< တမန်တော်ဝတ္ထု 4 >

1 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။-
Λαλούντων δὲ αὐτῶν πρὸς τὸν λαόν, ἐπέστησαν αὐτοῖς οἱ ἱερεῖς καὶ ὁ στρατηγὸς τοῦ ἱεροῦ καὶ οἱ Σαδδουκαῖοι,
2 တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။-
διαπονούμενοι διὰ τὸ διδάσκειν αὐτοὺς τὸν λαόν, καὶ καταγγέλλειν ἐν τῷ Ἰησοῦ τὴν ἀνάστασιν τὴν ἐκ νεκρῶν.
3 သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။-
Καὶ ἐπέβαλον αὐτοῖς τὰς χεῖρας, καὶ ἔθεντο εἰς τήρησιν εἰς τὴν αὔριον· ἦν γὰρ ἑσπέρα ἤδη.
4 သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။
Πολλοὶ δὲ τῶν ἀκουσάντων τὸν λόγον ἐπίστευσαν· καὶ ἐγενήθη ὁ ἀριθμὸς τῶν ἀνδρῶν ὡσεὶ χιλιάδες πέντε.
5 နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊-
Ἐγένετο δὲ ἐπὶ τὴν αὔριον συναχθῆναι αὐτῶν τοὺς ἄρχοντας καὶ πρεσβυτέρους καὶ γραμματεῖς εἰς Ἱερουσαλήμ,
6 ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။-
καὶ Ἄνναν τὸν ἀρχιερέα, καὶ Καϊάφαν, καὶ Ἰωάννην, καὶ Ἀλέξανδρον, καὶ ὅσοι ἦσαν ἐκ γένους ἀρχιερατικοῦ.
7 ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
Καὶ στήσαντες αὐτοὺς ἐν τῷ μέσῳ ἐπυνθάνοντο, Ἐν ποίᾳ δυνάμει ἢ ἐν ποίῳ ὀνόματι ἐποιήσατε τοῦτο ὑμεῖς;
8 ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊-
Τότε Πέτρος πλησθεὶς πνεύματος ἁγίου εἶπε πρὸς αὐτούς, Ἄρχοντες τοῦ λαοῦ καὶ πρεσβύτεροι τοῦ Ἰσραήλ,
9 ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။-
εἰ ἡμεῖς σήμερον ἀνακρινόμεθα ἐπὶ εὐεργεσίᾳ ἀνθρώπου ἀσθενοῦς, ἐν τίνι οὗτος σέσῳσται·
10 ၁၀ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။
γνωστὸν ἔστω πᾶσιν ὑμῖν καὶ παντὶ τῷ λαῷ Ἰσραήλ, ὅτι ἐν τῷ ὀνόματι Ἰησοῦ Χριστοῦ τοῦ Ναζωραίου, ὃν ὑμεῖς ἐσταυρώσατε, ὃν ὁ Θεὸς ἤγειρεν ἐκ νεκρῶν, ἐν τούτῳ οὗτος παρέστηκεν ἐνώπιον ὑμῶν ὑγιής.
11 ၁၁ `တိုက်​ကို​တည်​ဆောက်​ရာ​တွင် သင်​တို့​ပယ်​ထား​သည့်​ကျောက်​သည် အ​ရေး​ကြီး​ဆုံး​ဖြစ်​သည့်​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟု​ကျမ်း​စာ​က​ရည်​ညွန်း​သူ​မှာ​ထို​အ​ရှင် ဖြစ်​သည်။-
Οὗτός ἐστιν ὁ λίθος ὁ ἐξουθενηθεὶς ὑφ᾿ ὑμῶν τῶν οἰκοδομούντων, ὁ γενόμενος εἰς κεφαλὴν γωνίας.
12 ၁၂ ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။
Καὶ οὐκ ἔστιν ἐν ἄλλῳ οὐδενὶ ἡ σωτηρία· οὔτε γὰρ ὄνομά ἐστιν ἕτερον ὑπὸ τὸν οὐρανὸν τὸ δεδομένον ἐν ἀνθρώποις, ἐν ᾧ δεῖ σωθῆναι ἡμᾶς.
13 ၁၃ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-
Θεωροῦντες δὲ τὴν τοῦ Πέτρου παρρησίαν καὶ Ἰωάννου, καὶ καταλαβόμενοι ὅτι ἄνθρωποι ἀγράμματοί εἰσι καὶ ἰδιῶται, ἐθαύμαζον, ἐπεγίνωσκόν τε αὐτοὺς ὅτι σὺν τῷ Ἰησοῦ ἦσαν.
14 ၁၄ သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။-
Τὸν δὲ ἄνθρωπον βλέποντες σὺν αὐτοῖς ἑστῶτα τὸν τεθεραπευμένον, οὐδὲν εἶχον ἀντειπεῖν.
15 ၁၅ သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။-
Κελεύσαντες δὲ αὐτοὺς ἔξω τοῦ συνεδρίου ἀπελθεῖν, συνέβαλον πρὸς ἀλλήλους,
16 ၁၆ ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။-
λέγοντες, Τί ποιήσομεν τοῖς ἀνθρώποις τούτοις; Ὅτι μὲν γὰρ γνωστὸν σημεῖον γέγονε δι᾿ αὐτῶν, πᾶσι τοῖς κατοικοῦσιν Ἱερουσαλὴμ φανερόν, καὶ οὐ δυνάμεθα ἀρνήσασθαι.
17 ၁၇ သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''
Ἀλλ᾿ ἵνα μὴ ἐπὶ πλεῖον διανεμηθῇ εἰς τὸν λαόν, ἀπειλῇ ἀπειλησώμεθα αὐτοῖς μηκέτι λαλεῖν ἐπὶ τῷ ὀνόματι τούτῳ μηδενὶ ἀνθρώπων.
18 ၁၈ ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။-
Καὶ καλέσαντες αὐτούς, παρήγγειλαν αὐτοῖς τὸ καθόλου μὴ φθέγγεσθαι μηδὲ διδάσκειν ἐπὶ τῷ ὀνόματι τοῦ Ἰησοῦ.
19 ၁၉ သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-
Ὁ δὲ Πέτρος καὶ Ἰωάννης ἀποκριθέντες πρὸς αὐτοὺς εἶπον, Εἰ δίκαιόν ἐστιν ἐνώπιον τοῦ Θεοῦ ὑμῶν ἀκούειν μᾶλλον ἢ τοῦ Θεοῦ, κρίνατε.
20 ၂၀ ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-
Οὐ δυνάμεθα γὰρ ἡμεῖς, ἃ εἴδομεν καὶ ἠκούσαμεν, μὴ λαλεῖν.
21 ၂၁ ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-
Οἱ δὲ προσαπειλησάμενοι ἀπέλυσαν αὐτούς, μηδὲν εὑρίσκοντες τὸ πῶς κολάσωνται αὐτούς, διὰ τὸν λαόν, ὅτι πάντες ἐδόξαζον τὸν Θεὸν ἐπὶ τῷ γεγονότι.
22 ၂၂ အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။
Ἐτῶν γὰρ ἦν πλειόνων τεσσαράκοντα ὁ ἄνθρωπος ἐφ᾿ ὃν ἐγεγόνει τὸ σημεῖον τοῦτο τῆς ἰάσεως.
23 ၂၃ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-
Ἀπολυθέντες δὲ ἦλθον πρὸς τοὺς ἰδίους, καὶ ἀπήγγειλαν ὅσα πρὸς αὐτοὺς οἱ ἀρχιερεῖς καὶ οἱ πρεσβύτεροι εἶπον.
24 ၂၄ ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-
Οἱ δὲ ἀκούσαντες ὁμοθυμαδὸν ἦραν φωνὴν πρὸς τὸν Θεόν, καὶ εἶπον, Δέσποτα, σὺ ὁ Θεὸς ὁ ποιήσας τὸν οὐρανὸν καὶ τὴν γῆν καὶ τὴν θάλασσαν καὶ πάντα τὰ ἐν αὐτοῖς·
25 ၂၅ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
ὁ διὰ στόματος Δαβὶδ τοῦ παιδός σου εἰπών, Ἵνα τί ἐφρύαξαν ἔθνη, καὶ λαοὶ ἐμελέτησαν κενά;
26 ၂၆ လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏' ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။
Παρέστησαν οἱ βασιλεῖς τῆς γῆς, καὶ οἱ ἄρχοντες συνήχθησαν ἐπὶ τὸ αὐτὸ κατὰ τοῦ Κυρίου, καὶ κατὰ τοῦ Χριστοῦ αὐτοῦ·
27 ၂၇ ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-
συνήχθησαν γὰρ ἐπ᾿ ἀληθείας ἐπὶ τὸν ἅγιον παῖδά σου Ἰησοῦν, ὃν ἔχρισας, Ἡρῴδης τε καὶ Πόντιος Πιλάτος, σὺν ἔθνεσι καὶ λαοῖς Ἰσραήλ,
28 ၂၈ ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-
ποιῆσαι ὅσα ἡ χείρ σου καὶ ἡ βουλή σου προώρισε γενέσθαι.
29 ၂၉ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။-
Καὶ τὰ νῦν, Κύριε, ἔπιδε ἐπὶ τὰς ἀπειλὰς αὐτῶν, καὶ δὸς τοῖς δούλοις σου μετὰ παρρησίας πάσης λαλεῖν τὸν λόγον σου,
30 ၃၀ လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''
ἐν τῷ τὴν χεῖρά σου ἐκτείνειν σε εἰς ἴασιν, καὶ σημεῖα καὶ τέρατα γίνεσθαι διὰ τοῦ ὀνόματος τοῦ ἁγίου παιδός σου Ἰησοῦ.
31 ၃၁ ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။
Καὶ δεηθέντων αὐτῶν ἐσαλεύθη ὁ τόπος ἐν ᾧ ἦσαν συνηγμένοι, καὶ ἐπλήσθησαν ἅπαντες πνεύματος ἁγίου, καὶ ἐλάλουν τὸν λόγον τοῦ Θεοῦ μετὰ παρρησίας.
32 ၃၂ ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။-
Τοῦ δὲ πλήθους τῶν πιστευσάντων ἦν ἡ καρδία καὶ ἡ ψυχὴ μία· καὶ οὐδ᾿ εἷς τι τῶν ὑπαρχόντων αὐτῷ ἔλεγεν ἴδιον εἶναι, ἀλλ᾿ ἦν αὐτοῖς ἅπαντα κοινά.
33 ၃၃ တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။-
Καὶ μεγάλῃ δυνάμει ἀπεδίδουν τὸ μαρτύριον οἱ ἀπόστολοι τῆς ἀναστάσεως τοῦ Κυρίου Ἰησοῦ, χάρις τε μεγάλη ἦν ἐπὶ πάντας αὐτούς.
34 ၃၄ လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။
Οὐδὲ γὰρ ἐνδεής τις ὑπῆρχεν ἐν αὐτοῖς· ὅσοι γὰρ κτήτορες χωρίων ἢ οἰκιῶν ὑπῆρχον, πωλοῦντες ἔφερον τὰς τιμὰς τῶν πιπρασκομένων,
35 ၃၅
καὶ ἐτίθουν παρὰ τοὺς πόδας τῶν ἀποστόλων· διεδίδοτο δὲ ἑκάστῳ καθότι ἄν τις χρείαν εἶχεν.
36 ၃၆ ယော​သပ်​ဟု​နာ​မည်​တွင်​သော​လူ​တစ်​ယောက် ရှိ​၏။ သူ့​အား​တ​မန်​တော်​တို့​က​ဗာ​န​ဗ​ဟူ​၍ မှည့်​ခေါ်​ကြ​၏။ (ဗာ​န​ဗ​၏​အ​နက်​ကား​အား ပေး​ကူ​ညီ​သူ​ဟူ​၏။) သူ​သည်​ကု​ပ​ရု​ပြည် သား၊ လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​၏။-
Ἰωσῆς δέ, ὁ ἐπικληθεὶς Βαρνάβας ὑπὸ τῶν ἀποστόλων — ὅ ἐστι, μεθερμηνευόμενον, υἱὸς παρακλήσεως — Λευΐτης, Κύπριος τῷ γένει,
37 ၃၇ သူ​သည်​မိ​မိ​ပိုင်​သော​လယ်​ကို​ရောင်း​၍​ငွေ ကို​ယူ​လာ​ပြီး​လျှင် တ​မန်​တော်​တို့​အား ပေး​အပ်​လေ​သည်။
ὑπάρχοντος αὐτῷ ἀγροῦ, πωλήσας ἤνεγκε τὸ χρῆμα, καὶ ἔθηκε παρὰ τοὺς πόδας τῶν ἀποστόλων.

< တမန်တော်ဝတ္ထု 4 >