< ၄ ဓမ္မရာဇဝင် 17 >

1 ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-
בִּשְׁנַת֙ שְׁתֵּ֣ים עֶשְׂרֵ֔ה לְאָחָ֖ז מֶ֣לֶךְ יְהוּדָ֑ה מָ֠לַךְ הֹושֵׁ֨עַ בֶּן־אֵלָ֧ה בְשֹׁמְרֹ֛ון עַל־יִשְׂרָאֵ֖ל תֵּ֥שַׁע שָׁנִֽים׃
2 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-
וַיַּ֥עַשׂ הָרַ֖ע בְּעֵינֵ֣י יְהוָ֑ה רַ֗ק לֹ֚א כְּמַלְכֵ֣י יִשְׂרָאֵ֔ל אֲשֶׁ֥ר הָי֖וּ לְפָנָֽיו׃
3 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-
עָלָ֣יו עָלָ֔ה שַׁלְמַנְאֶ֖סֶר מֶ֣לֶךְ אַשּׁ֑וּר וַֽיְהִי־לֹ֤ו הֹושֵׁ֙עַ֙ עֶ֔בֶד וַיָּ֥שֶׁב לֹ֖ו מִנְחָֽה׃
4 သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။
וַיִּמְצָא֩ מֶֽלֶךְ־אַשּׁ֨וּר בְּהֹושֵׁ֜עַ קֶ֗שֶׁר אֲשֶׁ֨ר שָׁלַ֤ח מַלְאָכִים֙ אֶל־סֹ֣וא מֶֽלֶךְ־מִצְרַ֔יִם וְלֹא־הֶעֱלָ֥ה מִנְחָ֛ה לְמֶ֥לֶךְ אַשּׁ֖וּר כְּשָׁנָ֣ה בְשָׁנָ֑ה וַֽיַּעַצְרֵ֙הוּ֙ מֶ֣לֶךְ אַשּׁ֔וּר וַיַּאַסְרֵ֖הוּ בֵּ֥ית כֶּֽלֶא׃
5 ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-
וַיַּ֥עַל מֶֽלֶךְ־אַשּׁ֖וּר בְּכָל־הָאָ֑רֶץ וַיַּ֙עַל֙ שֹׁמְרֹ֔ון וַיָּ֥צַר עָלֶ֖יהָ שָׁלֹ֥שׁ שָׁנִֽים׃
6 ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။
בִּשְׁנַ֨ת הַתְּשִׁיעִ֜ית לְהֹושֵׁ֗עַ לָכַ֤ד מֶֽלֶךְ־אַשּׁוּר֙ אֶת־שֹׁ֣מְרֹ֔ון וַיֶּ֥גֶל אֶת־יִשְׂרָאֵ֖ל אַשּׁ֑וּרָה וַיֹּ֨שֶׁב אֹתָ֜ם בַּחְלַ֧ח וּבְחָבֹ֛ור נְהַ֥ר גֹּוזָ֖ן וְעָרֵ֥י מָדָֽי׃ פ
7 ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-
וַיְהִ֗י כִּֽי־חָטְא֤וּ בְנֵֽי־יִשְׂרָאֵל֙ לַיהוָ֣ה אֱלֹהֵיהֶ֔ם הַמַּעֲלֶ֤ה אֹתָם֙ מֵאֶ֣רֶץ מִצְרַ֔יִם מִתַּ֕חַת יַ֖ד פַּרְעֹ֣ה מֶֽלֶךְ־מִצְרָ֑יִם וַיִּֽירְא֖וּ אֱלֹהִ֥ים אֲחֵרִֽים׃
8 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-
וַיֵּֽלְכוּ֙ בְּחֻקֹּ֣ות הַגֹּויִ֔ם אֲשֶׁר֙ הֹורִ֣ישׁ יְהוָ֔ה מִפְּנֵ֖י בְּנֵ֣י יִשְׂרָאֵ֑ל וּמַלְכֵ֥י יִשְׂרָאֵ֖ל אֲשֶׁ֥ר עָשֽׂוּ׃
9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-
וַיְחַפְּא֣וּ בְנֵֽי־יִשְׂרָאֵ֗ל דְּבָרִים֙ אֲשֶׁ֣ר לֹא־כֵ֔ן עַל־יְהוָ֖ה אֱלֹהֵיהֶ֑ם וַיִּבְנ֨וּ לָהֶ֤ם בָּמֹות֙ בְּכָל־עָ֣רֵיהֶ֔ם מִמִּגְדַּ֥ל נֹוצְרִ֖ים עַד־עִ֥יר מִבְצָֽר׃
10 ၁၀ တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-
וַיַּצִּ֧בוּ לָהֶ֛ם מַצֵּבֹ֖ות וַאֲשֵׁרִ֑ים עַ֚ל כָּל־גִּבְעָ֣ה גְבֹהָ֔ה וְתַ֖חַת כָּל־עֵ֥ץ רַעֲנָֽן׃
11 ၁၁ ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
וַיְקַטְּרוּ־שָׁם֙ בְּכָל־בָּמֹ֔ות כַּגֹּויִ֕ם אֲשֶׁר־הֶגְלָ֥ה יְהוָ֖ה מִפְּנֵיהֶ֑ם וַֽיַּעֲשׂוּ֙ דְּבָרִ֣ים רָעִ֔ים לְהַכְעִ֖יס אֶת־יְהוָֽה׃
12 ၁၂ ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။
וַיַּֽעַבְד֖וּ הַגִּלֻּלִ֑ים אֲשֶׁ֨ר אָמַ֤ר יְהוָה֙ לָהֶ֔ם לֹ֥א תַעֲשׂ֖וּ אֶת־הַדָּבָ֥ר הַזֶּֽה׃
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
וַיָּ֣עַד יְהוָ֡ה בְּיִשְׂרָאֵ֣ל וּבִיהוּדָ֡ה בְּיַד֩ כָּל־נְבִיאֹו (נְבִיאֵ֨י) כָל־חֹזֶ֜ה לֵאמֹ֗ר שֻׁ֝֩בוּ מִדַּרְכֵיכֶ֤ם הָֽרָעִים֙ וְשִׁמְרוּ֙ מִצְוֹתַ֣י חֻקֹּותַ֔י כְּכָ֨ל־הַתֹּורָ֔ה אֲשֶׁ֥ר צִוִּ֖יתִי אֶת־אֲבֹֽתֵיכֶ֑ם וֽ͏ַאֲשֶׁר֙ שָׁלַ֣חְתִּי אֲלֵיכֶ֔ם בְּיַ֖ד עֲבָדַ֥י הַנְּבִיאִֽים׃
14 ၁၄ သို့​ရာ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ကြ၊ မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ယုံ​ကြည် ကိုး​စား​မှု​မ​ပြု​သူ​ဘိုး​ဘေး​တို့​ကဲ့​သို့ ခေါင်း​မာ​လျက်​နေ​ကြ​၏။-
וְלֹ֖א שָׁמֵ֑עוּ וַיַּקְשׁ֤וּ אֶת־עָרְפָּם֙ כְּעֹ֣רֶף אֲבֹותָ֔ם אֲשֶׁר֙ לֹ֣א הֶאֱמִ֔ינוּ בַּֽיהוָ֖ה אֱלֹהֵיהֶֽם׃
15 ၁၅ သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-
וַיִּמְאֲס֣וּ אֶת־חֻקָּ֗יו וְאֶת־בְּרִיתֹו֙ אֲשֶׁ֣ר כָּרַ֣ת אֶת־אֲבֹותָ֔ם וְאֵת֙ עֵֽדְוֹתָ֔יו אֲשֶׁ֥ר הֵעִ֖יד בָּ֑ם וַיֵּ֨לְכוּ֜ אַחֲרֵ֤י הַהֶ֙בֶל֙ וַיֶּהְבָּ֔לוּ וְאַחֲרֵ֤י הַגֹּויִם֙ אֲשֶׁ֣ר סְבִֽיבֹתָ֔ם אֲשֶׁ֨ר צִוָּ֤ה יְהוָה֙ אֹתָ֔ם לְבִלְתִּ֖י עֲשֹׂ֥ות כָּהֶֽם׃
16 ၁၆ သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-
וַיַּעַזְב֗וּ אֶת־כָּל־מִצְוֹת֙ יְהוָ֣ה אֱלֹהֵיהֶ֔ם וַיַּעֲשׂ֥וּ לָהֶ֛ם מַסֵּכָ֖ה שְׁנֵים (שְׁנֵ֣י) עֲגָלִ֑ים וַיַּעֲשׂ֣וּ אֲשֵׁירָ֗ה וַיִּֽשְׁתַּחֲווּ֙ לְכָל־צְבָ֣א הַשָּׁמַ֔יִם וַיַּעַבְד֖וּ אֶת־הַבָּֽעַל׃
17 ၁၇ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ရုပ်​တု​တို့​အား​ပူ​ဇော် ကြ​၏။ နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ နှင့်​တိုင်​ပင်​ကာ​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မှား​ယွင်း​သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု လုပ်​သော​အား​ဖြင့်​ကိုယ်​တော်​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​ကြ​၏။-
וַֽ֠יַּעֲבִירוּ אֶת־בְּנֵיהֶ֤ם וְאֶת־בְּנֹֽותֵיהֶם֙ בָּאֵ֔שׁ וַיִּקְסְמ֥וּ קְסָמִ֖ים וַיְנַחֵ֑שׁוּ וַיִּֽתְמַכְּר֗וּ לַעֲשֹׂ֥ות הָרַ֛ע בְּעֵינֵ֥י יְהוָ֖ה לְהַכְעִיסֹֽו׃
18 ၁၈ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။
וַיִּתְאַנַּ֨ף יְהוָ֤ה מְאֹד֙ בְּיִשְׂרָאֵ֔ל וַיְסִרֵ֖ם מֵעַ֣ל פָּנָ֑יו לֹ֣א נִשְׁאַ֔ר רַ֛ק שֵׁ֥בֶט יְהוּדָ֖ה לְבַדֹּֽו׃
19 ၁၉ သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-
גַּם־יְהוּדָ֕ה לֹ֣א שָׁמַ֔ר אֶת־מִצְוֹ֖ת יְהוָ֣ה אֱלֹהֵיהֶ֑ם וַיֵּ֣לְכ֔וּ בְּחֻקֹּ֥ות יִשְׂרָאֵ֖ל אֲשֶׁ֥ר עָשֽׂוּ׃
20 ၂၀ ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။
וַיִּמְאַ֨ס יְהוָ֜ה בְּכָל־זֶ֤רַע יִשְׂרָאֵל֙ וַיְעַנֵּ֔ם וַֽיִּתְּנֵ֖ם בְּיַד־שֹׁסִ֑ים עַ֛ד אֲשֶׁ֥ר הִשְׁלִיכָ֖ם מִפָּנָֽיו׃
21 ၂၁ ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-
כִּֽי־קָרַ֣ע יִשְׂרָאֵ֗ל מֵעַל֙ בֵּ֣ית דָּוִ֔ד וַיַּמְלִ֖יכוּ אֶת־יָרָבְעָ֣ם בֶּן־נְבָ֑ט וַיַּדֵּא (וַיַּדַּ֨ח) יָרָבְעָ֤ם אֶת־יִשְׂרָאֵל֙ מֵאַחֲרֵ֣י יְהוָ֔ה וְהֶחֱטֵיאָ֖ם חֲטָאָ֥ה גְדֹולָֽה׃
22 ၂၂ သူ​တို့​သည်​ယေ​ရော​ဗောင်​၏​အ​တု​ကို​ယူ​၍ သူ​ပြု​သ​မျှ​အ​ပြစ်​ကို​ပြု​ကြ​၏။-
וַיֵּֽלְכוּ֙ בְּנֵ֣י יִשְׂרָאֵ֔ל בְּכָל־חַטֹּ֥אות יָרָבְעָ֖ם אֲשֶׁ֣ר עָשָׂ֑ה לֹא־סָ֖רוּ מִמֶּֽנָּה׃
23 ၂၃ ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။
עַ֠ד אֲשֶׁר־הֵסִ֨יר יְהוָ֤ה אֶת־יִשְׂרָאֵל֙ מֵעַ֣ל פָּנָ֔יו כַּאֲשֶׁ֣ר דִּבֶּ֔ר בְּיַ֖ד כָּל־עֲבָדָ֣יו הַנְּבִיאִ֑ים וַיִּ֨גֶל יִשְׂרָאֵ֜ל מֵעַ֤ל אַדְמָתֹו֙ אַשּׁ֔וּרָה עַ֖ד הַיֹּ֥ום הַזֶּֽה׃ פ
24 ၂၄ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​ဗာ​ဗု​လုန်​မြို့၊ ကု​သ​မြို့၊ အာ​ဝ​မြို့၊ ဟာ​မတ်​မြို့​နှင့်​သေ​ဖ​ရ ဝိမ်​မြို့​တို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​၍ ပြည်​နှင် ဒဏ်​သင့်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ ထိုင်​ခဲ့​သော​မြို့​ရွာ​များ​တွင်​နေ​ထိုင်​စေ​လေ သည်။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​မြို့​ရွာ​များ ကို အ​ပိုင်​ရ​လျက်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။-
וַיָּבֵ֣א מֶֽלֶךְ־אַשּׁ֡וּר מִבָּבֶ֡ל וּ֠מִ֠כּוּתָה וּמֵעַוָּ֤א וּמֵֽחֲמָת֙ וּסְפַרְוַ֔יִם וַיֹּ֙שֶׁב֙ בְּעָרֵ֣י שֹֽׁמְרֹ֔ון תַּ֖חַת בְּנֵ֣י יִשְׂרָאֵ֑ל וַיִּֽרְשׁוּ֙ אֶת־שֹׁ֣מְרֹ֔ון וַיֵּֽשְׁב֖וּ בְּעָרֶֽיהָ׃
25 ၂၅ ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-
וַיְהִ֗י בִּתְחִלַּת֙ שִׁבְתָּ֣ם שָׁ֔ם לֹ֥א יָרְא֖וּ אֶת־יְהוָ֑ה וַיְשַׁלַּ֨ח יְהוָ֤ה בָּהֶם֙ אֶת־הָ֣אֲרָיֹ֔ות וַיִּֽהְי֥וּ הֹרְגִ֖ים בָּהֶֽם׃
26 ၂၆ ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-
וַיֹּאמְר֗וּ לְמֶ֣לֶךְ אַשּׁוּר֮ לֵאמֹר֒ הַגֹּויִ֗ם אֲשֶׁ֤ר הִגְלִ֙יתָ֙ וַתֹּ֙ושֶׁב֙ בְּעָרֵ֣י שֹׁמְרֹ֔ון לֹ֣א יָֽדְע֔וּ אֶת־מִשְׁפַּ֖ט אֱלֹהֵ֣י הָאָ֑רֶץ וַיְשַׁלַּח־בָּ֣ם אֶת־הָאֲרָיֹ֗ות וְהִנָּם֙ מְמִיתִ֣ים אֹותָ֔ם כַּאֲשֶׁר֙ אֵינָ֣ם יֹדְעִ֔ים אֶת־מִשְׁפַּ֖ט אֱלֹהֵ֥י הָאָֽרֶץ׃
27 ၂၇ မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-
וַיְצַ֨ו מֶֽלֶךְ־אַשּׁ֜וּר לֵאמֹ֗ר הֹלִ֤יכוּ שָׁ֙מָּה֙ אֶחָ֤ד מֵהַכֹּֽהֲנִים֙ אֲשֶׁ֣ר הִגְלִיתֶ֣ם מִשָּׁ֔ם וְיֵלְכ֖וּ וְיֵ֣שְׁבוּ שָׁ֑ם וְיֹרֵ֕ם אֶת־מִשְׁפַּ֖ט אֱלֹהֵ֥י הָאָֽרֶץ׃
28 ၂၈ သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။
וַיָּבֹ֞א אֶחָ֣ד מֵהַכֹּהֲנִ֗ים אֲשֶׁ֤ר הִגְלוּ֙ מִשֹּׁ֣מְרֹ֔ון וַיֵּ֖שֶׁב בְּבֵֽית־אֵ֑ל וַֽיְהִי֙ מֹורֶ֣ה אֹתָ֔ם אֵ֖יךְ יִֽירְא֥וּ אֶת־יְהוָֽה׃
29 ၂၉ သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-
וַיִּהְי֣וּ עֹשִׂ֔ים גֹּ֥וי גֹּ֖וי אֱלֹהָ֑יו וַיַּנִּ֣יחוּ ׀ בְּבֵ֣ית הַבָּמֹ֗ות אֲשֶׁ֤ר עָשׂוּ֙ הַשֹּׁ֣מְרֹנִ֔ים גֹּ֥וי גֹּוי֙ בְּעָ֣רֵיהֶ֔ם אֲשֶׁ֛ר הֵ֥ם יֹשְׁבִ֖ים שָֽׁם׃
30 ၃၀ ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-
וְאַנְשֵׁ֣י בָבֶ֗ל עָשׂוּ֙ אֶת־סֻכֹּ֣ות בְּנֹ֔ות וְאַנְשֵׁי־כ֔וּת עָשׂ֖וּ אֶת־נֵֽרְגַ֑ל וְאַנְשֵׁ֥י חֲמָ֖ת עָשׂ֥וּ אֶת־אֲשִׁימָֽא׃
31 ၃၁ အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-
וְהָעַוִּ֛ים עָשׂ֥וּ נִבְחַ֖ז וְאֶת־תַּרְתָּ֑ק וְהַסְפַרְוִ֗ים שֹׂרְפִ֤ים אֶת־בְּנֵיהֶם֙ בָּאֵ֔שׁ לְאַדְרַמֶּ֥לֶךְ וַֽעֲנַמֶּ֖לֶךְ אֱלֹהַּ (אֱלֹהֵ֥י) סְפַרִים (סְפַרְוָֽיִם)׃
32 ၃၂ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-
וַיִּהְי֥וּ יְרֵאִ֖ים אֶת־יְהוָ֑ה וַיַּעֲשׂ֨וּ לָהֶ֤ם מִקְצֹותָם֙ כֹּהֲנֵ֣י בָמֹ֔ות וַיִּהְי֛וּ עֹשִׂ֥ים לָהֶ֖ם בְּבֵ֥ית הַבָּמֹֽות׃
33 ၃၃ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။
אֶת־יְהוָ֖ה הָי֣וּ יְרֵאִ֑ים וְאֶת־אֱלֹֽהֵיהֶם֙ הָי֣וּ עֹֽבְדִ֔ים כְּמִשְׁפַּט֙ הַגֹּויִ֔ם אֲשֶׁר־הִגְל֥וּ אֹתָ֖ם מִשָּֽׁם׃
34 ၃၄ သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-
עַ֣ד הַיֹּ֤ום הַזֶּה֙ הֵ֣ם עֹשִׂ֔ים כַּמִּשְׁפָּטִ֖ים הָרִֽאשֹׁנִ֑ים אֵינָ֤ם יְרֵאִים֙ אֶת־יְהוָ֔ה וְאֵינָ֣ם עֹשִׂ֗ים כְּחֻקֹּתָם֙ וּכְמִשְׁפָּטָ֔ם וְכַתֹּורָ֣ה וְכַמִּצְוָ֗ה אֲשֶׁ֨ר צִוָּ֤ה יְהוָה֙ אֶת־בְּנֵ֣י יַעֲקֹ֔ב אֲשֶׁר־שָׂ֥ם שְׁמֹ֖ו יִשְׂרָאֵֽל׃
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-
וַיִּכְרֹ֨ת יְהוָ֤ה אִתָּם֙ בְּרִ֔ית וַיְצַוֵּ֣ם לֵאמֹ֔ר לֹ֥א תִֽירְא֖וּ אֱלֹהִ֣ים אֲחֵרִ֑ים וְלֹא־תִשְׁתַּחֲו֣וּ לָהֶ֔ם וְלֹ֣א תַעַבְד֔וּם וְלֹ֥א תִזְבְּח֖וּ לָהֶֽם׃
36 ၃၆ သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-
כִּ֣י אִֽם־אֶת־יְהוָ֗ה אֲשֶׁר֩ הֶעֱלָ֨ה אֶתְכֶ֜ם מֵאֶ֧רֶץ מִצְרַ֛יִם בְּכֹ֧חַ גָּדֹ֛ול וּבִזְרֹ֥ועַ נְטוּיָ֖ה אֹתֹ֣ו תִירָ֑אוּ וְלֹ֥ו תִֽשְׁתַּחֲו֖וּ וְלֹ֥ו תִזְבָּֽחוּ׃
37 ၃၇ သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-
וְאֶת־הַחֻקִּ֨ים וְאֶת־הַמִּשְׁפָּטִ֜ים וְהַתֹּורָ֤ה וְהַמִּצְוָה֙ אֲשֶׁ֣ר כָּתַ֣ב לָכֶ֔ם תִּשְׁמְר֥וּן לַעֲשֹׂ֖ות כָּל־הַיָּמִ֑ים וְלֹ֥א תִֽירְא֖וּ אֱלֹהִ֥ים אֲחֵרִֽים׃
38 ၃၈ သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-
וְהַבְּרִ֛ית אֲשֶׁר־כָּרַ֥תִּי אִתְּכֶ֖ם לֹ֣א תִשְׁכָּ֑חוּ וְלֹ֥א תִֽירְא֖וּ אֱלֹהִ֥ים אֲחֵרִֽים׃
39 ၃၉ သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
כִּ֛י אִֽם־אֶת־יְהוָ֥ה אֱלֹהֵיכֶ֖ם תִּירָ֑אוּ וְהוּא֙ יַצִּ֣יל אֶתְכֶ֔ם מִיַּ֖ד כָּל־אֹיְבֵיכֶֽם׃
40 ၄၀ သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။
וְלֹ֖א שָׁמֵ֑עוּ כִּ֛י אִֽם־כְּמִשְׁפָּטָ֥ם הָֽרִאשֹׁ֖ון הֵ֥ם עֹשִֽׂים׃
41 ၄၁ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။
וַיִּהְי֣וּ ׀ הַגֹּויִ֣ם הָאֵ֗לֶּה יְרֵאִים֙ אֶת־יְהוָ֔ה וְאֶת־פְּסִֽילֵיהֶ֖ם הָי֣וּ עֹֽבְדִ֑ים גַּם־בְּנֵיהֶ֣ם ׀ וּבְנֵ֣י בְנֵיהֶ֗ם כַּאֲשֶׁ֨ר עָשׂ֤וּ אֲבֹתָם֙ הֵ֣ם עֹשִׂ֔ים עַ֖ד הַיֹּ֥ום הַזֶּֽה׃ פ

< ၄ ဓမ္မရာဇဝင် 17 >