thy brother seek them, and receive them.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း​ဖြစ် စေ၊ အ​ဝတ်​အ​ထည်​ဖြစ်​စေ၊ အ​ခြား​အ​ရာ တစ်​စုံ​တစ်​ခု​ဖြစ်​စေ​ပျောက်​ဆုံး​၍ သင်​တွေ့ လျှင်​ထို​နည်း​အ​တိုင်း​ဆောင်​ရွက်​ရ​မည်။''
Thou shalt do in like manner with his ass, and with his raiment, and with every thing that is thy brother’s, which is lost: if thou find it, neglect it not as pertaining to another.
4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း သို့​မ​ဟုတ်​နွား​သည် လမ်း​ပေါ်​တွင်​လဲ​နေ လျှင်​သင်​သည်​မ​ကူ​ညီ​ဘဲ​မ​နေ​နှင့်။ ဝိုင်း ၍​ထူ​ပေး​လော့။''
If thou see thy brother’s ass or his ox to be fallen down in the way, thou shalt not slight it, but shalt lift it up with him.
5 ``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
A woman shall not be clothed with man’s apparel, neither shall a man use woman’s apparel: for he that doeth these things is abominable before God.
6 ``သင်​သည်​ငှက်​သိုက်​တစ်​ခု​ကို​သစ်​ပင်​ပေါ် ၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ တွေ့​၍ ငှက်​မ​သည်​ဥ​များ​သို့​မ​ဟုတ်​ငှက်​က​လေး များ​ပေါ်​တွင်​ဝပ်​နေ​လျှင် ငှက်​မ​ကို​မ​ဖမ်း ယူ​ရ။-
If thou find as thou walkest by the way, a bird’s nest in a tree, or on the ground, and the dam sitting upon the young or upon the eggs: thou shalt not take her with her young:
7 ငှက်​က​လေး​များ​ကို​မူ​ဖမ်း​ယူ​နိုင်​သည်။ သို့ ရာ​တွင်​ငှက်​မ​ကို​လွှတ်​ရ​မည်။ ထို​သို့​ပြု​လျှင် သင်​သည်​အ​သက်​ရှည်​၍​ကြွယ်​ဝ​ချမ်း​သာ လိမ့်​မည်။
But shalt let her go, keeping the young which thou hast caught: that it may be well with thee, and thou mayst live a long time.
8 ``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။
When thou buildest a new house, thou shalt make a battlement to the roof round about: lest blood be shed in thy house, and thou be guilty, if any one slip, and fall down headlong.
9 ``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။
Thou shalt not sow thy vineyard with divers seeds: lest both the seed which thou hast sown, and the fruit of the vineyard, be sanctified together.
10 ၁၀ ``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။
Thou shalt not plough with an ox and an ass together.
11 ၁၁ ``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။
Thou shalt not wear a garment that is woven of woollen and linen together.
12 ၁၂ ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။
Thou shalt make strings in the hem at the four corners of thy cloak, wherewith thou shalt be covered.
13 ၁၃ ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် မိန်း​မ တစ်​ယောက်​နှင့်​လက်​ထပ်​ပေါင်း​သင်း​ပြီး​နောက် ထို​မိန်းမ​ကို​မ​နှစ်​သက်​သ​ဖြင့် သူ​သည်​အ​ပျို မ​ဟုတ်​ဟူ​၍​မ​တ​ရား​စွပ်​စွဲ​သော်၊-
If a man marry a wife, and afterwards hate her,
14 ၁၄
And seek occasions to put her away, laying to her charge a very ill name, and say: I took this woman to wife, and going in to her, I found her not a virgin:
15 ၁၅ မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-
Her father and mother shall take her, and shall bring with them the tokens of her virginity to the ancients of the city that are in the gate:
16 ၁၆ ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-
And the father shall say: I gave my daughter unto this man to wife: and because he hateth her,
17 ၁၇ သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-
He layeth to her charge a very ill name, so as to say: I found not thy daughter a virgin: and behold these are the tokens of my daughter’s virginity. And they shall spread the cloth before the ancients of the city:
18 ၁၈ ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-
And the ancients of that city shall take that man, and beat him,
19 ၁၉ ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။
Condemning him besides in a hundred sides of silver, which he shall give to the damsel’s father, because he hath defamed by a very ill name a virgin of Israel: and he shall have her to wife, and may not put her away all the days of his life.
20 ၂၀ ``အ​ကယ်​၍​ထို​စွပ်​စွဲ​ချက်​သည်​မှန်​သ​ဖြင့် မိန်း​မ​သည်​အပျို​ဖြစ်​ကြောင်း​သက်​သေ အ​ထောက်​အ​ထား​မ​ပြ​နိုင်​လျှင်၊-
But if what he charged her with be true, and virginity be not found in the damsel:
21 ၂၁ မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။
They shall cast her out of the doors of her father’s house, and the men of the city shall stone her to death, and she shall die: because she hath done a wicked thing in Israel, to play the whore in her father’s house: and thou shalt take away the evil out of the midst of thee.
22 ၂၂ ``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။
If a man lie with another man’s wife, they shall both die, that is to say, the adulterer and the adulteress: and thou shalt take away the evil out of Israel.
23 ၂၃ ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့် မြို့​ထဲ​၌​ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ လျှင်၊-
If a man have espoused a damsel that is a virgin, and some one find her in the city, and lie with her,
24 ၂၄ သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။
Thou shalt bring them both out to the gate of that city, and they shall be stoned: the damsel, because she cried not out, being in the city: the man, because he hath humbled his neighbour’s wife. And thou shalt take away the evil from the midst of thee.
25 ၂၅ ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
But if a man find a damsel that is betrothed, in the field, and taking hold of her, lie with her, he alone shall die:
26 ၂၆ မိန်း​မ​သည်​သေ​ထိုက်​သော​အ​ပြစ်​မ​ကူး​လွန် သ​ဖြင့် သူ့​အား​ဒဏ်​မ​စီ​ရင်​စေ​ရ။ ဤ​အ​မှု သည်​ယောကျာ်း​တစ်​ဦး​က အ​ခြား​တစ်​ဦး​ကို ခိုက်​ရန်​ပြု​၍​သတ်​သော​အ​မှု​ကဲ့​သို့​ဖြစ် သည်။-
The damsel shall suffer nothing, neither is she guilty of death: for as a robber riseth against his brother, and taketh away his life, so also did the damsel suffer:
27 ၂၇ ထို​ယောကျာ်း​သည်​မိန်း​မ​အား​မြို့​ပြင်​၌ မု​ဒိမ်း​ကျင့်​သည်​ဖြစ်​ရာ မိန်း​မ​က​အော်​ဟစ် ၍​အ​ကူ​အ​ညီ​တောင်း​သော်​လည်း​သူ့​အား ကယ်​မည့်​သူ​မ​ရှိ​သ​ဖြင့်​သူ​၌​အ​ပြစ်​မ​ရှိ။
She was alone in the field: she cried, and there was no man to help her.
28 ၂၈ ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား​သူ​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား ခြင်း​မ​ရှိ​သော​မိန်း​မ​အား​မု​ဒိမ်း​ကျင့် သည်​ကို​မိ​လျှင်၊-
If a man find a damsel that is a virgin, who is not espoused, and taking her, lie with her, and the matter come to judgment:
29 ၂၉ သူ​သည်​ထို​မိန်း​မ​၏​ဖ​ခင်​အား မင်္ဂ​လာ​ကြေး ငွေ​သား​ငါး​ဆယ်​ပေး​လျော်​စေ​ရ​မည်။ ထို​သူ သည်​မိန်း​မ​နှင့်​အဋ္ဌမ္မ​ကာ​မ​စပ်​ယှက်​ခဲ့​သ​ဖြင့် မိ​မိ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်။ သူ အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​ထို မိန်း​မ​ကို​မ​ကွာ​ရှင်း​စေ​ရ။
He that lay with her shall give to the father of the maid fifty sides of silver, and shall have her to wife, because he hath humbled her: he may not put her away all the days of his life.
30 ၃၀ ``မည်​သူ​မျှ​မိ​မိ​ဖခင်​၏​မယား​တစ်​ဦး​ဦး နှင့်​ဖောက်​ပြန်​၍​ဖခင်​အား​အ​ရှက်​မ​ခွဲ စေ​ရ။
No man shall take his father’s wife, nor remove his covering.

< တရားဟောရာ 22 >