< ဒံယေလ 7 >

1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​ပ​ထ​မ​နှစ်​၌ ငါ​သည်​ညဥ့်​အ​ခါ​အိပ်​မက်​တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထို​အိပ်​မက်​၏​အ​ကြောင်း​ကို​ငါ​သည်​ဤ​သို့​မှတ်​တမ်း​ရေး​ထား​သ​တည်း။
W pierwszym roku Belszazara, króla Babilonu, Daniel miał sen i widzenia w swojej głowie na swoim łożu. Wtedy spisał [ten] sen i podał ogół rzeczy.
2 လေ​တို့​သည်​အ​ရပ်​လေး​မျက်​နှာ​မှ​တိုက်​ခတ်​သ​ဖြင့် သ​မုဒ္ဒ​ရာ​ရေ​ပြင်​တွင်​ပြင်း​စွာ​လှိုင်း​တံ​ပိုး​ထ​လေ​၏။-
Daniel powiedział: Oto co zobaczyłem w swoim widzeniu w nocy: Oto cztery wiatry niebieskie potykały się na wielkim morzu.
3 ထို​အ​ခါ​ပုံ​သဏ္ဌာန်​ချင်း​မ​တူ​သော​သား​ရဲ​ကြီး​လေး​ကောင်​တို့​သည်​သ​မုဒ္ဒ​ရာ​ထဲ​မှ​ထွက်​ပေါ်​လာ​၏။-
A cztery wielkie bestie wyszły z morza, jedna różniła się od drugiej.
4 ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။
Pierwsza była podobna do lwa i miała orle skrzydła. Przypatrywałem się jej, aż jej skrzydła zostały wyrwane i podniosła się z ziemi tak, że stanęła na nogach jak człowiek, a dano jej serce ludzkie.
5 ငါ​သည်​ဒု​တိ​ယ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​နောက်​ခြေ​နှစ်​ချောင်း​ဖြင့်​ရပ်​လျက်​နေ​သော​ဝက်​ဝံ​နှင့်​တူ​၏။ သူ​၏​ပါး​စပ်​တွင်​နံ​ရိုး​သုံး​ချောင်း​ကို​ကိုက်​၍​ထား​၏။ အ​သံ​တစ်​ခု​က​သူ့​အား``အ​သား​ကို​ဝ​အောင်​စား​လော့'' ဟု​ဆို​၏။
Potem oto druga bestia, podobna do niedźwiedzia. I stanęła na jednym boku, [mając] trzy żebra w paszczy między zębami. I tak mówiono do niej: Wstań, pożeraj dużo mięsa.
6 ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။
Potem spojrzałem, a oto inna [bestia], podobna do pantery, która miała cztery ptasie skrzydła na grzbiecie. Bestia miała także cztery głowy i dano jej władzę.
7 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​စ​တုတ္ထ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ခွန်​အား​ကြီး​၍​ထိတ်​လန့်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ သူ​၏​သွား​ကြီး​များ​ဖြင့်​ရန်​သူ​တို့​ကို​ကိုက်​ဝါး​ကာ​ခြေ​ဖြင့်​နင်း​ချေ​၏။ ဤ​သား​ရဲ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​ချေ။ သူ့​မှာ​ဦး​ချို​ဆယ်​ချောင်း​ရှိ​၏။-
Potem widziałem w nocnych widzeniach: Oto czwarta bestia, straszna, przerażająca i bardzo silna, mająca wielkie żelazne zęby. Pożerała i miażdżyła, a resztę deptała swoimi nogami. Różniła się od wszystkich bestii, które były przed nią, i miała dziesięć rogów.
8 ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့​အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ​ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့​မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​၏။
Uważnie przypatrywałem się rogom, a oto mały róg wyrósł między nimi i trzy spośród tych pierwszych rogów zostały wyrwane przed nim. A oto w tym rogu [były] oczy podobne do oczu ludzkich i usta mówiące wielkie rzeczy.
9 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-
I patrzyłem, aż trony zostały postawione, a Odwieczny zasiadł; jego szata [była] biała jak śnieg, a włosy jego głowy [jak] czysta wełna, jego tron jak ogniste płomienie, [a] jego koła [jak] płonący ogień.
10 ၁၀ ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။
Strumień ognia wypływał i tryskał sprzed niego. Tysiąc tysięcy służyło mu, a dziesięć tysięcy po dziesięć tysięcy stało przed nim. Sąd zasiadł i otwarto księgi.
11 ၁၁ ငါ​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ဦး​ချို​ငယ်​သည်​ကြွား​ဝါ​လျက်​ပင်​ရှိ​နေ​သေး​၏။ ထို​အ​ချိန်​၌​စ​တုတ္ထ​သား​ရဲ​သည်​အ​သတ်​ခံ​ရ​၍​သူ​၏​ကိုယ်​ခန္ဓာ​သည်​မီး​ရှို့​၍​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လေ​သည်။-
Wtedy patrzyłem z powodu głosu wielkich słów, które wypowiedział róg. Przypatrywałem się, aż bestia została zabita, a jej ciało zniszczone i wydane na spalenie w ogniu.
12 ၁၂ အ​ခြား​သား​ရဲ​တို့​သည်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​များ​ရုပ်​သိမ်း​ခြင်း​ခံ​ကြ​ရ​သော်​လည်း အ​ချိန်​အ​ကန့်​အ​သတ်​နှင့်​ဆက်​လက်​၍​အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လေ​သည်။
Także i pozostałym bestiom odebrano władzę i dano im przedłużenie życia aż do zamierzonego okresu i czasu.
13 ၁၃ ညဥ့်​အ​ခါ​ထို​ရူ​ပါ​ရုံ​တွင်​ငါ​သည်​လူ​သား​နှင့်​တူ​သူ​တစ်​ဦး​ကို​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ခြံ​ရံ​ကာ​ငါ့​ထံ​သို့​ချဉ်း​ကပ်​လာ​၏။ ထို​နောက်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ထံ​တော်​သို့​ရောက်​ရှိ​သွား​သ​ဖြင့်​သူ​သည်​ကိုယ်​တော်​၏​ရှေ့​တော်​သို့​ဝင်​ခွင့်​ရ​လေ​သည်။-
Widziałem [też] w nocnym widzeniu: Oto w obłokach nieba przybył ktoś podobny do Syna Człowieka, przyszedł aż do Odwiecznego i przyprowadzono go przed niego.
14 ၁၄ ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။
I dano mu władzę, cześć i królestwo, aby wszyscy ludzie, [wszystkie] narody i języki służyli mu. Jego władza jest władzą wieczną, która nie przeminie, a jego królestwo nie będzie zniszczone.
15 ၁၅ ငါ​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကြောင့် ငါ​သည်​ထိတ်​လန့်​၍​လာ​သ​ဖြင့်​စိတ်​ချောက်​ချား​ကာ၊-
I ja, Daniel, zatrwożyłem się w duchu, w środku [mego] ciała, a widzenia w mojej głowie przestraszyły mnie.
16 ၁၆ ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။-
Wtedy zbliżyłem się do jednego z tych, którzy tam stali, i pytałem go o prawdziwość tego wszystkiego. I powiedział mi, i oznajmił mi znaczenie [tych] rzeczy.
17 ၁၇ ထို​သူ​က``ထို​သား​ရဲ​ကြီး​လေး​ကောင်​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​အင်​ပါ​ယာ​နိုင်​ငံ​လေး​ခု​ဖြစ်​၏။-
Te wielkie bestie, w liczbie czterech, to czterej królowie, [którzy] powstaną z ziemi.
18 ၁၈ သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။
Ale święci Najwyższego wezmą królestwo i posiądą je na wieki, aż na wieki wieków.
19 ၁၉ ထို​နောက်​ငါ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​တ​မူ​ထူး​ခြား​လျက်​ကြေး​ဝါ​လက်​သည်း​များ​နှင့်​သံ​သွား​များ​ဖြင့် ရန်​သူ​ကို​ကိုက်​စား​နင်း​ချေ​တတ်​သော​စ​တုတ္ထ​သား​ရဲ​၏​အ​ကြောင်း​ကို​သိ​လို​၏။-
Wtedy pragnąłem poznać prawdę o czwartej bestii, która różniła się od wszystkich innych, straszna nad miarę, której zęby [były] żelazne, a pazury z brązu; która pożerała [i] miażdżyła, a resztę deptała swoimi nogami;
20 ၂၀ ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို​ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက်​မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား​ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း​သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း​သိ​လို​၏။
Także o tych dziesięciu rogach, które były na jej głowie, i o innym, który wyrósł, przed którym upadły trzy, o tym [właśnie] rogu, który miał oczy i usta mówiące wielkie rzeczy, a wyglądał na większy od innych rogów.
21 ၂၁ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ဦး​ချို​ငယ်​သည်​ဘု​ရား​သခင်​၏​လူ​မျိုး​တော်​တို့​အား စ​တင်​တိုက်​ခိုက်​၍​နိုင်​လေ​၏။-
I przypatrywałem się, a oto ten róg walczył ze świętymi i przemagał ich;
22 ၂၂ ထို​အ​ခါ​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​သည်​ရောက်​ရှိ​လာ​လျက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​များ​ဘက်​မှ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။ ရာ​ဇ​ဝတ်​တန်​ခိုး​အာ​ဏာ​ကို​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် ခံ​ယူ​ရ​ရှိ​မည့်​အ​ချိန်​ကား​ကျ​ရောက်​လာ​လေ​ပြီ။
Aż przyszedł Odwieczny i oddano sąd świętym Najwyższego; i nadszedł czas, aby święci otrzymali królestwo.
23 ၂၃ ထို​သူ​က``စ​တုတ္ထ​သား​ရဲ​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​စ​တုတ္ထ​မြောက်​အင်​ပါ​ယာ​နိုင်​ငံ​ဖြစ်​၍​အ​ခြား​နိုင်​ငံ​အ​ပေါင်း​နှင့်​ကွာ​ခြား​လိမ့်​မည်။ ယင်း​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ကို​ဝါး​မြို​ကာ​ခြေ​ဖြင့်​နင်း​၍​ချေ​မှုန်း​လိမ့်​မည်။-
I powiedział tak: Czwarta bestia oznacza czwarte królestwo na ziemi, które będzie różniło się od wszystkich królestw, i pożre całą ziemię, podepcze i zmiażdży ją.
24 ၂၄ ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။-
A dziesięć rogów [oznacza], że z tego królestwa powstanie dziesięciu królów, a po nich powstanie inny, który będzie różnił się od pierwszych i poniży trzech królów;
25 ၂၅ သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။-
Będzie mówił słowa przeciw Najwyższemu i wytracał świętych Najwyższego; będzie zamierzał zmienić czasy i prawa, gdyż będą wydane w jego ręce aż do czasu, czasów i połowy czasu.
26 ၂၆ ထို​နောက်​ကောင်း​ကင်​ရုံး​တော်​မှ​တ​ရား​စီ​ရင်​ချက်​ချ​မှတ်​ကာ သူ​၏​တန်​ခိုး​အာ​ဏာ​ကို​ရုတ်​သိမ်း​၍​သူ့​အား​လုံး​ဝ​သုတ်​သင်​ပယ်​ရှား​လိမ့်​မည်။-
Potem zasiądzie sąd i tam odbiorą mu władzę, aby została zniszczona i wytracona aż do końca.
27 ၂၇ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​သည် ကမ္ဘာ​မြေ​ပေါ်​ရှိ​နိုင်​ငံ​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​အာ​ဏာ​စက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ပ​ပျောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သူ​တို့​၏​အ​စေ​ကို​ခံ​၍​သူ​တို့​၏​အ​မိန့်​ကို​နာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​၏။
A królestwo, władza i wielkość królestwa pod całym niebem zostaną oddane ludowi świętych Najwyższego, którego królestwo będzie królestwem wiecznym, a wszystkie zwierzchności będą mu służyć i jego słuchać.
28 ၂၈ ငါ​၏​အိပ်​မက်​နှင့်​သက်​ဆိုင်​သော​အ​ကြောင်း​အ​ရာ​များ​ကား​ဤ​တွင်​ပြီး​သ​တည်း။ ငါ​သည်​လွန်​စွာ​ထိတ်​လန့်​သ​ဖြင့်​မျက်​နှာ​ညှိုး​ငယ်​၍​သွား​၏။ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​စိတ်​တွင်​မှတ်​ကျုံး​ထား​၏။
Tutaj jest koniec tych słów. [A] mnie Daniela bardzo zatrwożyły moje myśli i moje oblicze zmieniło się. Zachowałem jednak tę sprawę w swoim sercu.

< ဒံယေလ 7 >