< ၄ ဓမ္မရာဇဝင် 15 >
1 ၁ ဣသရေလဘုရင်ဒုတိယမြောက်ယေရောဗောင် မင်း၏ နန်းစံနှစ်ဆယ့်ခုနစ်နှစ်မြောက်၌အာမဇိ ၏သားသည်၊ အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်ငါးဆယ့်နှစ်နှစ်နန်းစံရ၏။ သူ ၏မယ်တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
В лето двадесять седмое Иеровоама царя Израилева воцарися Азариа сын Амессии царя Иудина:
сын шестинадесяти лет бе, егда нача царствовати, и пятьдесят два лета царствова во Иерусалиме. Имя же матере его Иехелиа от Иерусалима.
3 ၃ သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။-
И сотвори правое пред очима Господнима по всему, елика сотвори отец его Амессиа,
4 ၄ သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။-
обаче высоких не разори: еще людие жряху и кадяху на высоких.
5 ၅ ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။-
И коснуся Господь царя, и бысть прокажен до дне смерти своея: и царствова в дому апфусоф. И Иоафам сын царев бе над домом судя людем земли тоя.
6 ၆ သြဇိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
И прочая словес Азарии, и вся елика сотвори, не сия ли написана в книзе словес дний царей Иудиных?
7 ၇ သြဇိကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယောသံသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
И успе Азариа со отцы своими, и погребоша его со отцы его во граде Давидове. И воцарися Иоафам сын его вместо его.
8 ၈ ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။-
В лето тридесять осмое Азарии царя Иудина царствова Захариа сын Иеровоамль над Израилем в Самарии шесть месяц.
9 ၉ သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။-
И сотвори лукавое пред очима Господнима, якоже сотвориша отцы его, не отступи от всех грехов Иеровоама сына Наватова, иже в грех введе Израиля.
10 ၁၀ ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
И востаста нань Селлум сын Иависов и Кевлаам, и поразиста его, и умертвиста его: и воцарися Селлум вместо его.
11 ၁၁ ဇာခရိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
И прочая словес Захариевых, се, суть написана в книзе словес дний царей Израилевых.
12 ၁၂ သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။
Сие слово Господне, еже глагола ко Ииую, рекий: сынове четвертии сядут тебе и на престоле Израилеве. И бысть тако.
13 ၁၃ ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ကိုးနှစ် မြောက်၌ ယာဖက်၏သားရှလ္လုံသည်ဣသရေလ ပြည်ဘုရင်အဖြစ် နန်းတက်၍ရှမာရိမြို့၌ တစ်လမျှနန်းစံရ၏။
И Селлум сын Иависов воцарися во Израили: и в лето тридесять девятое Азарии царя Иудина, царствова Селлум месяц дний в Самарии.
14 ၁၄ ဂါဒိ၏သားမေနဟင်သည်တိရဇမြို့မှ ရှမာရိမြို့သို့သွား၍ရှလ္လုံကိုလုပ်ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။-
И взыде Манаим сын Гаддиин от Ферсилы, и прииде в Самарию, и уби Селлума сына Иависова в Самарии, и умертви его, и воцарися вместо его.
15 ၁၅ ဇာခရိမင်းအားလျှို့ဝှက်ကြံစည်မှုအပါ အဝင်ရှလ္လုံလုပ်ဆောင်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ဣသရေလရာဇဝင်တွင် ရေးထားသတည်း။-
И прочая словес Селлумовых, и совещание его, имже совещася, се, суть писана в книзе словес дний царей Израилевых.
16 ၁၆ မေနဟင်သည်တိရဇမြို့မှချီတက်လာစဉ် လမ်းခရီးတွင်တိဖသမြို့သားတို့သည် မိမိ အားအညံ့မခံကြသောကြောင့် ထိုမြို့နှင့် တကွပတ်ဝန်းကျင်နယ်မြေများကိုလုံးဝ ဖျက်ဆီးလေ၏။ သူသည်ကိုယ်ဝန်ဆောင်အမျိုး သမီးတို့၏ဝမ်းကိုပင်ခွဲ၍သတ်လေသည်။
Тогда порази Манаим и Ферсу, и вся, яже в ней, и пределы ея от Ферсы, понеже не отверзоша ему, и разби ю и всех, иже в ней, и имущих во чреве разсече.
17 ၁၇ ယုဒဘုရင်သြဇိ၏နန်းစံနှစ်ဆယ့်ကိုးနှစ် မြောက်၌ ဂါဒိ၏သားမေနဟင်သည် ဣသရေလ ပြည်ဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ ဆယ်နှစ်နန်းစံလေသည်။-
В лето тридесять девятое Азарии царя Иудина, царствова Манаим сын Гаддиин над Израилем десять лет в Самарии,
18 ၁၈ သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သည့်လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားကို ပြစ်မှား၏။ ယေရောဗောင်ကားသူ၏အသက်ရှင် သရွေ့ကာလပတ်လုံး ဣသရေလအမျိုးသား တို့အားအပြစ်ကူးလွန်ရန်ရှေ့ဆောင်လမ်း ပြခဲ့သူဖြစ်သတည်း။-
и сотвори лукавое пред очима Господнима, (во вся дни своя) не отступи от всех грехов Иеровоама сына Наватова, иже в грех введе Израиля.
19 ၁၉ အာရှုရိဧကရာဇ်ဘုရင်တိကလတ်ပိလေသာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်လာ၏။ ထိုအခါမေနဟင်သည်မိမိ၏ပြည်တွင် အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိကလတ်ပိလေသာ ၏အထောက်အကူကိုရရှိနိုင်ရန် သူ့အားငွေသုံး ဆယ့်ရှစ်တန်ဆက်သလေသည်။-
Во дни его взыде Фула царь Ассирийский на землю (Израилеву), и Манаим даде Фуле тысящу талант сребра, да будет рука его с ним, (еже укрепити царство в руку его).
20 ၂၀ ယင်းသို့ဆက်သနိုင်ရန်မေနဟင်သည် ဣသရေလ သူဌေးသူကြွယ်များထံမှတစ်ဦးလျှင် ငွေသား ငါးဆယ်စီကောက်ယူ၏။ သို့ဖြစ်၍တိဂလတ် ပိလေသာသည်မိမိ၏တိုင်းပြည်သို့ပြန်သွား လေ၏။
И возложи Манаим дань на Израиля, на всех сильных, дати царю Ассирийску пятьдесят сикль сребра мужу коемуждо: и возвратися царь Ассирийск, и не ста тамо в земли.
21 ၂၁ မေနဟင်လုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
И прочая словес Манаимовых, и вся елика сотвори, не се ли, сия написана в книзе словес дний царей Израилевых?
22 ၂၂ သူကွယ်လွန်သောအခါသူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ပေကဟိသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
И успе Манаим со отцы своими, и воцарися Факиа сын его вместо его.
23 ၂၃ ယုဒဘုရင်သြဇိ၏နန်းစံတစ်ဆယ့်ငါး နှစ်မြောက်၌ မေနဟင်၏သားပေကဟိသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌နှစ်နှစ်နန်းစံလေသည်။-
В лето пятьдесятое Азарии царя Иудина, царствова Факиа сын Манаимль над Израилем в Самарии лета два,
24 ၂၄ သူသည်နေဗတ်၏သားယေရောဗောင်၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်သတည်း။-
и сотвори лукавое пред очима Господнима, и отступи от грехов Иеровоама сына Наватова, иже в грех введе Израиля.
25 ၂၅ ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
И воста на него Факей сын Ромелиин, тристат его, и уби его в Самарии близ дому царева, со Арговом и со Арием, и с ним (бяху) пятьдесят мужей от Галаадитов, и умертви его, и воцарися вместо его.
26 ၂၆ ပေကဟိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ ရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
И прочая словес Факиевых, и вся елика сотвори се, суть, писана в книзе словес дний царей Израилевых.
27 ၂၇ ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
В лето пятьдесят второе Азарии царя Иудина, царствова Факей сын Ромелиин над Израилем в Самарии двадесять лет,
28 ၂၈ သူသည်နေဗတ်၏သားယေရောဗောင်မင်း၏ဆိုး ညစ်သောလမ်းစဉ်ကိုလိုက်၍ ထာဝရဘုရား အားပြစ်မှား၏။ ယေရောဗောင်ကားဣသရေလ အမျိုးသားတို့အား အပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူဖြစ်၏။
и сотвори лукавое пред очима Господнима, не отступи от всех грехов Иеровоама сына Наватова, иже в грех введе Израиля.
29 ၂၉ ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
Во дни Факеа царя Израилева прииде Фелгаффелласар царь Ассирийский, и взя Аин и Авелвефмааха, и Аоха и Кенезу, и Асора и Галаад и Галилею, всю землю Неффалимлю, и приведе я ко Ассирианом.
30 ၃၀ သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
И воста Осиа сын Илы на Факеа сына Ромелиина, и порази его, и умертви его, и воцарися вместо его в двадесятое лето Иоафама сына Азариина.
31 ၃၁ ပေကာလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ဣသရေလရာဇဝင်တွင်ရေးထား သတည်း။
И прочая словес Факеевых, и вся елика сотвори, се, сия написана в книзе словес дний царей Израилевых.
32 ၃၂ ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာ၏ နန်းစံနှစ်နှစ်မြောက်၌ သြဇိ၏သားယောသံ သည် အသက်နှစ်ဆယ့်ငါးနှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌တစ်ဆယ့်ခြောက်နှစ်စိုးစံလေ သည်။ သူ၏မယ်တော်မှာဇာဒုတ်၏သမီး ယေရုရှာဖြစ်၏။-
В лето второе Факеа сына Ромелиина царя Израилева воцарися Иоафам, сын Азарии царя Иудина:
сын двадесяти пяти лет бе, егда нача царствовати, и шестьнадесять лет царствова во Иерусалиме. Имя же матере его Иеруса дщи Садокова.
34 ၃၄ ယောသံသည်မိမိ၏ခမည်းတော်သြဇိမင်း ၏စံနမူနာကိုယူ၍ ထာဝရဘုရားနှစ် သက်တော်မူသောအမှုတို့ကိုပြု၏။-
И сотвори правое пред очима Господнима, по всему елика сотвори отец его Азариа,
35 ၃၅ သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကိုမူ ဖျက်ဆီးခြင်းမပြုသဖြင့် ပြည်သူတို့သည် ထို ဌာနများတွင်ဆက်လက်၍ယဇ်များကိုပူ ဇော်၍ နံ့သာပေါင်းကိုမီးရှို့ကြ၏။ ယောသံ သည်ဗိမာန်တော်မြောက်တံခါးကိုတည်ဆောက် ခဲ့သူဖြစ်ပေသည်။
обаче высоких не разори: еще людие жряху и кадяху на высоких. Той созда двери храму Господню вышния.
36 ၃၆ ယောသံလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာရှိ သမျှကို ယုဒရာဇဝင်တွင်ရေးထားသတည်း။-
И прочая словес Иоафамовых, и вся елика сотвори, не сия ли написана в книзе словес дний царей Иудиных?
37 ၃၇ ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။-
Во дни оны начат Господь посылати на Иуду Раассона царя Сирска и Факеа сына Ромелиина.
38 ၃၈ ယောသံကွယ်လွန်သောအခါ သူ့အားဒါဝိဒ် မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်အာခတ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
И успе Иоафам со отцы своими, и погребен бысть со отцы своими во граде Давида отца своего. И воцарися Ахаз сын его вместо его.