< ၄ ဓမ္မရာဇဝင် 15 >

1 ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင် မင်း​၏ နန်း​စံ​နှစ်​ဆယ့်​ခု​နစ်​နှစ်​မြောက်​၌​အာ​မ​ဇိ ၏​သား​သည်၊ အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​၏။ သူ ၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-
ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင်၊
2
ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ၏။
3 သြ​ဇိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း​စဉ်​ကို လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။-
ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
4 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် လူ​တို့​သည်​ထို ဌာ​န​များ​တွင် ဆက်​လက်​၍​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။-
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။
5 ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-
ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။ သားတော် ယောသံသည် နန်းတော် ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။
6 သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
7 သြ​ဇိ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​သံ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
8 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-
ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကိုစိုးစံ၏။
9 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​များ​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ နေ​ဗတ်​၏​သား​ယေရော ဗောင်​၏​ဆိုး​ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၏။-
ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
10 ၁၀ ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​လျှို့​ဝှက်​ကြံ​စည် ကာ ဇာ​ခ​ရိ​မင်း​အား​ဣ​ဗိ​လံ​မြို့​တွင်​လုပ်​ကြံ ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
၁၀ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက်၌ သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏ အရာ၌ နန်းထိုင်၏။
11 ၁၁ ဇာ​ခ​ရိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
၁၁ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
12 ၁၂ သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။
၁၂ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း။
13 ၁၃ ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ် မြောက်​၌ ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​ဣ​သ​ရေ​လ ပြည်​ဘုရင်​အ​ဖြစ် နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ တစ်​လ​မျှ​နန်း​စံ​ရ​၏။
၁၃ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။
14 ၁၄ ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား​၍​ရှလ္လုံ​ကို​လုပ်​ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။-
၁၄ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား၍၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
15 ၁၅ ဇာ​ခ​ရိ​မင်း​အား​လျှို့​ဝှက်​ကြံ​စည်​မှု​အ​ပါ အ​ဝင်​ရှလ္လုံ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင် ရေး​ထား​သ​တည်း။-
၁၅ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။
16 ၁၆ မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ​ချီ​တက်​လာ​စဉ် လမ်း​ခ​ရီး​တွင်​တိ​ဖ​သ​မြို့​သား​တို့​သည် မိ​မိ အား​အ​ညံ့​မ​ခံ​ကြ​သော​ကြောင့် ထို​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​နယ်​မြေ​များ​ကို​လုံး​ဝ ဖျက်​ဆီး​လေ​၏။ သူ​သည်​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​တို့​၏​ဝမ်း​ကို​ပင်​ခွဲ​၍​သတ်​လေ​သည်။
၁၆ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။
17 ၁၇ ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​နှစ်​ဆယ့်​ကိုး​နှစ် မြောက်​၌ ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည် ဣ​သ​ရေ​လ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ ဆယ်​နှစ်​နန်း​စံ​လေ​သည်။-
၁၇ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။
18 ၁၈ သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သည့်​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​သူ​၏​အ​သက်​ရှင် သ​ရွေ့​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့​ဆောင်​လမ်း ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
၁၈ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
19 ၁၉ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-
၁၉အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်း ကို ဆက်ရ၏။
20 ၂၀ ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။
၂၀အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့၊ မေနဟင် သည် ဣသရေလ အမျိုး၌ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။
21 ၂၁ မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
၂၁မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
22 ၂၂ သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​ပေ​က​ဟိ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
၂၂မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကတိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
23 ၂၃ ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​တစ်​ဆယ့်​ငါး နှစ်​မြောက်​၌ မေ​န​ဟင်​၏​သား​ပေ​က​ဟိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
၂၃ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကတိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။
24 ၂၄ သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
၂၄ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။
25 ၂၅ ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
၂၅အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။
26 ၂၆ ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
၂၆ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27 ၂၇ ယု​ဒ​ဘု​ရင်​သြဇိ​၏​နန်း​စံ​ငါး​ဆယ့်​နှစ်​နှစ် မြောက်​၌ ရေ​မ​လိ​၏​သား​ပေ​ကာ​သည် ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ အ​နှစ်​နှစ်​ဆယ်​နန်း​စံ​လေ​သည်။-
၂၇ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။
28 ၂၈ သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​၏။
၂၈ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ၏။
29 ၂၉ ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။
၂၉ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။
30 ၃၀ သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-
၃၀ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင်၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင် ၏။
31 ၃၁ ပေ​ကာ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
၃၁ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
32 ၃၂ ရေ​မ​လိ​၏​သား၊ ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ​၏ နန်း​စံ​နှစ်​နှစ်​မြောက်​၌ သြ​ဇိ​၏​သား​ယော​သံ သည် အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ဒုတ်​၏​သ​မီး ယေ​ရု​ရှာ​ဖြစ်​၏။-
၃၂ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊
33 ၃၃
၃၃ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။
34 ၃၄ ယော​သံ​သည်​မိ​မိ​၏​ခ​မည်း​တော်​သြ​ဇိ​မင်း ၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​သော​အ​မှု​တို့​ကို​ပြု​၏။-
၃၄ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို ပြု၏။
35 ၃၅ သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ထို ဌာ​န​များ​တွင်​ဆက်​လက်​၍​ယဇ်​များ​ကို​ပူ ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။ ယော​သံ သည်​ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​တည်​ဆောက် ခဲ့​သူ​ဖြစ်​ပေ​သည်။
၃၅သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍၊ နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ၏။
36 ၃၆ ယော​သံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
၃၆ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊
37 ၃၇ ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​အား ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​ကြ​ရန် ထာ​ဝရ ဘု​ရား​စေ​လွှတ်​တော်​မူ​သည်​မှာ​ယော​သံ​၏ လက်​ထက်​၌​ဖြစ်​၏။-
၃၇ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ၏။
38 ၃၈ ယော​သံ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
၃၈ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင် ၏။

< ၄ ဓမ္မရာဇဝင် 15 >