< တရားဟောရာ 2 >
1 ၁ ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
And we turned, and took our journey into the wilderness by the way of the Red sea, as Jehovah had said unto me; and we went round mount Seir many days.
2 ၂ ထိုအခါထာဝရဘုရားကငါ့အား၊
And Jehovah spoke to me, saying,
3 ၃ `သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။-
Ye have gone round this mountain long enough: turn you northward.
4 ၄ ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
And command the people, saying, Ye are to pass through the border of your brethren the children of Esau, who dwell in Seir; and they will be afraid of you; and ye shall be very guarded:
5 ၅ သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
attack them not; for I will not give you of their land, no, not so much as a foot-breadth; for I have given mount Seir as a possession unto Esau.
6 ၆ သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။''
Ye shall buy of them food for money, that ye may eat; and water shall ye also buy of them for money, that ye may drink;
7 ၇ ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
for Jehovah thy God hath blessed thee in all the work of thy hand. He hath known thy walking through this great wilderness: these forty years hath Jehovah thy God been with thee; thou hast lacked nothing.
8 ၈ ``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
And we passed by from our brethren the children of Esau, who dwelt in Seir, by the plain, by Elath, and by Ezion-geber, and we turned and passed by the way of the wilderness of Moab.
9 ၉ ထာဝရဘုရားသည်ငါ့အား`လောတ၏အဆက် အနွယ်များဖြစ်သောမောဘပြည်သားတို့ကို မနှောင့်ယှက်ကြနှင့်။ စစ်မတိုက်နှင့်။ ငါသည် သူတို့အားအာရမြို့ကိုအပိုင်ပေးထားပြီ ဖြစ်၍သူတို့၏မြေကိုသင်တို့အားငါမပေး' ဟုမိန့်တော်မူ၏။''
And Jehovah said to me, Distress not the Moabites, neither engage with them in battle; for I will not give thee of their land a possession; for unto the children of Lot have I given Ar as a possession.
10 ၁၀ (အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
(The Emim dwelt therein in times past, a people great, and many, and tall as the Anakim.
11 ၁၁ သူတို့သည်ထွားကြိုင်းသောအာနကလူကဲ့ သို့ အရပ်အမောင်းမြင့်မားသည်။ အာနကလူ အမျိုးကဲ့သို့သူတို့ကို ရီဖိမ်လူမျိုးဟူ၍ လည်းခေါ်တွင်ကြသည်။ သို့ရာတွင်မောဘ အမျိုးသားတို့က သူတို့အားဧမိမ်လူ မျိုးဟူ၍ခေါ်ကြသည်။-
They also are reckoned as giants like the Anakim; but the Moabites call them Emim.
12 ၁၂ ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)
And in Seir dwelt the Horites in times past; and the children of Esau dispossessed them, and destroyed them from before them, and dwelt in their stead; as Israel did to the land of their possession, which Jehovah gave to them.)
13 ၁၃ ``ထို့နောက်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်း ငါတို့သည်ဇေရက်မြစ် ကိုဖြတ်ကူးကြ၏။-
Now rise up, and pass over the torrent Zered. And we passed over the torrent Zered.
14 ၁၄ ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
Now the days in which we came from Kadesh-barnea, until we had come over the torrent Zered, were thirty-eight years; until the whole generation of the men of war was consumed from the midst of the camp, as Jehovah had sworn unto them.
15 ၁၅ သူတို့အားတစ်ယောက်မကျန်သေကြေပျက် စီးစေရန် ထာဝရဘုရား၏လက်ရုံးတော် သည်သူတို့တစ်ဘက်၌ရှိတော်မူ၏။''
Moreover the hand of Jehovah was against them to destroy them from the midst of the camp, until they were consumed.
16 ၁၆ ``စစ်သူရဲအပေါင်းတို့သေဆုံးကုန်ပြီးနောက်၊
And it came to pass when all the men of war were consumed, having died off from among the people,
that Jehovah spoke to me, saying,
18 ၁၈ `ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
Thou art to pass this day over the border of Moab, [which is] Ar,
19 ၁၉ သင်တို့သည်လောတ၏အဆက်အနွယ်များ ဖြစ်သော အမ္မုန်အမျိုးသားတို့နေထိုင်ရာပြည် အနီးသို့ရောက်ရှိကြလိမ့်မည်။ ငါသည်သူ တို့အားပေးထားတော်မူသောပြည်ကို သင် တို့ကိုပေးမည်မဟုတ်သောကြောင့်သူတို့ကို မနှောင့်ယှက်နှင့်၊ စစ်မတိုက်နှင့်' ဟုမိန့်တော် မူ၏။''
and come near over against the children of Ammon; thou shalt not distress them nor attack them; for I will not give thee of the land of the children of Ammon a possession; for unto the children of Lot have I given it as a possession.
20 ၂၀ (ယခင်အခါကရီဖိမ်လူမျိုးနေထိုင်ခဲ့သဖြင့် ထိုပြည်ကိုရီဖိမ်ပြည်ဟူ၍ခေါ်တွင်သည်။ အမ္မုန် အမျိုးသားတို့ကသူတို့ကိုဇံဇုမ္မိမ်ဟူ၍ခေါ် ကြသည်။-
(That also is reckoned a land of giants: giants dwelt therein in time past, and the Ammonites call them Zamzummim;
21 ၂၁ သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။-
a people great, and many, and tall as the Anakim; and Jehovah destroyed them before them, and they dispossessed them, and dwelt in their stead;
22 ၂၂ ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။-
as he did to the children of Esau, who dwelt in Seir, from before whom he destroyed the Horites; and they dispossessed them, and dwelt in their stead, even to this day.
23 ၂၃ ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။)
And the Avvites who dwelt in the hamlets as far as Gazah — the Caphtorim, who came out of Caphtor, destroyed them, and dwelt in their stead.)
24 ၂၄ ``ထာဝရဘုရားက`ယခုခရီးစထွက်၍ အာနုန်မြစ်ကိုကူးကြလော့။ ငါသည်ဟေရှ ဘုန်ဘုရင်အာမောရိအမျိုးသားရှိဟုန်နှင့် တကွ သူ၏တိုင်းပြည်ကိုသင်တို့၏လက်သို့ အပ်မည်။ သူ၏နယ်မြေကိုသိမ်းပိုက်ရန်စတင် ချီတက်တိုက်ခိုက်လော့။-
Rise up, take your journey, and pass over the river Arnon. Behold, I have given into thy hand Sihon the king of Heshbon, the Amorite, and his land: begin, take possession, and engage with him in battle.
25 ၂၅ ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
This day will I begin to put the dread of thee and the fear of thee upon the peoples under the whole heaven; who will hear report of thee, and will tremble, and quake because of thee.
26 ၂၆ ``ထို့နောက်ငါသည်ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်ထံသို့ သံတမန်တို့ ကိုစေလွှတ်လျက်၊-
And I sent messengers out of the wilderness of Kedemoth unto Sihon the king of Heshbon with words of peace, saying,
27 ၂၇ `ကျွန်ုပ်တို့အား သင်၏ပြည်ကိုဖြတ်သန်းခွင့်ပေး လော့။ ကျွန်ုပ်တို့သည် မင်းကြီး၏ပြည်ကိုလမ်းမ ကြီးအတိုင်းသာဖြတ်သန်းသွားပါမည်။-
Let me pass through thy land: by the highway alone will I go; I will neither turn to the right hand nor to the left.
28 ၂၈ ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။''
Thou shalt sell me food for money that I may eat; and thou shalt give me water for money that I may drink; I will only pass through on my feet,
— as the children of Esau who dwell in Seir, and the Moabites who dwell in Ar, did to me, — until I shall pass over the Jordan into the land which Jehovah our God giveth us.
30 ၃၀ ``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
But Sihon the king of Heshbon would not let us pass by him; for Jehovah thy God hardened his spirit, and made his heart obdurate, that he might give him into thy hand, as it is this day.
31 ၃၁ ``ထို့နောက်ထာဝရဘုရားက ငါ့အား`ငါသည် ရှိဟုန်ဘုရင်နှင့်သူ၏ပြည်ကိုသင်၏လက်သို့ အပ်တော်မူမည်။ သူ၏ပြည်ကိုသိမ်းယူလော့' ဟုမိန့်တော်မူ၏။-
And Jehovah said to me, Behold, I begin to give Sihon and his land before thee: begin, take possession, that thou mayest possess his land.
32 ၃၂ ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
And Sihon came out against us for battle, he and all his people, to Jahaz.
33 ၃၃ သို့ရာတွင်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ထိုမင်းကိုငါတို့၏လက်သို့အပ် သဖြင့် သူနှင့်သူ၏သားများနှင့်တကွစစ် သည်ဗိုလ်ပါအပေါင်းတို့ကို သတ်ဖြတ်သုတ် သင်ခဲ့ကြ၏။-
But Jehovah our God gave him up before us; and we smote him, and his sons, and his whole people.
34 ၃၄ ထိုအချိန်၌ပင်ငါတို့သည် သူတို့၏မြို့အား လုံးကိုသိမ်းပိုက်၍ဖျက်ဆီးကြ၏။ ယောကျာ်း၊ မိန်းမနှင့်၊ ကလေးသူငယ်အားလုံးတစ်ယောက် မကျန်သတ်ပစ်ကြ၏။-
And we took all his cities at that time, and utterly destroyed every city, men, and women, and little ones: we let none escape.
35 ၃၅ တိရစ္ဆာန်များနှင့်မြို့များရှိပစ္စည်းများကိုကား သိမ်းယူကြ၏။-
Only the cattle we took as booty for ourselves, and the spoil of the cities which we took.
36 ၃၆ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
From Aroer, which is on the bank of the river Arnon, and the city that is in the ravine even to Gilead, there was not one city too strong for us: Jehovah our God delivered all before us.
37 ၃၇ သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။''
Only thou didst not approach the land of the children of Ammon, the whole border of the river Jabbok, nor the cities of the mountain, nor to whatsoever Jehovah our God had forbidden us.